2 ဤသို့မိန့်တော်မူ၏။ ``ဗိမာန်တော်တံတိုင်း အတွင်း၌ရပ်ပြီးလျှင် ထိုအရပ်သို့ယုဒ မြို့များမှထာဝရဘုရား၏အိမ်တော်တွင် ဝတ်ပြုကိုးကွယ်ရန်လာရောက်ကြသောလူတို့ အား ငါမိန့်မှာသမျှသောစကားတို့ကိုပြော ကြားလော့။ တစ်ခွန်းတစ်လေကိုမျှချန်မ ထားနှင့်။-
3 လူတို့သည်နားထောင်၍မိမိတို့၏အကျင့် ဆိုးများကိုစွန့်ပစ်ကောင်းစွန့်ပစ်ကြလိမ့်မည်။ အကယ်၍သူတို့သည်ဤသို့စွန့်ပစ်ကြပါ မူငါသည်သူတို့၏ယုတ်မာမှုများအတွက် သုတ်သင်ဖျက်ဆီးရန်အကြံအစည်တော် နှင့်ပတ်သက်၍စိတ်တော်ပြောင်းလဲတော်မူ မည်'' ဟုမိန့်တော်မူ၏။
4 ထာဝရဘုရားသည်လူတို့အားဆင့်ဆိုရန် ငါ့အားမိန့်တော်မူသည်မှာ``ထာဝရဘုရား ကသင်တို့သည်ငါပေးအပ်ခဲ့သည့်သြဝါဒ များကိုလိုက်နာကျင့်သုံးကာငါ၏စကား ကိုနားထောင်ရကြမည်။-
5 သင်တို့ထံသို့ထပ်ကာထပ်ကာငါစေလွှတ် သည့် ငါ၏အစေခံပရောဖက်တို့၏စကား ကိုပမာဏပြုရကြမည်။ သင်တို့သည်သူ တို့၏စကားကိုအဘယ်အခါ၌မျှနား မထောင်ခဲ့ကြ။-
6 သင်တို့သည်ယခုငါပြောသည့်အတိုင်းမပြု ဘဲနေခဲ့ပါမူ ငါသည်ဤမြို့ကိုရှိလောရွာကဲ့ သို့ဖြစ်စေမည်။ ကမ္ဘာပေါ်ရှိလူမျိုးတကာတို့ သည်လည်း ဤမြို့၏အမည်နာမကိုကျိန်ဆဲ ရာတွင်အသုံးပြုကြလိမ့်မည်ဟုပြောကြား လော့'' ဟူ၍ဖြစ်၏။
7 ယဇ်ပုရောဟိတ်များ၊ ပရောဖက်များနှင့်ပြည် သူအပေါင်းတို့သည် ဗိမာန်တော်ထဲ၌ငါဆင့် ဆိုဟောပြောသည့်ထိုစကားတို့ကိုကြား ကြ၏။-
8 မိမိအားထာဝရဘုရားမိန့်မှာတော်မူသမျှ ကိုငါပြန်ကြားပြောဆိုပြီးသည်နှင့်တစ်ပြိုင် နက်သူ၏ပုရောဟိတ်များ၊ ပရောဖက်များ နှင့်ပြည်သူတို့သည်ငါ့အားဆွဲကိုင်ဖမ်းဆီး ကာ``သင်သည်ဤစကားတို့ကိုပြောဆိုသည့် အတွက်သေဒဏ်ခံထိုက်၏။-