12 ထာဝရဘုရားသည်မိမိ၏လူမျိုးတော်အား``သင်တို့၏အနာများသည်ကျက်နိုင် တော့မည်မဟုတ်။သင်တို့၏ဝေဒနာများသည်ကုသ၍ မပျောက်နိုင်တော့ပေ။
13 သင်တို့အားကာကွယ်စောင့်ရှောက်မည့်သူ တစ်စုံတစ်ယောက်မျှမရှိ။သင်တို့အနာများအတွက်လည်းဆေး တစ်စုံတစ်ရာမျှမရှိသဖြင့်သင်တို့သည်မိမိတို့အနာရောဂါပျောက် ကင်းမှုအတွက် မျှော်လင့်ရာမဲ့ချေပြီ။
14 သင်တို့၏ချစ်ခင်သူများသည်သင်တို့အား မေ့ပျောက်၍ သွားကြလေကုန်ပြီ။သူတို့သည်ဂရုမစိုက်ကြတော့ပေ။သင်တို့အပြစ်သည်များပြားလှ၍သင်တို့ ဒုစရိုက်သည် ကြီးမားလှသဖြင့်ငါသည်ရန်သူသဖွယ်သင်တို့အားဒဏ်ရာရ စေခဲ့၏။သင်တို့ခံရသည့်အပြစ်ဒဏ်သည်ပြင်းထန်၏။
15 သင်တို့သည်မိမိတို့၏မပျောက်ကင်းနိုင်သည့်ဝေဒနာများအကြောင်းကိုမညည်းညူကြ နှင့်တော့။သင်တို့၏အပြစ်သည်များပြားလှ၍သင်တို့ ဒုစရိုက်သည်ကြီးမားလှသဖြင့်၊ငါသည်သင်တို့အားဤသို့အပြစ်ဒဏ် ခတ်ရခြင်းဖြစ်၏။
16 ယခုမှာမူသင်တို့အားဝါးမျိုသူအပေါင်း တို့သည် ဝါးမျိုခြင်းကိုခံရ၍သင်တို့၏ရန်သူအပေါင်းသည်ဖမ်းဆီး ခေါ်ဆောင်ခြင်းကိုခံရကြလိမ့်မည်။သင်တို့အားနှိပ်စက်ညှဉ်းပန်းသူအပေါင်းသည် နှိပ်စက်ညှဉ်းပန်းခြင်းကိုခံရ၍၊သင်တို့အားတိုက်ခိုက်လုယက်သူအပေါင်းသည် တိုက်ခိုက်လုယက်ခြင်းကိုခံရကြလိမ့်မည်။
17 သင်တို့၏ရန်သူများက`ဇိအုန်မြို့သည် အပယ်ခံဖြစ်လေပြီ။ထိုမြို့ကိုအဘယ်သူမျှဂရုမစိုက်ကြတော့' ဟုဆိုသော်လည်းငါသည်သင်တို့အားတစ်ဖန်ပြန်၍ကျန်းမာ လာစေမည်။သင်တို့၏အနာများကိုကျက်စေမည်။ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
18 ထာဝရဘုရားက၊``ငါသည်ယာကုပ်အမျိုး၏တဲကိုပြန်လည် ကြွယ်ဝစေမည်။ ပြန်လည်ပို့ဆောင်မည်။သူတို့၏အိမ်ထောင်စုမှန်သမျှကိုကရုဏာ ထားမည်။ယေရုရှလင်မြို့ကိုပြန်လည်ထူထောင်၍နန်းတော်ကိုလည်းပြန်လည်တည်ဆောက် ရကြလိမ့်မည်။