ယေ​ရ​မိ 31:15-21 BCL

15 ထာ​ဝ​ရ​ဘု​ရား​က၊``ရာ​မ​အ​ရပ်​၌​အ​သံ​တစ်​ခု​ကို​ကြား​ရ​၏။ထို​အ​သံ​သည်​ဝမ်း​နည်း​ပက်​လက် ငို​ကြွေး​သည့်​အ​သံ​ဖြစ်​၏။ရာ​ခေ​လ​သည်​မိ​မိ​၏​သား​သ​မီး​များ​အ​တွက် ငို​ကြွေး​လျက်​နေ​လေ​သည်။သူ​တို့​အား​လုံး​ပင်​မ​ရှိ​တော့​ပြီ​ဖြစ်​၍ သူ​သည်​နှစ်​သိမ့်​မှု​ကို​မ​ခံ​လို'' ဟု​မိန့်​ဆို​၏။

16 ``သင်​သည်​ငို​ကြွေး​မှု​ကို​ရပ်​စဲ​၍ မိ​မိ​မျက်​ရည်​များ​ကို​သုတ်​လော့။သား​သ​မီး​များ​အ​တွက်​သင်​ပြု​ခဲ့​သည့်​အ​မှု အ​ပေါင်း​သည်​အ​ချည်း​နှီး​ဖြစ်​ရ​လိမ့်​မည် မ​ဟုတ်။ထို​သူ​တို့​သည်​ရန်​သူ့​ပြည်​မှ​ပြန်​လာ​ကြ​လိမ့် မည်'' ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​ဆို​၏။

17 အ​နာ​ဂတ်​ကာ​လ​အ​တွက်​သင့်​မှာ​မျှော်​လင့် စ​ရာ​ရှိ​၏။သင်​၏​သား​သ​မီး​များ​သည်​အိမ်​သို့​ပြန်​လာ ကြ​လိမ့်​မည်။ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏။

18 ``ဣ​သ​ရေ​လ​ပြည်​သား​တို့​သည်​ဝမ်း​နည်း​ကြေ ကွဲ​လျက် လျှောက်​ထား​သည်​ကို​ငါ​ကြား​၏။`အို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​တို့​သည် ရိုင်း​သော​နွား​သူ​ငယ်​နှင့်​တူ​ပါ​၏။သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး တို့​အားစ​ကား​တော်​ကို​နား​ထောင်​ရန်​သွန်​သင်​တော်​မူ ပါ​၏။ကျွန်​တော်​မျိုး​တို့​အား​ပြန်​လည်​ပို့​ဆောင်​တော်​မူ​ပါ။အ​ထံ​တော်​သို့​ကျွန်​တော်​မျိုး​တို့​ပြန်​လာ​ရန် အ​သင့်​ရှိ​ပါ​၏။ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။

19 ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​၏​ထံ​တော်​မှ ထွက်​ခွာ​ခဲ့​ကြ​သော်​လည်း၊မ​ကြာ​မီ​အ​ခါ​၌​ပင်​အ​ထံ​တော်​သို့​ပြန်​လာ​ရန် နောင်​တ​ရ​ပါ​၏။ကိုယ်​တော်​ရှင်​ဆုံး​မ​တော်​မူ​ခြင်း​ကို​နား​လည်​ပြီး နောက်ကျွန်​တော်​မျိုး​တို့​သည်​ရင်​ကို​ထု​လျက် ဝမ်း​နည်း​ကြေ​ကွဲ​လျက်​နေ​ကြ​ပါ​၏။ကျွန်​တော်​မျိုး​တို့​သည်​ငယ်​စဉ်​အ​ခါ​က အ​ပြစ်​ပြု​ခဲ့​ကြ​သော​ကြောင့်အ​ရှက်​ရ​၍​အ​သ​ရေ​ပျက်​ရ​ကြ​ပါ​၏။'

20 ``အို ဣ​သ​ရေ​လ၊သင်​သည်​ငါ​၏​အ​ချစ်​ဆုံး​သား၊ ငါ​၏​အ​မြတ်​နိုး​ဆုံး​သား​ဖြစ်​၏။ငါ​သည်​သင်​၏​နာ​မည်​ကို​ထုတ်​ဖော်​၍ပြော​ဆို​ရ​သည့်​အ​ခါ​တိုင်း​သင့်​အား​လွမ်း​ဆွတ် သ​တိ​ရ​လျက်​နေ​၏။ငါ​သည်​သင့်​အား​ချစ်​ခင်​စွဲ​လန်း​သည်​ဖြစ်​၍ က​ရု​ဏာ​ထား​မည်။

21 မှတ်​တိုင်​များ​ကို​စိုက်​ထူ​၍​လမ်း​ကို​မှတ်​သား ထား​လော့။သင်​တို့​ထွက်​ခွာ​သွား​ရာ​လမ်း​ကို​တစ်​ဖန် ပြန်​၍​ရှာ​လော့။ဣ​သ​ရေ​လ​ပြည်​သား​တို့​ပြန်​လာ​ခဲ့​ကြ​လော့။သင်​တို့​စွန့်​ခွာ​သွား​သည့်​မြို့​များ​သို့​ပြန်​လာ ခဲ့​ကြ​လော့။