23 ထိုနောက်ငါက``ဗာဗုလုန်အမျိုးသားတို့ သည် အရှင်၏မိဖုရားများနှင့်သားသမီး အပေါင်းကိုထုတ်ဆောင်သွားလိမ့်မည်။ အရှင် ကိုယ်တိုင်ပင်လျှင်သူတို့၏ဘေးမှလွတ် မြောက်လိမ့်မည်မဟုတ်ပါ။ ဗာဗုလုန်ဘုရင် ၏ဖမ်းဆီးခြင်းကိုခံရပါလိမ့်မည်။ ဤ မြို့သည်လည်းမီးကျွမ်းလောင်၍သွားလိမ့် မည်'' ဟုလျှောက်ထားပြန်၏။
24 ဇေဒကိမင်းသည်လည်း``ယခုငါတို့ပြော ဆိုကြသည့်စကားများကိုအဘယ်သူမျှ မသိစေနှင့်။ သို့မှသာလျှင်သင်သည် အသက်ဘေးနှင့်ကင်းဝေးရလိမ့်မည်။-
25 ငါသည်သင်နှင့်စကားပြောဆိုခဲ့ကြောင်း မှူးမတ်များကြားသိကြသောအခါ သူတို့ သည်သင့်၏ထံသို့လာ၍ ငါတို့ပြောဆိုကြ သည့်ကိစ္စကိုမေးမြန်းကြလိမ့်မည်။ သူတို့ က`ငါတို့အားပြောပြလျှင်သင့်ကိုငါ တို့မသတ်ပါ' ဟုကတိပြုကြလိမ့်မည်။-
26 သို့သော်လည်းသင်သည်မိမိအသက်မသေ ရလေအောင်ယောနသန်၏အိမ်သို့ပြန်၍ပို့ တော်မမူပါနှင့်ဟူ၍သာလျှင်ငါ့အားပန် ကြားလျှောက်ထားခဲ့ကြောင်းသူတို့ကိုပြော ကြားပါလော့'' ဟုဆို၏။-
27 မှူးမတ်အပေါင်းတို့သည်ငါ့ထံလာ၍စစ် ဆေးမေးမြန်းကြ၏။ သို့ရာတွင်ငါသည် မိမိကိုမင်းကြီးသင်ကြားပေးထားသည့် အတိုင်းသာလျှင် တိကျစွာပြန်လည်ဖြေ ကြားလိုက်လေသည်။ အဘယ်သူမျှလည်း မင်းကြီးနှင့်ငါပြောဆိုသောစကားများ ကိုကြားခဲ့ရသူမရှိသဖြင့်သူတို့သည် အဘယ်သို့မျှမပြုနိုင်ကြတော့ချေ။
28 ငါသည်လည်းရန်သူ့လက်သို့ယေရုရှလင် မြို့ကျရောက်သည့်နေ့တိုင်အောင် နန်းတော် ဝင်းအတွင်း၌နေရလေတော့သည်။