19 ငါ့အသည်းနာလှ၏။ မခံမရပ်နိုင်အောင် အသည်းနာ၏။ငါသည်ပြင်းစွာနှလုံးတုန်၊ရင်ခုန်လျက် နေပါသည်တကား။ငါသည်အငြိမ်မနေနိုင်တော့ပြီ။တံပိုးခရာမှုတ်သံကိုလည်းကောင်း၊တိုက်ပွဲ ကြွေးကြော်သံများကိုလည်းကောင်းငါကြား ရ၏။
20 ဘေးအန္တရာယ်ဆိုးသည်တစ်ခုပြီးတစ်ခု ပေါ်ပေါက်၍လာ၏။တစ်ပြည်လုံးပင်ယိုယွင်းပျက်စီး၍ကျန် ခဲ့၏။ငါတို့၏တဲများသည်တစ်ခဏချင်း၌ဖြို ပျက်လျက်၎င်းတို့၏ကန့်လန့်ကာတို့သည်စုတ်ပြတ်၍ သွားကြ၏။
21 ငါသည်တိုက်ပွဲဆင်နွှဲနေသည်ကိုအဘယ်မျှ ကြာကြာ တွေ့မြင်နေရပါမည်နည်း။တံပိုးခရာမှုတ်သံကိုအဘယ်မျှကြာကြာ ကြား၍ နေရပါမည်နည်း။
22 ထာဝရဘုရားက``ငါ၏လူမျိုးတော်သည် မိုက်မဲထုံထိုင်းကြ၏။ သူတို့သည်ငါ့ကိုမသိ ကြ။သူတို့သည်ကလေးမိုက်များနှင့်တူ၏။ သူတို့တွင်အသိပညာမရှိ။သူတို့သည်ဒုစရိုက်ပြုရာတွင်ကျွမ်းကျင်ကြသော်လည်းသုစရိုက်ကိုမူ မပြုတတ်ကြ'' ဟုမိန့်တော်မူ၏။
23 ငါသည်၊ကမ္ဘာမြေကြီးကိုကြည့်လိုက်သော အခါ ယင်းသည်ပုံသဏ္ဌာန်ကင်းမဲ့လျက်နေ၏။မိုးကောင်းကင်ကိုကြည့်သောအခါ၌လည်း အလင်းရောင်မတွေ့ရ။
24 ငါသည်တောင်များကိုကြည့်ပြန်သော်တောင်ကြီးတောင်ငယ်တို့သည်တုန်လှုပ်လျက် နေကြ၏။
25 ငါသည်လူတစ်ဦးတစ်ယောက်ကိုမျှမတွေ့ မမြင်။ငှက်အပေါင်းတို့သည်ပင်လျှင်ပျံပြေးကြ လေကုန်ပြီ။