ယေ​ရ​မိ 4:20-26 BCL

20 ဘေး​အန္တ​ရာယ်​ဆိုး​သည်​တစ်​ခု​ပြီး​တစ်​ခု ပေါ်​ပေါက်​၍​လာ​၏။တစ်​ပြည်​လုံး​ပင်​ယို​ယွင်း​ပျက်​စီး​၍​ကျန် ခဲ့​၏။ငါ​တို့​၏​တဲ​များ​သည်​တစ်​ခ​ဏ​ချင်း​၌​ဖြို ပျက်​လျက်၎င်း​တို့​၏​ကန့်​လန့်​ကာ​တို့​သည်​စုတ်​ပြတ်​၍ သွား​ကြ​၏။

21 ငါ​သည်​တိုက်​ပွဲ​ဆင်​နွှဲ​နေ​သည်​ကို​အ​ဘယ်​မျှ ကြာ​ကြာ တွေ့​မြင်​နေ​ရ​ပါ​မည်​နည်း။တံ​ပိုး​ခ​ရာ​မှုတ်​သံ​ကို​အ​ဘယ်​မျှ​ကြာ​ကြာ ကြား​၍ နေ​ရ​ပါ​မည်​နည်း။

22 ထာ​ဝ​ရ​ဘု​ရား​က``ငါ​၏​လူ​မျိုး​တော်​သည် မိုက်​မဲ​ထုံ​ထိုင်း​ကြ​၏။ သူ​တို့​သည်​ငါ့​ကို​မ​သိ ကြ။သူ​တို့​သည်​က​လေး​မိုက်​များ​နှင့်​တူ​၏။ သူ​တို့​တွင်​အ​သိ​ပ​ညာ​မ​ရှိ။သူ​တို့​သည်​ဒု​စ​ရိုက်​ပြု​ရာ​တွင်ကျွမ်း​ကျင်​ကြ​သော်​လည်း​သု​စ​ရိုက်​ကို​မူ မ​ပြု​တတ်​ကြ'' ဟု​မိန့်​တော်​မူ​၏။

23 ငါ​သည်၊ကမ္ဘာ​မြေ​ကြီး​ကို​ကြည့်​လိုက်​သော အ​ခါ ယင်း​သည်​ပုံ​သဏ္ဌာန်​ကင်း​မဲ့​လျက်​နေ​၏။မိုး​ကောင်း​ကင်​ကို​ကြည့်​သော​အ​ခါ​၌​လည်း အ​လင်း​ရောင်​မ​တွေ့​ရ။

24 ငါ​သည်​တောင်​များ​ကို​ကြည့်​ပြန်​သော်တောင်​ကြီး​တောင်​ငယ်​တို့​သည်​တုန်​လှုပ်​လျက် နေ​ကြ​၏။

25 ငါ​သည်​လူ​တစ်​ဦး​တစ်​ယောက်​ကို​မျှ​မ​တွေ့ မ​မြင်။ငှက်​အ​ပေါင်း​တို့​သည်​ပင်​လျှင်​ပျံ​ပြေး​ကြ လေ​ကုန်​ပြီ။

26 ထာ​ဝ​ရ​ဘု​ရား​၏​ပြင်း​ထန်​သော​အ​မျက် တော် အ​ရှိန်​ကြောင့်မြေ​သြ​ဇာ​ကောင်း​သော​ပြည်​သည်​သဲ​ကန္တာ​ရ ဖြစ်​လျက်၊ မြို့​များ​သည်​လည်း​ယို​ယွင်း​ပျက်​စီး​၍​နေ​လေ​ပြီ။