1 တပ်မှူးနေဗုဇာရဒန်သည်ငါ့အားရာမမြို့ တွင်အနှောင်အဖွဲ့မှဖြေလွှတ်ပြီးသောအခါ ထာဝရဘုရားသည်ငါ့ကိုဗျာဒိတ်ပေးတော် မူ၏။ ငါသည်ဗာဗုလုန်မြို့သို့ဖမ်းဆီးခေါ်ဆောင် လာသော အခြားယေရုရှလင်မြို့သူမြို့သား များ၊ ယုဒပြည်သားများနှင့်အတူထိုမြို့ သို့လိုက်ပါလာခဲ့ရလေသည်။
2 တပ်မှူးသည်ငါ့အားနှစ်ဦးချင်းတွေ့ဆုံရန် ခေါ်ယူပြီးလျှင်``သင်၏ဘုရားသခင်ထာဝရ ဘုရားသည်ဤပြည်ကိုဖျက်ဆီးရန်ခြိမ်းခြောက် တော်မူခဲ့သည့်အတိုင်း၊-
3 ယခုပြုတော်မူလေပြီ။ ဤသို့ဖြစ်ပျက်ရ ခြင်းမှာသင်၏အမျိုးသားတို့သည်ထာဝရ ဘုရားအားပြစ်မှားကာ ကိုယ်တော်၏စကား ကိုနားမထောင်ကြသောကြောင့်ဖြစ်၏။-
4 ယခုသင်၏လက်ကောက်ဝတ်မှသံကြိုးများ ကိုငါဖြုတ်ပေးမည်။ သင်သည်ငါနှင့်အတူ ဗာဗုလုန်မြို့သို့လိုက်လိုကလိုက်ပါလော့။ သင့်အားကောင်းစွာငါကြည့်ရှုပါမည်။ သင် မလိုက်လိုလျှင်နေနိုင်ပါသည်။ တစ်ပြည် လုံးမှသင်ကြိုက်ရာအရပ်သို့သင်သွား နိုင်သည်'' ဟုပြော၏။