4 ယခုသင်၏လက်ကောက်ဝတ်မှသံကြိုးများ ကိုငါဖြုတ်ပေးမည်။ သင်သည်ငါနှင့်အတူ ဗာဗုလုန်မြို့သို့လိုက်လိုကလိုက်ပါလော့။ သင့်အားကောင်းစွာငါကြည့်ရှုပါမည်။ သင် မလိုက်လိုလျှင်နေနိုင်ပါသည်။ တစ်ပြည် လုံးမှသင်ကြိုက်ရာအရပ်သို့သင်သွား နိုင်သည်'' ဟုပြော၏။
5 ငါပြန်လည်မဖြေကြားသောအခါနေဗုဇာ ရဒန်သည် ဆက်လက်၍``ယုဒမြို့များအတွက် ဘုရင်ခံအဖြစ်ဗာဗုလုန်ဘုရင်ခန့်ထားခဲ့ သူရှာဖန်၏မြေး၊ အဟိရံ၏သားဂေဒလိထံ သို့ပြန်၍သူနှင့်အတူပြည်သူတို့အထဲတွင် နေထိုင်ပါလော့။ သို့မဟုတ်လျှင်လည်းမိမိ သွားသင့်သည်ဟုထင်သည့်အရပ်သို့သွား ပါလော့'' ဟုဆို၏။ ထိုနောက်သူသည်လက် ဆောင်နှင့်ရိက္ခာအချို့ကိုယူဆောင်သွားရန် ပေးအပ်ပြီးလျှင်ငါ့အားခရီးပြုစေ၏။-
6 ငါသည်လည်းဂေဒလိထံသို့သွား၍မိဇပါ မြို့တွင်ကြွင်းကျန်လျက်ရှိသည့်ပြည်သူပြည် သားတို့နှင့်အတူနေထိုင်လေသည်။
7 ယုဒတပ်မတော်အရာရှိအချို့နှင့်စစ်သူရဲ အချို့တို့သည်လက်နက်မချခဲ့ကြချေ။ သူ တို့သည်အဟိကံ၏သားဂေဒလိကိုဗာဗု လုန်ဘုရင်ခံအဖြစ်ခန့်ထားပြီးလျှင် ဗာဗုလုန် မြို့သို့သုံ့ပန်းအဖြစ်ခေါ်ဆောင်ခြင်းမခံရကြ သူတို့အားအုပ်စိုးစေတော်မူကြောင်းကြားသိ ကြ၏။ ဤသူတို့ကားတိုင်းပြည်တွင်အဆင်းရဲ ဆုံးသောသူများဖြစ်သတည်း။-
8 သို့ဖြစ်၍နာသနိ၏သားဣရှမေလ၊ ကာရာ ၏သားယောဟနန်နှင့်ယောနသန်၊ တာနုမက်၏ သားစရာယ၊ နေတောဖတ်မြို့သားဧဖဲ၏သား များ၊ မာခသိမြို့သားယေဇနိတို့သည် မိမိ တို့လူများနှင့်အတူဂေဒလိရှိရာမိဇပါ မြို့သို့လာရောက်ကြ၏။-
9 ထိုအခါဂေဒလိက``သင်တို့သည်ဗာဗုလုန် အမျိုးသားတို့အား လက်နက်ချရန်ကြောက်လန့် နေစရာမလိုကြောင်းသင်တို့အားငါကတိ ပေးပါ၏။ ဤပြည်တွင်အတည်တကျနေထိုင် ၍ဗာဗုလုန်ဘုရင်၏အမှုတော်ကိုထမ်းဆောင် ကြလော့။ သင်တို့အဖို့အစစအရာရာအဆင် ပြေပါလိမ့်မည်။-
10 ငါသည်မိဇပါမြို့တွင်နေ၍ဗာဗုလုန် အမျိုးသားတို့လာရောက်ချိန်၌ သင်တို့ ကိုယ်စားပြုပါမည်။ သင်တို့မူကားစပျစ် ရည်၊ သစ်သီးနှင့်သံလွင်ဆီတို့ကိုစုသိမ်း သိုလှောင်ကာ မိမိတို့ရွာများတွင်နေထိုင် ကြလော့'' ဟုဆို၏။-