6 သို့ဖြစ်၍ဣရှမေလသည် သူတို့အားကြို ဆိုရန်မိဇပါမြို့မှထွက်ခွာပြီးလျှင် တစ် လမ်းလုံးငိုကြွေးလျက်သွား၏။ သူသည် ထိုသူတို့နှင့်တွေ့ဆုံမိသောအခါသူတို့ အား``ဂေဒလိထံသို့လာရောက်ကြပါ'' ဟုခေါ်ဖိတ်လေသည်။-
7 ထိုသူတို့မြို့တွင်းသို့ရောက်ရှိသည်နှင့်တစ် ပြိုင်နက် ဣရှမေလနှင့်သူ၏ငယ်သားတို့ သည် ထိုသူတို့အားသတ်၍အလောင်းများ ကိုရေတွင်းထဲသို့ပစ်ချကြ၏။
8 သို့ရာတွင်ထိုလူစုအနက်လူဆယ်ယောက် က``အကျွန်ုပ်တို့အားမသတ်ပါနှင့်။ အကျွန်ုပ် တို့မှာလယ်ကွက်များတွင်ဝှက်ထားသည့်ဂျုံ၊ မုယော၊ သံလွင်ဆီနှင့်ပျားရည်များရှိပါ သည်'' ဟုပြောသဖြင့်ဣရှမေလသည်သူ တို့အားမသတ်ဘဲအသက်ချမ်းသာခွင့် ပေးလေသည်။-
9 မိမိသတ်ဖြတ်လိုက်သူတို့၏အလောင်းများ ကိုဣရှမေလပစ်ချသည့်ရေတွင်းကား အလွန်ကြီး၍ ဣသရေလဘုရင်ဗာရှာ၏ဘေး မှခုခံကာကွယ်ရန် အာသမင်းတူးထားသည့် ရေတွင်းဖြစ်သတည်း။ ဣရှမေလသည်မိမိ သတ်ဖြတ်လိုက်သည့်လူသေအလောင်းများ ဖြင့်ထိုတွင်းကိုပြည့်စေ၏။-
10 ထိုနောက်ဣရှမေလသည် ဂေဒလိ၏စောင့် ရှောက်မှုကိုခံယူစေရန် တပ်မှူးနေဗုဇာရဒန် အပ်နှံထားသည့်ဘုရင့်သမီးတော်များနှင့် မိဇပါမြို့တွင်ကျန်ရှိနေသေးသူအပေါင်း တို့အားဖမ်းဆီးချုပ်နှောင်ပြီးလျှင် သုံ့ပန်း များအဖြစ်ဖြင့်အမ္မုန်ပြည်ရှိရာသို့ခေါ် ဆောင်သွားလေသည်။
11 ဣရှမေလကူးလွန်သည့်ရာဇဝတ်မှုများ အကြောင်းကို ကာရာ၏သားယောဟနန်နှင့် တပ်မတော်ခေါင်းဆောင်များကြားသိကြ သောအခါ၊-
12 မိမိတို့တပ်သားများကိုခေါ်၍ ဣရှမေလ ကိုတိုက်ခိုက်ရန်ထွက်သွားကြရာဂိဘောင်မြို့ အနီးရေကန်ကြီးတွင်သူ့အားလိုက်၍မီ ကြ၏။-