ယေ​ရ​မိ 47:3-7 BCL

3 သူ​တို့​သည်​မြင်း​ခွာ​သံ​များ​နှင့်​မြင်း​ရ​ထား ဘီး​လည်​သံ​များ​ကို​ကြား​ရ​ကြ​လိမ့်​မည်။ဖ​ခင်​များ​သည်​မိ​မိ​တို့​သား​သ​မီး​များ​ကို ပြန်​မ​ကြည့်​ကြ။သူ​တို့​၏​လက်​များ​သည်​လည်း​အား​လျော့​၍ တွဲ​ကျ​လျက်​ရှိ​လိမ့်​မည်။

4 တု​ရု​မြို့​နှင့်​ဇိ​ဒုန်​သို့​ပေး​ပို့​နိုင်​သည့်​စစ်​ကူ အ​ကြွင်း​အ​ကျန်​မှန်​သ​မျှ​ကို​ဖြတ်​တောက် ပစ်​ရန်ဖိ​လိတ္တိ​ပြည်​ကို၊သုတ်​သင်​ပယ်​ရှင်း​ရ​မည့် နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​လေ​ပြီ။ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​က​ရေ​တေ​ကမ်း​ခြေ​မှ လာ​သူ​အ​ပေါင်း​ဖြစ်​သည့်ဖိ​လိတ္တိ​အမျိုး​သား​တို့​အား​သုတ်​သင်​ပယ်​ရှင်း​မည်။

5 ဂါ​ဇ​မြို့​သူ​မြို့​သား​တို့​သည်​များ​စွာ ဝမ်း​နည်း​ကြေ​ကွဲ​ရ​ကြ​လေ​ပြီ။အာ​ရှ​ကေ​လုန်​မြို့​သူ​မြို့​သား​တို့​သည်​လည်း ဆိတ်​ဆိတ်​နေ​ကြ​၏။ကြွင်း​ကျန်​၍​နေ​သော​ဖိ​လိတ္တိ​ပြည်​သူ​တို့ သည်​အ​ဘယ်​မျှ ကြာ​ကြာ​ငို​ကြွေး​မြည်​တမ်း​လျက်​နေ​ကြ မည်​နည်း။

6 ထာ​ဝ​ရ​ဘု​ရား​၏​ဋ္ဌား​တော်၊သင်​သည်​အ​ဘယ်​မျှ​ကြာ​ကြာ​ခုတ်​ထစ် နေ​ပါ​ဦး​မည်​နည်း။မိ​မိ​ဋ္ဌား​အိမ်​သို့​ပြန်​၍​ဝင်​ပြီး​လျှင် ငြိမ်​သက်​စွာ နေ​ပါ​လော့'' ဟု​သင်​တို့​ဆို​ကြ​၏။

7 သို့​ရာ​တွင်​ထို​ဋ္ဌား​တော်​သည်​ငါ​ပေး​အပ်​ထား သည့် အ​လုပ်​ရှိ​သ​ဖြင့်အ​ဘယ်​သို့​လျှင်​ငြိမ်​သက်​စွာ​နေ​နိုင်​မည်​နည်း။အာ​ရှ​ကေ​လုန်​မြို့​နှင့်​ပင်​လယ်​ကမ်း​ခြေ​တွင် နေ​ထိုင်​သောလူ​တို့​အား၊တိုက်​ခိုက်​ရန်​ထို​ဋ္ဌား​တော်​ကို​ငါ အ​မိန့်​ပေး​တော်​မူ​လေ​ပြီ'' ဟု​မိန့်​တော်​မူ​၏။