1 မောဘပြည်ကိုရည်မှတ်၍အနန္တတန်ခိုးရှင် ထာဝရဘုရားမိန့်တော်မူသည်ကားဤသို့ တည်း။``နေဗောမြို့သူမြို့သားတို့အားကရုဏာ သက်ကြလော့။သူတို့၏မြို့သည်ပျက်စီး၍သွားလေပြီ။ကိရယသိမ်မြို့သည်ဖမ်းဆီးသိမ်းယူခြင်း ကိုခံ၍၊ ထိုမြို့၏ခံတပ်များသည်ဖြိုပျက်လျက်မြို့သူမြို့သားတို့သည်လည်းအရှက်ကွဲရ ကြ၏။
2 မောဘပြည်၏ဘုန်းအသရေသည်ကွယ် ပျောက်၍ သွားလေပြီ။ရန်သူတို့သည်ဟေရှဘုန်မြို့ကိုသိမ်းယူ၍ မောဘ နိုင်ငံကိုသုတ်သင်ဖျက်ဆီးရန်ကြံစည်လျက် ရှိ၏။မာဒမေနမြို့သည်ဆိတ်ငြိမ်၍နေလိမ့်မည်။စစ်သည်တပ်သားတို့သည်ထိုမြို့ကိုချီတက် တိုက်ခိုက်ကြလိမ့်မည်။
3 ဟောရနိမ်မြို့သူမြို့သားတို့က`အကြမ်းဖက်မှု၊ သုတ်သင်ဖျက်ဆီးမှု' ဟုဟစ်အော်ကြ၏။
4 ``မောဘပြည်သည်ပြိုပျက်၍သွားလေပြီ။ကလေးသူငယ်တို့အော်ဟစ်သံကို နားထောင်ကြလော့။
5 လုဟိတ်တောင်ပေါ်သို့တက်ရာလမ်းတွင်သူတို့ ရှိုက်ကြီးငင်ကြီးငိုကြွေးသံကိုလည်းကောင်း၊ဟောရနိမ်မြို့သို့ဆင်းရာလမ်းတွင်၊စိတ်ဒုက္ခ ရောက်၍အော်ဟစ်သံများကိုလည်းကောင်းကြားကြလော့။