ယေ​ရ​မိ 48:19-28 BCL

19 အာ​ရော်​မြို့​တွင်​နေ​ထိုင်​သူ​တို့၊လမ်း​နံ​ဘေး တွင်​ရပ်​၍ စောင့်​နေ​ပြီး​လျှင်ထွက်​ပြေး​တိမ်း​ရှောင်​ကြ​သူ​တို့​အား​ဖြစ် ပျက်​သည့် အ​ချင်း​အ​ရာ​ကို​မေးမြန်း​လော့။

20 ထို​သူ​တို့​က`မော​ဘ​ပြည်​ကျ​ဆုံး​လေ​ပြီ။ထို​ပြည်​အ​တွက်​ငို​ကြွေး​ကြ​လော့။ ယင်း​သည်​အ​ရှက်​ကွဲ​လေ​ပြီ။မော​ဘ​ပြည်​ပျက်​သုဉ်း​၍​သွား​ကြောင်း​ကိုအာ​နုန်​မြစ်​ရိုး​တစ်​လျှောက်​တွင်​ကြွေး​ကြော် ကြ​လော့' ဟု​ပြန်​လည်​ဖြေ​ကြား​ကြ​လိမ့်​မည်။

21-24 ဟော​လုန်​မြို့၊ ယ​ဟာ​ဇ​မြို့၊ မေ​ဖတ်​မြို့၊ ဒိ​ဘုန်​မြို့၊ နေ​ဗော​မြို့၊ ဗက်​ဒိ​ဗ​လ​သိမ်​မြို့၊ ကိ​ရ​ယ​သိမ် မြို့၊ ဗက်​ဂ​မု​လ​မြို့၊ ဗက်​မောင်​မြို့၊ ကေ​ရုတ်​မြို့၊ ဗော​ဇ​ရ​မြို့​အ​စ​ရှိ​သည့်​ကုန်း​ပြင်​မြို့ အ​ပေါင်း​တို့​သည်​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ ခြင်း​ကို​ခံ​ရ​ကြ​လေ​ပြီ။ ရပ်​နီး​ရပ်​ဝေး​ရှိ မော​ဘ​မြို့​မှန်​သ​မျှ​သည်​အ​ပြစ်​ဒဏ်​စီ ရင်​တော်​မူ​ခြင်း​ကို​ခံ​ရ​ကြ​လေ​ပြီ။-

25 မော​ဘ​ပြည်​၏​အာ​ဏာ​တန်​ခိုး​သည်​ပျောက် ကွယ်​၍​သွား​လေ​ပြီ။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု မိန့်​တော်​မူ​၏။

26 ထာ​ဝ​ရ​ဘု​ရား​က``မော​ဘ​ပြည်​သည်​ငါ​ထာ​ဝ​ရ ဘု​ရား​အား​ပုန်​ကန်​ခဲ့​သည်​ဖြစ်​၍ ထို​ပြည်​ကို ယစ်​မူး​၍​နေ​စေ​ကြ​လော့။ သူ​သည်​မိ​မိ​၏​အန် ဖတ်​တွင်​လူး​လှိမ့်​၍​နေ​လိမ့်​မည်။ လူ​တို့​သည် လည်း​သူ့​အား​ပြောင်​လှောင်​ကြ​လိမ့်​မည်။-

27 အို မော​ဘ​ပြည်၊ ဣ​သ​ရေ​လ​ပြည်​သား​တို့ အား​အ​ဘယ်​သို့​သင်​ပြက်​ရယ်​ပြု​ခဲ့​သည် ကို​အောက်​မေ့​သ​တိ​ရ​လော့။ သင်​သည်​သူ တို့​အား​သူ​ခိုး၊ ဋ္ဌား​ပြ​ဂိုဏ်း​နှင့်​အ​တူ​ဖမ်း ဆီး​ရ​မိ​သူ​များ​သ​ဖွယ်​ပြု​ကျင့်​ခဲ့​ပေ သည်။

28 ``မော​ဘ​ပြည်​သူ​တို့၊ သင်​တို့​သည်​မိ​မိ​တို့ ၏​မြို့​များ​မှ​ထွက်​ခွာ​ပြီး​လျှင် ကျောက်​ကမ်း ပါး​သို့​သွား​ရောက်​နေ​ထိုင်​ကြ​လော့။ လျှို မြောင်​အ​ကြား​တွင်​အ​သိုက်​လုပ်​တတ်​သည့် ချိုး​ငှက်​ကဲ့​သို့​ပြု​ကြ​လော့။-