32 ယာဇာမြို့သူမြို့သားတို့အတွက်ငိုကြွေး သည်ထက်စိဗမာမြို့သူမြို့သားများ အတွက် ငါပို၍ငိုကြွေးမည်။ အို စိဗမာမြို့၊ သင်သည်ပင်လယ်သေကိုကျော်ဖြတ်၍ ယာဇာမြို့တိုင်အောင်ပျံ့နှံ့သွားသည့်စပျစ် ပင်နှင့်တူ၏။ သို့ရာတွင်ယခုအခါ၌သင် ၏နွေရာသီသစ်သီးဝလံများနှင့်စပျစ် ပင်များသည်အဖျက်အဆီးခံရကြလေ ပြီ။-
33 အသီးအနှံကြွယ်ဝသည့်မောဘပြည်မှ ရွှင်လန်းဝမ်းမြောက်မှုကိုရုပ်သိမ်းလိုက်လေ ပြီ။ စပျစ်သီးနယ်ရာကျင်းမှစပျစ်ရည် များယိုထွက်၍မလာတော့ပေ။ စပျစ်သီး ကိုနယ်၍ဝမ်းမြောက်စွာကြွေးကြော်မည့် သူလည်းတစ်ဦးတစ်ယောက်မျှမရှိတော့ပေ။
34 ``ဟေရှဘုန်မြို့နှင့်ဧလာလေမြို့တို့မှ လူတို့ ငိုကြွေးကြသောအသံကိုယာဟတ်မြို့တိုင် အောင်ကြားရကြ၏။ ထိုအသံကိုဇောရမြို့ မှဟောရနိမ်မြို့နှင့်ကေလက်မြို့တို့မှပင် ကြားနိုင်လေသည်။ နိမရိမ်ချောင်းသည် လည်းခန်းခြောက်၍သွား၏။-
35 ငါသည်မောဘပြည်သားတို့အားတောင် ထိပ်များတွင်မီးရှို့ရာပူဇော်သကာများ ဆက်ကပ်မှုနှင့် မိမိတို့ဘုရားများအား ယဇ်ပူဇော်မှုကိုရပ်စဲစေမည်။ ဤကားငါ ထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏။
36 ``မောဘပြည်သားများနှင့် ကိရဟရက်မြို့ သူမြို့သားများသည်မိမိတို့ပိုင်ဆိုင်သမျှ သောဥစ္စာပစ္စည်းများဆုံးရှုံးကုန်ကြပြီ ဖြစ်၍ ငါ၏စိတ်နှလုံးသည်မသာသီချင်း ကိုပြွေမှုတ်သူကဲ့သို့ထိုသူတို့၏အတွက် ငိုကြွေးမြည်တမ်းမည်။-
37 လူတိုင်းပင်ဆံမုတ်ဆိတ်ပယ်ကြလေပြီ။ သူ တို့သည်မိမိတို့၏လက်များကိုထိရှ၍ လျှော်တေကိုဝတ်ဆင်ထားကြ၏။-
38 မောဘပြည်အိမ်ခေါင်မိုးမှန်သမျှတို့အပေါ် ၌လည်းကောင်း၊ လူထုစည်းဝေးရာမြေကွက် လပ်မှန်သမျှတို့၌လည်းကောင်းငိုကြွေးမြည် တမ်းမှုမှတစ်ပါး အခြားအဘယ်အမှု အရာမျှမတွေ့ရကြ။ အဘယ်ကြောင့်ဆို သော်ငါသည်အသုံးမဝင်တော့သည့်အိုး ကိုခွဲသကဲ့သို့ မောဘပြည်ကိုခွဲလိုက်ပြီ ဖြစ်သောကြောင့်တည်း။ ဤကားငါထာဝရ ဘုရားမြွက်ဆိုသည့်စကားဖြစ်၏။-