24 ရာသီအလိုက်၊ မိုးဦးမိုးနှောင်းကိုရွာသွန်းစေလျက်၊ နှစ်စဉ်အသီးအနှံရိတ်သိမ်းရာကာလကိုစီမံတော်မူသောငါ့အား သင်တို့မကြောက်ရွံ့မရိုသေကြ။-
25 သင်တို့၏အမှားများနှင့်အပြစ်ဒုစရိုက်က ကောင်းချီးမင်္ဂလာများကိုတားဆီးလျက်သင်တို့ထံမှလွှဲရှောင်သွားစေလေပြီ။
26 ``ငါ၏လူမျိုးတော်အထဲ၌ ဆိုးညစ်သူများရှိ၏။ သူတို့သည်ထောင်ချောက်ဖြင့်ငှက်ဖမ်းသူများကဲ့သို့လူကိုဖမ်းရန်ချောင်းမြောင်းကြ၏။-
27 မုဆိုးသည်မိမိ၏လှောင်အိမ်ကိုငှက်များဖြင့်ပြည့်စေသကဲ့သို့ ထိုသူတို့သည်မိမိတို့နေအိမ်များကိုတိုက်ရာပါပစ္စည်းများဖြင့်ပြည့်စေကြလေပြီ။ ထို့ကြောင့်သူတို့သည်တန်ခိုးကြီးမား၍ချမ်းသာကြွယ်ဝကြ၏။-
28 ဝဝလင်လင်စားသောက်ရ၍ဆူဖြိုးလျက်နေကြ၏။ သူတို့သည်မကောင်းမှုများကိုအတောမသတ်ပြုကျင့်ကြ၏။ မိဘမဲ့သူတို့အားရပိုင်ခွင့်များကိုမပေးကြ။ ညှင်းပန်းနှိပ်စက်ခြင်းခံရသူတို့အားလည်းတရားမျှတမှုကိုမပြုကြ။
29 ``သို့ရာတွင်ဤအမှုအရာများအတွက် သူတို့အားငါထာဝရဘုရားဒဏ်ပေးမည်။ ဤလူမျိုးအားငါလက်စားချေမည်။-
30 ဤပြည်တွင်အံ့သြရွံရှာဖွယ်ကောင်းသည့်အမှုပေါ်ပေါက်လာသည်မှာ၊-