ယေ​ရ​မိ 50:33-39 BCL

33 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ ရေ​လ​နှင့်​ယု​ဒ​ပြည်​သား​တို့​သည်​ညှင်း​ပန်း နှိပ်​စက်​ခြင်း​ကို​ခံ​ရ​ကြ​၏။ ဖမ်း​ဆီး​သိမ်း​ယူ သွား​သူ​များ​သည်​သူ​တို့​အား​ကြပ်​တည်း​စွာ အ​စောင့်​ချ​၍​ထား​ကြ​၏။ သူ​တို့​ကို​ထွက်​ခွာ သွား​ခွင့်​မ​ပြု​ကြ။-

34 သို့​ရာ​တွင်​ထို​သူ​တို့​အား​ကယ်​ဆယ်​တော်​မူ မည့်​အ​ရှင်​သည်​ခွန်​အား​ကြီး​မား​တော်​မူ​၏။ ထို​အ​ရှင်​၏​နာ​မ​တော်​မှာ​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သ​တည်း။ ထို​အ​ရှင်​ကိုယ် တော်​တိုင်​သူ​တို့​၏​အ​ကျိုး​ကို​ပြု​စု​တော်​မူ ၍ ပြည်​တော်​တွင်​ငြိမ်း​ချမ်း​သာ​ယာ​မှု​ရှိ​စေ တော်​မူ​လိမ့်​မည်။ ဗာ​ဗု​လုန်​အ​မျိုး​သား​တို့ ကို​မူ​ကား​ဒုက္ခ​ရောက်​စေ​တော်​မူ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

35 ထာ​ဝ​ရ​ဘု​ရား​က``ဗာ​ဗု​လုန်​ပြည်​သည် ပျက်​ပြုန်း ရ​လိမ့်​မည်။ပြည်​သူ​ပြည်​သား​များ၊အုပ်​စိုး​သူ​များ​နှင့် ပ​ညာ​ရှိ​များ​သည်​သေ​ဆုံး​ရ​ကြ​လိမ့်​မည်။

36 ထို​ပြည်​၏​မိစ္ဆာ​ပ​ရော​ဖက်​တို့​သည်​သေ​ဆုံး ရ​ကြ​လိမ့်​မည်။သူ​တို့​သည်​အ​လွန်​မိုက်​မဲ​သူ​များ​ဖြစ်​၏။ထို​ပြည်​၏​စစ်​သည်​တပ်​သား​တို့​သည် သေ​ဆုံး​ရကြ​လိမ့်​မည်။သူ​တို့​သည်​အ​လွန်​ကြောက်​လန့်​တုန်​လှုပ်​လျက် ရှိ​ကြ​၏။

37 သူ​တို့​၏​မြင်း​များ၊စစ်​ရ​ထား​များ​ကို ဖျက်​ဆီး​ပစ်​ကြ​လော့။ငှား​ရမ်း​ထား​သည့်​စစ်​သည်​တပ်​သား​တို့ သည် သေ​ဆုံး​ရ​ကြ​လိမ့်​မည်။သူ​တို့​သည်​အ​လွန်​အား​အင်​ချည့်​နဲ့​လျက် နေ​ကြ​၏။ဗာ​ဗု​လုန်​မြို့​၏​ပစ္စည်း​ဘဏ္ဍာ​များ​ကို ဖျက်​ဆီး​ပစ်​ကြ​လော့။ယင်း​တို့​ကို​တိုက်​ခိုက်​လု​ယက်​ကြ​လော့။

38 ထို​ပြည်​တွင်​မိုး​ခေါင်​စေ​၍​မြစ်​များ​ကို​ခန်း ခြောက် စေ​ကြ​လော့။ဗာ​ဗု​လုန်​ပြည်​သည်​ထိတ်​လန့်​ဖွယ်​ကောင်း​သည့် ရုပ်​တု​ပေါ​များ​သည့်​ပြည်​ဖြစ်​ပေ​သည်။ထို​ရုပ်​တု​များ​ကြောင့်​ပြည်​သူ​တို့​သည် မိုက်​မဲ​သူ​များ​ဖြစ်​ကြ​လေ​ပြီ။

39 ``သို့​ဖြစ်​၍​ဗာ​ဗု​လုန်​မြို့​သည်​နတ်​ဆိုး​များ၊ ဆိုး​ညစ်​သော​ဝိ​ညာဉ်​များ​နှင့် ငှက်​ဆိုး​များ ခို​အောင်း​ရာ​ဖြစ်​လိမ့်​မည်။ ထို​မြို့​သည်​နောင် ကာ​လ​အ​စဉ်​အ​ဆက်​လူ​သူ​ကင်း​မဲ့​ရာ အ​ရပ်​ဖြစ်​လိမ့်​မည်။-