ယေ​ရ​မိ 50:9-15 BCL

9 ငါ​သည်​မြောက်​အ​ရပ်​ရှိ​ခွန်​အား​ကြီး​မား သည့်​နိုင်​ငံ​များ​ကို​လှုံ့​ဆော်​ကာ ဗာ​ဗု​လုန်​မြို့ ကို​တိုက်​ခိုက်​စေ​မည်။ သူ​တို့​သည်​စစ်​ရေး​စစ် ရာ​ခင်း​ကျင်း​လျက်​ထို​မြို့​ကို​တိုက်​ခိုက်​သိမ်း ယူ​ကြ​လိမ့်​မည်။ သူ​တို့​သည်​ပစ်​မှတ်​ကို​အ​စဉ် ထိ​မှန်​အောင်​ပစ်​ခတ်​နိုင်​သူ​မု​ဆိုး​ကျော် များ​ကဲ့​သို့​မိ​မိ​တို့​လေး​များ​ကို​ပစ်​ခတ် တတ်​ကြ​၏။-

10 ဗာ​ဗု​လုန်​ပြည်​သည်​လု​ယက်​ခြင်း​ကို​ခံ​ရ လိမ့်​မည်။ လု​ယက်​သူ​တို့​သည်​လည်း မိ​မိ​တို့ အ​လို​ရှိ​သည့်​ပစ္စည်း​ဥစ္စာ​မှန်​သ​မျှ​ကို​သိမ်း ယူ​ကြ​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား မြွက်​ဟ​သည့်​စကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

11 ဗာ​ဗု​လုန်​မြို့​သား​တို့၊ သင်​တို့​သည်​ငါ​၏ နိုင်​ငံ​တော်​ကို​လု​ယက်​ခဲ့​ကြ​၏။ သင်​တို့​သည် ကောက်​နယ်​သည့်​နွား​မ​ကဲ့​သို့​သော်​လည်း ကောင်း၊ ဟီ​လျက်​နေ​သော​မြင်း​ကဲ့​သို့​သော် လည်း​ကောင်း ဝမ်း​မြောက်​ရွှင်​လန်း​စွာ​သွား လာ​နေ​ကြ​သော်​လည်း၊-

12 သင်​တို့​၏​မြို့​သည်​အ​ရှက်​ကွဲ​၍​အ​သ​ရေ ပျက်​လိမ့်​မည်။ နိုင်​ငံ​တ​ကာ​တို့​တွင်​ဗာ​ဗု​လုန် နိုင်​ငံ​သည် အ​သိမ်​ငယ်​ဆုံး​သော​နိုင်​ငံ​ဖြစ် လိမ့်​မည်။ ယင်း​သည်​ခြောက်​သွေ့​၍​ရေ​မ​ရှိ သည့်​သဲ​ကန္တာ​ရ​ဖြစ်​လိမ့်​မည်။-

13 ငါ​၏​အ​မျက်​တော်​ကြောင့်​ဗာ​ဗု​လုန်​မြို့ တွင် အ​ဘယ်​သူ​မျှ​နေ​ထိုင်​ရ​ကြ​လိမ့်​မည် မ​ဟုတ်။ ထို​မြို့​သည်​ယို​ယွင်း​ပျက်​စီး​လျက် ကျန်​ရစ်​လိမ့်​မည်။ အ​နီး​မှ​ဖြတ်​သန်း​သွား လာ​သူ​အ​ပေါင်း​တို့​သည်​ထို​မြို့​ကြုံ​တွေ့ ရ​သည့်​အ​ဖြစ်​အ​ပျက်​ကို​မြင်​၍ လန့်​ဖျပ် တုန်​လှုပ်​ကာ​အံ့​သြ​၍​သွား​ကြ​လိမ့်​မည်။

14 ``လေး​သ​မား​တို့၊ စစ်​ရေး​စစ်​ရာ​ခင်း​ကျင်း လျက်​ဗာ​ဗု​လုန်​မြို့​ကို​တိုက်​ခိုက်​ဝိုင်း​ရံ​ကြ လော့။ ဗာ​ဗု​လုန်​မြို့​သည်​ငါ​ထာ​ဝ​ရ​ဘု​ရား အား​ပြစ်​မှား​လေ​ပြီ။ သို့​ဖြစ်​၍​သင်​တို့​၏ မြား​ရှိ​သ​မျှ​ကို​ထို​မြို့​ထဲ​သို့​ပစ်​လွှတ် ကြ​လော့။-

15 မြို့​ပတ်​လည်​တွင်​စစ်​တိုက်​သံ​များ​ကို​ကြွေး ကြော်​ကြ​လော့။ ယ​ခု​ဗာ​ဗု​လုန်​မြို့​သည် လက်​နက်​ချ​လေ​ပြီ။ မြို့​တံ​တိုင်း​တို့​သည် ကျိုး​ပေါက်​ပြို​ကျ​သွား​လေ​ပြီ။ ငါ​သည် ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​အား​လက်​စား ချေ​လျက်​နေ​သည်​ဖြစ်​၍ သင်​တို့​သည်​သူ​တို့ အ​ပေါ်​၌​လက်​စား​ချေ​ကြ​လော့။ သူ​တစ်​ပါး တို့​အား​သူ​တို့​ပြု​ကျင့်​ခဲ့​ကြ​သည့်​အ​တိုင်း သူ​တို့​အား​ပြု​ကျင့်​ကြ​လော့။-