ယေ​ရ​မိ 51:19-25 BCL

19 ယာ​ကုပ်​၏​ဘု​ရား​သ​ခင်​ကား​ရုပ်​တု​များ ကဲ့​သို့​မ​ဟုတ်။ကိုယ်​တော်​သည်​အ​ရာ​ခပ်​သိမ်း​ကို ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​ဖြစ်​၍၊ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​မိ​မိ​ကိုယ်​ပိုင် လူ​စု​တော်​အ​ဖြစ်​ရွေး​ချယ်​ထား​တော်​မူ​လေ​ပြီ။ကိုယ်​တော်​၏​နာ​မ​တော်​ကား​အ​နန္တ​တန်ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။

20 ထာ​ဝ​ရ​ဘု​ရား​က``အို ဗာ​ဗု​လုန်​မြို့၊သင်​သည်​ငါ​၏​သံ​တူ၊စစ်​တိုက်​ရာ​တွင် ငါ​အ​သုံး​ပြု​သည့်​လက်​နက်​ဖြစ်​၏။ငါ​သည်​သင့်​ကို​အ​သုံး​ပြု​၍​လူ​မျိုး​တ​ကာ​ကို ချေ​မှုန်း​ခဲ့​၏။တိုင်း​နိုင်​ငံ​တို့​ကို​ပြို​ကွဲ​စေ​ခဲ့​၏။

21 မြင်း​နှင့်​မြင်း​စီး​သူ​ရဲ​များ​ကို​လည်း​ကောင်း၊ရ​ထား​နှင့်​ရ​ထား​ထိန်း​များ​ကို​လည်း​ကောင်း က​စဥ့်​က​လျား​ဖြစ်​စေ​ခဲ့​၏။

22 အ​မျိုး​သား၊အ​မျိုး​သ​မီး​များ​ကို​လည်း​ကောင်း၊အ​သက်​ကြီး​သူ၊အ​သက်​ငယ်​သူ​များ ကို​လည်း​ကောင်း၊ယောကျာ်း​က​လေး​များ​နှင့်​မိန်း​က​လေး​များ ကို​လည်း​ကောင်း​ကွပ်​မျက်​ခဲ့​၏။

23 သိုး​ထိန်း​များ​နှင့်​သိုး​အုပ်​များ​ကို​သတ်​ဖြတ်​၍၊လယ်​သ​မား​များ​နှင့်​သူ​တို့​၏​ထွန်​နွား​များ ကို​လည်း​ကောင်း၊မင်း​များ​နှင့်​မှူး​မတ်​များ​ကို​လည်း​ကောင်း ချေ​မှုန်း​ခဲ့​၏'' ဟု​မိန့်​တော်​မူ​၏။

24 ထာ​ဝ​ရ​ဘု​ရား​က``ဇိ​အုန်​မြို့​အား​ဗာ​ဗု​လုန် မြို့​သူ​မြို့​သား​တို့​ပြု​ကျင့်​ခဲ့​သည့်​ဒု​စ​ရိုက် မ​ကောင်း​မှု​များ​အ​တွက် ငါ​လက်​စား​ချေ သည်​ကို​သင်​တို့​တွေ့​မြင်​ရ​ကြ​လိမ့်​မည်။-

25 အို ဗာ​ဗု​လုန်​မြို့၊ သင်​သည်​ကမ္ဘာ​မြေ​ပြင်​တစ်​ခု လုံး​ကို​ဖျက်​ဆီး​တတ်​သည့်​တောင်​နှင့်​တူ​၏။ သို့​ရာ​တွင်​ငါ​ထာ​ဝ​ရ​ဘု​ရား​ကား​သင်​၏ ရန်​သူ​ဖြစ်​ပေ​သည်။ ငါ​သည်​သင့်​ကို​ဆွဲ​ကိုင် ကာ​မြေ​ပြင်​နှင့်​တစ်​ညီ​တည်း​ဖြစ်​စေ​မည်။ သင့်​အား​ပြာ​ပုံ​ဆိုက်​စေ​မည်။-