ယေ​ရ​မိ 51:35-41 BCL

35 ``ငါ​တို့​ခံ​ရ​သည့်​အ​ကြမ်း​ဖက်​မှု​များ အ​တွက် ဗာ​ဗု​လုန်​မြို့​တွင်တာ​ဝန်​ရှိ​စေ​သ​တည်း'' ဟု​ဇိ​အုန်​မြို့​သား​တို့ ပြော​ဆို​ကြ​စေ​၏။``ငါ​တို့​ခံ​စား​ရ​သည့်​ဘေး​ဒုက္ခ​များ​အ​တွက် ဗာ​ဗု​လုန်​မြို့​တွင်​တာ​ဝန်​ရှိ​စေ​သတည်း''ဟုယေ​ရု​ရှ​လင်​မြို့​သား​တို့​ပြော​ဆို​ကြ​စေ။

36 သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ယေ​ရု​ရှ​လင် မြို့​သူ​မြို့​သား​တို့​အား``ငါ​သည်​သင်​တို့​၏ အ​ကျိုး​ကို​ပြု​စု​၍​သင်​တို့​အ​တွက်​လက်​စား ချေ​မည်။ ဗာ​ဗု​လုန်​ပြည်​၏​စမ်း​ရေ​တွင်း​များ နှင့်​မြစ်​များ​ကို​ခန်း​ခြောက်​စေ​မည်။-

37 ထို​အ​ခါ​ဗာ​ဗု​လုန်​မြို့​သည်​တော​တိ​ရစ္ဆာန်​ခို အောင်း​ရာ အ​ဆောက်​အ​အုံ​ပျက်​များ​ဖြစ်​၍​နေ လိမ့်​မည်။ ယင်း​သည်​တုန်​လှုပ်​ချောက်​ချား​ဖွယ် ကောင်း​သော​မြင်​ကွင်း​ဖြစ်​၍ လူ​သူ​ဆိတ်​ငြိမ် ရာ​ဖြစ်​လိမ့်​မည်။-

38 ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​သည်​ခြင်္သေ့​များ ကဲ့​သို့​ဟောက်​ကြ​၏။ ခြင်္သေ့​ငယ်​များ​ကဲ့​သို့ ဟိန်း​ကြ​၏။-

39 သူ​တို့​သည်​အ​စား​ကြူး​သူ​များ​ပေ​လော။ ငါ သည်​သူ​တို့​အား​စား​ပွဲ​ကြီး​တစ်​ခု​တည်​ခင်း ကျွေး​မွေး​ကာ​မူး​ယစ်​ပျော်​ရွင်​စေ​မည်။ သူ​တို့ သည်​အိပ်​ပျော်​၍​သွား​ပြီး​လျှင်​နောင်​အ​ဘယ် အ​ခါ​၌​မျှ​နိုး​ထ​ကြ​တော့​မည်​မ​ဟုတ်။-

40 ငါ​သည်​သူ​တို့​အား​သိုး​သ​ငယ်​များ​ကဲ့​သို့ လည်း​ကောင်း၊ ဆိတ်​ထီး၊ သိုး​ထီး​များ​ကဲ့​သို့ လည်း​ကောင်း​သတ်​ရန်​ခေါ်​ဆောင်​သွား​မည် ဟု​မိန့်​တော်​မူ​၏။

41 ထာ​ဝ​ရ​ဘု​ရား​သည်​ဗာ​ဗု​လုန်​မြို့​အ​ကြောင်း နှင့်​ပတ်​သက်​၍​မိန့်​တော်​မူ​သည်​မှာ``ကမ္ဘာ​တစ် ဝှမ်း​လုံး​က​ချီး​မွမ်း​ထော​မ​နာ​ပြု​သည့်​ဗာ ဗု​လုန်​မြို့​သည်​အ​သိမ်း​ခံ​ရ​လေ​ပြီ။ ဗာ​ဗု လုန်​မြို့​သည်​လူ​မျိုး​တ​ကာ​တို့​အ​တွက် လန့်​ဖျပ်​တုန်​လှုပ်​စ​ရာ​ဖြစ်​၍​လာ​လေ​ပြီ။-