5 ဣသရေလပြည်သားနှင့်ယုဒပြည်သားတို့ သည် ဣသရေလအမျိုးသားတို့၏သန့်ရှင်း မြင့်မြတ်တော်မူသောအရှင် ငါ့အားပြစ်မှား ကြသော်လည်းအနန္တတန်ခိုးရှင်ငါထာဝရ ဘုရားသည်သူတို့ကိုစွန့်ပစ်တော်မမူ။-
6 ဗာဗုလုန်မြို့မှထွက်ပြေးကြလော့။ သင်တို့ သည်အသက်ဘေးမှလွတ်မြောက်ရန်ထွက် ပြေးလော့။ ဗာဗုလုန်အပြစ်ကြောင့်အသေ မခံကြနှင့်။ ယခုငါသည်ဗာဗုလုန်မြို့ အာခံသည့်အပြစ်ဒဏ်အတွက်လက်စား ချေလျက်ရှိ၏။-
7 ဗာဗုလုန်မြို့သည်ငါကိုင်၍ထားသည့်ရွှေ ဖလား၊ ကမ္ဘာတစ်ဝှမ်းလုံးကိုမူးယစ်စေသည့် စပျစ်ရည်ခွက်ဖလားနှင့်တူ၏။ လူမျိုး တကာတို့သည်ထိုခွက်ဖလားမှစပျစ် ရည်ကိုသောက်၍ရူးသွတ်ကြကုန်၏။-
8 ဗာဗုလုန်မြို့သည်ရုတ်တရက်ပြိုလဲပျက် စီးသွားလေပြီ။ ထိုမြို့အတွက်ငိုကြွေး ကြလော့။ သူ၏ဒဏ်ရာများအတွက်ဆေး ဝါးကိုရှာကြလော့။ သူ့အားအနာရောဂါ ပျောက်ကင်းအောင်ကုသကောင်းကုသနိုင် ပေလိမ့်မည်။-
9 `ငါတို့သည်ဗာဗုလုန်မြို့ကိုကူမရန်ကြိုး စားကြပါသော်လည်းများစွာနောက်ကျ၍ နေလေပြီ။ လာကြ။ ထိုမြို့မှထွက်ခွာ၍ငါ တို့ပြည်သို့ပြန်ကြကုန်အံ့။ ဘုရားသခင်သည် အနန္တတန်ခိုးတော်ဖြင့်ဗာဗုလုန်မြို့ကိုအ ပြစ်ဒဏ်စီရင်တော်မူပြီ။ လုံးဝသုတ်သင် ဖျက်ဆီးတော်မူပြီ' ဟုဆိုကြ၏။
10 ``ငါ၏လူစုတော်က`ငါတို့ဖြောင့်မှန်ကြောင်း ကို ထာဝရဘုရားပြတော်မူလေပြီ။ ငါ တို့သည်ဇိအုန်မြို့သူမြို့သားတို့ထံသို့ သွား၍ ငါတို့၏ဘုရားသခင်ထာဝရ ဘုရားပြုတော်မူသောအမှုတော်ကို ပြောကြားကြကုန်အံ့' ဟုကြွေးကြော်၏'' ဟုမိန့်တော်မူ၏။
11 ထာဝရဘုရားသည်ဗာဗုလုန်မြို့ကိုသုတ် သင်ဖျက်ဆီးပစ်ရန်အကြံရှိတော်မူသဖြင့် မေဒိဘုရင်တို့ကိုလှုံ့ဆော်ပေးတော်မူလေ ပြီ။ ထိုနည်းအားဖြင့်ထာဝရဘုရားသည် ကိုယ်တော်၏ဗိမာန်တော်ဖျက်ဆီးခံခဲ့ ရခြင်းအတွက်လက်စားချေတော်မူမည်။တိုက်ခိုက်နေသူတပ်မတော်အရာရှိများ က``သင်တို့၏မြားများကိုချွန်ကြလော့။ ဒိုင်းလွှားများကိုကိုင်ဆောင်ကြလော့။-