51 သင်တို့က`ငါတို့သည်အသရေပျက်၍ အရှက်ကွဲရကြလေပြီ။ ဗိမာန်တော်မှ သန့်ရှင်းရာဌာနတော်တို့ကိုလူမျိုးခြား များသိမ်းပိုက်လိုက်ကြပြီဖြစ်၍ ငါတို့ သည်ခိုကိုးရာမဲ့ကြရပါ၏' ဟုဆို ကြ၏။-
52 ထို့ကြောင့်ဗာဗုလုန်ပြည်ရှိရုပ်တုများ ကိုငါအပြစ်ဒဏ်စီရင်၍ တစ်တိုင်းတစ် ပြည်လုံးတွင်ဒဏ်ရာရရှိသူတို့ငြီးတွား ကြမည့်နေ့ရက်ကာလကျရောက်လာလိမ့် မည်။-
53 အကယ်၍ဗာဗုလုန်မြို့သည်မိုးကောင်းကင် သို့တက်၍ ခံတပ်အခိုင်အမာဆောက်လုပ် နိုင်သည်ဟုပင်ဆိုစေကာမူ ငါသည်ထိုမြို့ ကိုတိုက်ဖျက်ရန်လူများကိုစေလွှတ်မည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟူ၍တည်း။
54 ထာဝရဘုရားက၊``ဗာဗုလုန်မြို့၌ငိုကြွေးနေကြသော အသံကိုလည်းကောင်း၊တိုင်းပြည်ပျက်သဖြင့်ဝမ်းနည်းပူဆွေးကြသော အသံကိုလည်းကောင်းနားထောင်ကြလော့။
55 ငါသည်ဗာဗုလုန်မြို့ကိုသုတ်သင်ဖျက်ဆီးမည်။ထိုမြို့၏အသံဗလံများကိုလည်း ဆိတ်သုဉ်းစေမည်။စစ်သည်ဗိုလ်ခြေတို့သည်အသံမြည်ဟီးသော လှိုင်းလုံးများကဲ့သို့အပြင်းချီတက်လာ၍၊ဆူညံစွာကြွေးကြော်တိုက်ခိုက်ကြ၏။
56 သူတို့သည်ဗာဗုလုန်မြို့ကိုသုတ်သင်ဖျက်ဆီးရန် ရောက်ရှိလာကြလေပြီ။ဗာဗုလုန်စစ်သည်တော်တို့သည် အဖမ်းခံရကြ၏။သူတို့၏လေးများသည်လည်းကျိုး၍သွား ကြ၏။ငါသည်ဒုစရိုက်ပြုသူတို့ဆုံးမတတ်သော ဘုရားဖြစ်၏။ဗာဗုလုန်မြို့အားထိုက်လျောက်သည့်အတိုင်း အပြစ်ဒဏ်စီရင်မည်။
57 ထိုမြို့၏စီမံအုပ်ချုပ်သူများ၊ပညာရှိများ၊ခေါင်းဆောင်များနှင့်စစ်သည်တပ်သားများ အား ငါမူးယစ်စေမည်။သူတို့သည်အိပ်ပျော်သွားပြီးလျှင်နောင်အဘယ်အခါ၌မျှနိုးထကြလိမ့်မည် မဟုတ်။ဤကားငါဘုရင်မြွက်ဟသည့်စကားဖြစ်၏။ငါသည်အနန္တတန်ခိုးရှင်ထာဝရဘုရား ဖြစ်သတည်း။