58 တန်ခိုးကြီးသည့်ဗာဗုလုန်မြို့၏မြို့ရိုးများသည် ပြိုကျရလိမ့်မည်။မြင့်မားသောမြို့တံခါးတို့သည်လည်း မီးလောင်ကျွမ်း၍သွားလိမ့်မည်။လူမျိုးတကာတို့လုပ်ဆောင်ထားသောအရာ များသည် အချည်းနှီးဖြစ်လျက်သူတို့ကြိုးပမ်းအားထုတ်ခဲ့မှုများသည်လည်း မီးတောက်တွင်ပျောက်လွင့်သွားကြ၏။ဤကားအနန္တတန်ခိုးရှင်ထာဝရဘုရား မြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
59 မာသေယ၏မြေး၊ နေရိ၏သားစရာယသည် ဇေဒကိမင်း၏အပါးတော်မြဲဖြစ်၏။ ယုဒ ဘုရင်ဇေဒကိနန်းစံစတုတ္ထနှစ်၌စရာယ သည်ဗာဗုလုန်မြို့သို့ရှင်ဘုရင်နှင့်အတူ သွားမည်ဖြစ်သဖြင့် ငါသည်သူ့အားအနည်း ငယ်ညွှန်ကြားလိုက်လေသည်။-
60 ငါသည်ဗာဗုလုန်မြို့ကြုံတွေ့ရမည့်ပျက်စီး မှုမှန်သမျှကိုလည်းကောင်း၊ ဗာဗုလုန်မြို့ နှင့်သက်ဆိုင်သောအခြားအမှုကိစ္စများ ကိုလည်းကောင်းစာစောင်တစ်ခုတွင်ရေး သား၍ပေး၏။-
61 ငါသည်စရာယအား``ဗာဗုလုန်မြို့သို့ သင်ရောက်ရှိသောအခါဤစာစောင်တွင် ရေးသားဖော်ပြထားသမျှသောအကြောင်း အရာတို့ကိုလူတို့အားအော်၍ဖတ်ပြရန် မမေ့နှင့်။-
62 ထိုနောက်`အိုထာဝရဘုရား၊ ကိုယ်တော်ရှင် သည်ဤအရပ်ကိုလူနှင့်တိရစ္ဆာန်များပါ မကျန်၊ သက်ရှိသတ္တဝါတို့ဆိတ်သုဉ်းရာ သဲကန္တာရနှင့်ထာဝစဉ်တူစေမည်ဖြစ် ကြောင်းမိန့်တော်မူခဲ့ပါ၏' ဟုဆုတောင်း ပတ္ထနာပြုလော့။-
63 စရာယ၊ သင်သည်ဤစာစောင်ကိုပြည်သူ တို့အားဖတ်ပြပြီးသောအခါ ကျောက်ခဲ တစ်လုံးတွင်ကြိုးနှင့်ချည်၍ဥဖရတ်မြစ် ထဲသို့ပစ်ချလော့။-
64 ထိုနောက်`ဗာဗုလုန်မြို့သည်ဤအတိုင်းဖြစ် ပျက်ရလိမ့်မည်။ ထာဝရဘုရားပျက်စီး စေတော်မူမည်ဖြစ်၍ ထိုမြို့သည်နစ်မြုပ် ပြီးလျှင်နောက်တစ်ဖန်ပြန်၍ပေါ်လာလိမ့် မည်မဟုတ်' ဟုပြောကြားလော့'' ဟုဆို၏။ဤကားယေရမိမှာကြားသည့်စကားများ ပြီးဆုံးသတည်း။