ယေ​ရ​မိ 9:13-19 BCL

13 ထာ​ဝ​ရ​ဘု​ရား​က``ဤ​အ​မှု​အ​ရာ​ဖြစ်​ပျက် လာ​သည်​မှာ ငါ​၏​လူ​မျိုး​တော်​သည်​မိ​မိ​တို့ အား​ငါ​ပေး​အပ်​ခဲ့​သည့်​သြ​ဝါ​ဒ​ကို​စွန့်​ပယ် ခဲ့​ကြ​သော​ကြောင့်​ဖြစ်​၏။ သူ​တို့​သည်​ငါ​၏ စ​ကား​ကို​နား​မ​ထောင်။ ငါ​ပြော​ဆို​သည့် အ​တိုင်း​လည်း​မ​ပြု​မ​လုပ်​ကြ။-

14 သူ​တို့​သည်​ခေါင်း​မာ​လျက်​မိ​မိ​ဘိုး​ဘေး များ​သွန်​သင်​ထား​ခဲ့​သည့်​အ​တိုင်း ဗာ​လ ဘု​ရား​ကို​ဝတ်​ပြု​ရှိ​ခိုး​ကြ​၏။-

15 သို့​ဖြစ်​၍​သူ​တို့​အား​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​သ​ခင်​အ​နန္တ​တန်​ခိုး​ရှင် ငါ​ထာ​ဝ​ရ​ဘုရား​သည် အ​ဘယ်​သို့​ပြု​တော် မူ​မည်​ကို​နား​ထောင်​လော့။ ငါ​သည်​မိ​မိ​၏ လူ​မျိုး​တော်​အား​ခါး​သော​ဒေါ​န​ပင်​ကို ကျွေး​၍ အ​ဆိပ်​ပါ​သော​ရေ​ကို​သောက်​စေ​မည်။-

16 ငါ​သည်​သူ​တို့​နှင့်​သူ​တို့​ဘိုး​ဘေး​များ​ပင် မ​ကြား​ဘူး​သည့်​လူ​မျိုး​များ​အ​ထဲ​တွင် သူ တို့​အား​ပျံ့​လွင့်​သွား​စေ​မည်။ ထို​နောက်​သူ​တို့ အား​လုံး​ဝ​ပျက်​စီး​သည့်​တိုင်​အောင် တိုက်​ခိုက် ရန်​စစ်​တပ်​များ​ကို​ငါ​စေ​လွှတ်​မည်'' ဟု​မိန့် တော်​မူ​၏။

17 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က ``စဉ်း​စား​ဆင်​ခြင်​ကြ​လော့။ငို​ချင်း​သည်​များ၊မ​သာ​သီ​ချင်း​ကို​ကျွမ်း ကျင်​စွာ သီ​ဆို​တတ်​သူအ​မျိုး​သ​မီး​များ​အား​ခေါ်​ယူ​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။

18 လူ​တို့​က​လည်း``ငါ​တို့​မျက်​စိ​များ​သည် မျက်​ရည်​နှင့်​ပြည့်​လျက်ငါ​တို့​မျက်​ခွံ​များ​သည်​ငို​ရ​လွန်း​သ​ဖြင့်​မျက် ရည်​နှင့် စို​စွတ်​လျက်​နေ​သည်​တိုင်​အောင်မ​သာ​သီ​ချင်း​ကို​သီ​ဆို​ပေး​နိုင်​ရန်​ငို​ချင်း​သည် တို့​အား အ​မြန်​ခေါ်​ယူ​ကြ​လော့'' ဟု​ဆို​ကြ​၏။

19 ``ငါ​တို့​သည်​ဆုံး​ပါး​ပျက်​စီး​လျက်၊လုံး​ဝ အ​သ​ရေ​ပျက် ရ​ကြ​လေ​ပြီ​တ​ကား။ငါ​တို့​၏​အိမ်​ရာ​များ​သည်​ပြို​ပျက်​သွား​ပြီ​ဖြစ်​၍ငါ​တို့​သည်​မိ​မိ​တို့​ပြည်​ကို​စွန့်​ခွာ​ရ​ကြ​ပေ​တော့​မည်'' ဟူ​၍​ဇိ​အုန်​မြို့​သား​တို့​ငို​ကြွေး​မြည်​တမ်း​သံ​ကိုနား​ထောင်​ကြ​လော့​ဟု​ဆို​ကြ​၏။