ယေ​ရ​မိ 9:2-8 BCL

2 ငါ​သည်​မိ​မိ​အ​မျိုး​သား​များ​အား​စွန့်​ခွာ​ပြီး လျှင်သဲ​ကန္တာ​ရ​တွင်​သွား​ရောက်​နေ​ထိုင်​စ​ရာ အ​ခန်း​တစ်​ခု​ကို​လို​ချင်​စမ်း​ပါ​ဘိ။သူ​တို့​အား​လုံး​ပင်​လျှင်​သစ္စာ​မဲ့​၍​အခြား ဖောက်​ပြား​သူ​များ​ဖြစ်​ကြ​၏။

3 သူ​တို့​သည်​လိမ်​လည်​ပြော​ဆို​ရန်​လေး​မှ လွှတ်​သော မြား​ကဲ့​သို့​အ​ဘယ်​အခါ​၌​မျှ​နှုတ်​မ​လေး​ကြ။တိုင်း​ပြည်​တွင်​သစ္စာ​တ​ရား​အုပ်​စိုး​မည့်​အ​စား မု​သား​စ​ကား​အုပ်​စိုး​လျက်​နေ​၏။ထာ​ဝ​ရ​ဘု​ရား​က၊``ငါ​၏​လူ​မျိုး​တော်​သည်​ဒု​စ​ရိုက်​တစ်​ခု​ပြီး တစ်​ခု ကူး​လွန်​လျက်ငါ့​ကို​သူ​တို့​၏​ဘု​ရား​အ​ဖြစ်​လက်​မ​ခံ​ကြ'' ဟု​မိန့်​တော်​မူ​၏။

4 လူ​တိုင်း​ပင်​မိ​မိ​တို့​မိတ်​ဆွေ​များ​ကို သ​တိ​ထား ရ​ကြ​လိမ့်​မည်။အ​ဘယ်​သူ​မျှ​မိ​မိ​၏​ညီ​အစ်​ကို​ကို​ယုံ​၍​မ​ရ။အ​ဘယ်​ကြောင့်​ဆို​သော်​ညီ​အစ်​ကို​တိုင်း​ပင်​လျှင် လှည့်​စား​တတ်​၍လူ​တိုင်း​သည်​လည်း၊မိ​မိ​မိတ်​ဆွေ​များ​ကို အ​သ​ရေ​ဖျက်​တတ်​ကြ​သော​ကြောင့်​ဖြစ်​၏။

5 သူ​တို့​သည်​မိတ်​ဆွေ​များ​ကို​လိမ်​လည်​လှည့်​စား ကြ​၏။ အ​ဘယ်​သစ္စာ​စ​ကား​ကို​မျှ​မ​ပြော​မ​ဆို​ကြ။သူ​တို့​သည်​မု​သား​စ​ကား​ပြော​ဆို​တတ်​ရန် မိ​မိ​တို့​နှုတ်​ကို​သွန်​သင်​ထား​ကြ​၏။အ​ပြစ်​ကို​ပြု​၍​မိ​မိ​တို့​ကိုယ်​ကို​မော​ပန်း စေ​ကြ​ပြီ။

6 သူ​တို့​သည်​အ​ပြစ်​ဒု​စ​ရိုက်​ကို​မ​စွန့်​ပစ်​ကြ။သူ​တို့​သည်​လိမ်​လည်​လှည့်​စား​ကြ​၏။ထာ​ဝ​ရ​ဘု​ရား​က​မိ​မိ​၏​လူ​မျိုး​တော်​သည် ကိုယ်​တော်​အား​ပစ်​ပယ်​ကြောင်း​မိန့်​တော်​မူ​၏။

7 ဤ​အ​ကြောင်း​ကြောင့်​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​သတ္တု​ကို​အရည်​ကျို​၍​ချွတ်​သ​ကဲ့​သို့၊ ငါ့​လူ​မျိုး​တော်​ကို​သန့်​စင်​အောင်​ပြု​မည်။သူ​တို့​အား​ငါ​ဆန်း​စစ်​၍​ကြည့်​မည်။ငါ​၏​လူ​မျိုး​တော်​သည်​အ​ပြစ်​ဒု​စ​ရိုက်​ကို ကူး​လွန်​ကြ​လေ​ပြီ။ငါ​သည်​သူ​တို့​အား​အ​ဘယ်​သို့​ပြု​ရ​မည်​နည်း။

8 သူ​တို့​၏​လျှာ​သည်​အ​ဆိပ်​လူး​မြား​နှင့်​တူ​၏။သူ​တို့​သည်​လိမ်​လည်​လှည့်​စား​သည့်​စကား​ကို အ​မြဲ​ပြော​ဆို​ကြ​၏။လူ​တိုင်း​ပင်​မိ​မိ​အိမ်​နီး​ချင်း​အား​နှုတ်​ချို​စွာ ပြော​ဆို​တတ်​သော်​လည်းစင်​စစ်​အား​ဖြင့်၊သူ့​အ​တွက်​ထောင်​ချောက်​ကို ထောင်​ဖမ်း​လျက်​နေ​သည်။