ယေ​ရ​မိ 9:5-11 BCL

5 သူ​တို့​သည်​မိတ်​ဆွေ​များ​ကို​လိမ်​လည်​လှည့်​စား ကြ​၏။ အ​ဘယ်​သစ္စာ​စ​ကား​ကို​မျှ​မ​ပြော​မ​ဆို​ကြ။သူ​တို့​သည်​မု​သား​စ​ကား​ပြော​ဆို​တတ်​ရန် မိ​မိ​တို့​နှုတ်​ကို​သွန်​သင်​ထား​ကြ​၏။အ​ပြစ်​ကို​ပြု​၍​မိ​မိ​တို့​ကိုယ်​ကို​မော​ပန်း စေ​ကြ​ပြီ။

6 သူ​တို့​သည်​အ​ပြစ်​ဒု​စ​ရိုက်​ကို​မ​စွန့်​ပစ်​ကြ။သူ​တို့​သည်​လိမ်​လည်​လှည့်​စား​ကြ​၏။ထာ​ဝ​ရ​ဘု​ရား​က​မိ​မိ​၏​လူ​မျိုး​တော်​သည် ကိုယ်​တော်​အား​ပစ်​ပယ်​ကြောင်း​မိန့်​တော်​မူ​၏။

7 ဤ​အ​ကြောင်း​ကြောင့်​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​သတ္တု​ကို​အရည်​ကျို​၍​ချွတ်​သ​ကဲ့​သို့၊ ငါ့​လူ​မျိုး​တော်​ကို​သန့်​စင်​အောင်​ပြု​မည်။သူ​တို့​အား​ငါ​ဆန်း​စစ်​၍​ကြည့်​မည်။ငါ​၏​လူ​မျိုး​တော်​သည်​အ​ပြစ်​ဒု​စ​ရိုက်​ကို ကူး​လွန်​ကြ​လေ​ပြီ။ငါ​သည်​သူ​တို့​အား​အ​ဘယ်​သို့​ပြု​ရ​မည်​နည်း။

8 သူ​တို့​၏​လျှာ​သည်​အ​ဆိပ်​လူး​မြား​နှင့်​တူ​၏။သူ​တို့​သည်​လိမ်​လည်​လှည့်​စား​သည့်​စကား​ကို အ​မြဲ​ပြော​ဆို​ကြ​၏။လူ​တိုင်း​ပင်​မိ​မိ​အိမ်​နီး​ချင်း​အား​နှုတ်​ချို​စွာ ပြော​ဆို​တတ်​သော်​လည်းစင်​စစ်​အား​ဖြင့်၊သူ့​အ​တွက်​ထောင်​ချောက်​ကို ထောင်​ဖမ်း​လျက်​နေ​သည်။

9 ဤ​သို့​သော​အ​မှု​တို့​ကို​ပြု​သည့်​အ​တွက်​ငါ​သည် သူ​တို့​အား​အ​ပြစ်​ဒဏ်​မ​ခတ်​ဘဲ​နေ​ရ​မည်​လော။ဤ​သို့​သော​လူ​မျိုး​ကို​ငါ​သည်​လက်​စား​မ​ချေ​ဘဲ နေ​ရ​မည်​လော။ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

10 ယေ​ရ​မိ​က``တောင်​ရိုး​များ​အ​တွက်​ငါ​မြည် တမ်း​မည်။ မြက်​ခင်း​များ​အ​တွက်​ငါ​ငို​ကြွေး​မည်။အ​ဘယ်​ကြောင့်​ဆို​သော်​စား​ကျက်​တို့​သည် ခြောက်​သွေ့​သွား​၍ဖြတ်​သန်း​သွား​လာ​မည့်​သူ​ကင်း​မဲ့​လျက် နေ​သော​ကြောင့်​ဖြစ်​၏။သိုး​နွား​မြည်​သံ​ကို​မ​ကြား​ရ​ကြ​တော့​ပေ။ငှက်​များ၊တော​တိ​ရစ္ဆာန်​များ​သည်​လည်း ထွက်​ပြေး​ကြ​လေ​ပြီ'' ဟု​ဆို​၏။

11 ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ယေ​ရု​ရှ​လင် မြို့​ကို တော​ခွေး​များ​ခို​အောင်း​ရာ၊အ​ဆောက်​အ​အုံ​ပျက်​များ​စု​ဝေး​ရာ​အ​ရပ် ဖြစ်​စေ​မည်။ယု​ဒ​မြို့​တို့​သည်​လည်း​လူ​သူ​ဆိတ်​ညံ​ရာ သဲ​ကန္တာရ ဖြစ်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။