16 ယေဟလလေလတွင်ဇိဖ၊ ဇိဖာ၊ တိရိ နှင့်အာသရေလဟူသောသားလေးယောက် ရှိ၏။
17-18 ဧဇရတွင်ယေသာ၊ မေရက်၊ ဧဖာ၊ ယာလုန်၊ ဟူ၍သားလေးယောက်ရှိ၏။ မေရက်သည် အီဂျစ်ဘုရင်၏သမီးတော်ဗိသယာနှင့် စုံဖက်၍ မိရိအံဟူသောသမီးတစ်ယောက် နှင့်ရှမ္မဲ၊ ဣရှဘဟူသောသားနှစ်ယောက်ကို ရလေသည်။ ဣရှဘသည်ဧရှတမောမြို့ ကိုတည်ထောင်၏။ မေရက်သည်ယုဒအမျိုး သမီးတစ်ယောက်နှင့်လည်းစုံဖက်လေသည်။ သူတို့နှစ်ဦးတွင်ဂေဒေါ်မြို့ကိုတည်ထောင် သူယေရက်၊ စောခေါမြို့ကိုတည်ထောင်သူ ဟေဗာနှင့်ဇာနော်မြို့ကိုတည်ထောင်သူ ယေကုသေလဟူသောသားသုံးယောက် ရှိ၏။
19 ဟောဒိယသည်နာဟံ၏နှမနှင့်စုံဖက်၏။ သူတို့၏သားမြေးများသည်ကိလမြို့တွင် နေထိုင်သောမာခသားချင်းစုကိုလည်း ကောင်း တည်ထောင်သူများဖြစ်ကြ၏။
20 ရှိမုန်တွင်အာမနုန်၊ ရိန္န၊ ဗင်္ဟာနန်၊ တိလုန်ဟူ သောသားလေးယောက်ရှိ၏။ဣရှိတွင်ဇောဟက်နှင့်ဗင်္ဇောဟက်ဟူသောသား နှစ်ယောက်ရှိ၏။
21 ရှေလသည်ယုဒ၏သားတစ်ယောက်ဖြစ်၏။ သူ၏သားမြေးများတွင်လေကမြို့ကိုတည် ထောင်သူ ဧရနှင့်မရေရှမြို့ကိုတည်ထောင် သူလာဒသည်လည်းကောင်း၊ ဗေသရှေဘ မြို့တွင်နေထိုင်ကြသော ပိတ်ချောထည်ယက် သည့်သားချင်းစုသည်လည်းကောင်း၊-
22 ယောယကိမ်နှင့်ခေါဇေဘမြို့တွင် နေထိုင် ကြသောလူတို့သည်လည်းကောင်း၊ မောဘ ပြည်သူအမျိုးသမီးများနှင့်အိမ်ထောင် ပြု၍ဗက်လင်မြို့တွင်နေထိုင်ကြသော ယောရှနှင့်သာရပ်တို့သည်လည်းကောင်း ပါဝင်ကြ၏။ (ဤသည်ကားရှေးစကားဖြစ် သတည်း။-)
23 ယောရှနှင့်သာရပ်တို့သည်ဘုရင်၏အမှု တော်ထမ်းအိုးထိန်းသည်များဖြစ်၍ နတိမ် နှင့်ဂဒေရမြို့တို့တွင်နေထိုင်ကြပေသည်။