11 ထိုသူတို့သည် ဣသရေလလူတို့ရှေ့မှာပြေး၍ ဗေသောရုန်မြို့သို့ ဆင်းသွားရာတွင်၊ ထာဝရဘုရားသည် မိုဃ်းကောင်းကင်မှ ကြီးစွာသော မိုဃ်းသီးကို အဇေကာမြို့တိုင်အောင် သူတို့အပေါ်၌ ချတော်မူ၍၊ သူတို့သည် ဣသရေလလူတို့၏ ထားကြောင့် သေသည်ထက် မိုဃ်းသီးကြောင့် သာ၍သေကြ၏။
12 ထိုသို့ အာမောရိလူတို့ကို ဣသရေလအမျိုးသားတို့၌ အပ်တော်မူသောနေ့မှာ၊ ယောရှုသည် ထာဝရဘုရားကို ဆုတောင်းပြီးလျှင်၊ အိုနေ သင်သည်ဂိဗောင်မြို့၌၎င်း၊ အိုလ သင်သည်အာယလုန်ချိုင့်၌၎င်း ငြိမ်ဝပ်စွာနေလော့ဟု ဣသရေလအမျိုးသားများရှေ့တွင် မြွက်ဆိုသည်အတိုင်း၊
13 ဣသရေလလူတို့သည် ရန်သူတို့အားအပြစ်ဒဏ်မပေးမှီတိုင်အောင် နေသည် ငြိမ်ဝပ်စွာနေ၍ လသည်ရပ်လေ၏။ ယာရှာ၏စာ၌ပါသည်ကား၊ မိုဃ်း ကောင်းကင်အလယ်၌ နေသည်ရပ်နေ၏။ ဝင်မြဲဝင်အံ့သောငှါ တနေ့လုံး အလျှင်းမပြုဟု ပါသည်မဟုတ်လော။
14 ထာဝရဘုရားသည် လူစကားကို နားထောင်၍၊ ထိုသို့သောနေ့တနေ့မျှ မဖြစ်စဖူး။ နောက်ဖန်လည်းမဖြစ်။ အကြောင်းမူကား၊ ထာဝရဘုရားသည် ဣသရေလအမျိုးဘက်မှာ စစ်တိုက်တော်မူ၏။
15 ထိုနောက်၊ ယောရှုသည်၊ ဣသရေလလူအပေါင်းတို့နှင့်တကွ၊ ဂိလဂါလတပ်သို့ ပြန်သွား၏။
16 မင်းကြီးငါးပါးတို့သည်ပြေး၍ မက္ကဒါလိုင်ခေါင်း၌ ပုန်းလျက်နေကြ၏။
17 မက္ကဒါလိုင်ခေါင်း၌ ပုန်းလျက်နေသော မင်းကြီးငါးပါးကို တွေ့ပါပြီဟု ယောရှုအားကြားလျှောက်လျှင်၊