ယော​ရှု 16 BJB

1 ယောသပ်အမျိုးသားတို့သည် စာရေးတံပြု၍ အမွေခံရသောမြေ အပိုင်းအခြားသည်ယော်ဒန်မြစ်နား၊ ယေရိခေါမြို့အရှေ့၊ ယေရိခေါအိုင်မှထွက်၍ တောလမ်းသို့ လိုက်လျက်၊ ဗေသလတောင်တရှောက်လုံးသွားသဖြင့်၊

2 ဗေသလလုဇမြို့သို့၎င်း၊ အာခိအတရုတ် မြို့သို့ ၎င်း၊

3 အနောက်မျက်နှာ၌ ယာဖလေတိမြို့သို့၎င်း၊ အောက်ဗက်ဟောရုန်မြို့သို့၎င်း၊ ဂေဇာမြို့သို့၎င်း ရောက်၍ ပင်လယ်၌ဆုံးလေ၏။

4 ထိုသို့ ယောသပ်၏သား မနာရှေနှင့် ဧဖရိမ်တို့သည် အမွေခံရကြ၏။

5 ဧဖရိမ်အမျိုးသားတို့သည် အဆွေအမျိုးအလိုက်နေသော မြေအပိုင်းအခြားသည်၊ အရှေ့ဘက်၌ အတရုတ်အဒ္ဒါမြို့မှ အထက်ဗက်ဟောရုန်မြို့သို့ လိုက်၍၊

6 မြောက်မျက်နှာ၌ ပင်လယ်နား၊ မိတ်မေသမြို့သို့ထွက်၏။ တဖန် အရှေ့သို့ မျက်နှာပြု၍ တာနတ်ရှိလောမြို့အရှေ့မှာ ရှောက်လျက်၊

7 ယနောဟမြို့သို့၎င်း၊ ယနောဟမြို့မှ အတရုတ်မြို့၊ နာရတ်မြို့၊ ယေရိခေါမြို့သို့၎င်း ရောက်၍ ယော်ဒန်မြစ်၌ ဆုံးလေ၏။

8 တာပွါမြို့မှအနောက်သို့သွား၍ ကာနမြစ်သို့လိုက်လျက် ပင်လယ်၌ ဆုံးလေ၏။

9 ဤရွေ့ကား၊ မနာရှေအမျိုးသားတို့အဘို့ အမွေခံရသောမြေ၌ ဧဖရိမ်အမျိုးသားတို့အဘို့ ခွဲထားသောမြို့များနှင့်တကွ ဧဖရိမ်အမျိုးသား အဆွေအမျိုးအလိုက် အမွေခံရသောမြို့ရွာများဖြစ်သတည်း။

10 ဂေဇာမြို့၌နေသော ခါနနိလူတို့ကို မနှင်ထုတ်ဘဲ သူတို့သည် ယနေ့တိုင်အောင် ဧဖရိမ်အမျိုးသားတို့နှင့် အတူနေ၍ အခွန်ပေးရကြ၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24