14 မြောက်ဘက်၌လည်းဝိုင်းသဖြင့်၊ ဟန္နသုန်မြို့သို့ရောက်၍ ယိဖသေလချိုင့်၌ ဆုံးလေ၏။
15 ထိုမှတပါး၊ ကတ္တတ်မြို့၊ နဟာလာလမြို့၊ ရှိမရုန်မြို့၊ ဣဒလမြို့၊ ဗက်လင်မြို့တည်းဟူသောရွာနှင့်တကွ ဆယ်နှစ်မြို့ရှိသတည်း။
16 ဤရွေ့ကားမြို့ရွာပါလျက် ဇာဗုလုန်အမျိုးသားတို့သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။
17 စတုတ္ထတကြိမ်စာရေးတံပြု၍ ဣသခါအမျိုးသားတို့သည် အဆွေအမျိုးအလိုက် အမွေခံရကြ၏။
18 သူတို့အပိုင်းအခြားသည် ယေဇရေလမြို့၊ ခေသုလုတ်မြို့၊ ရှုနင်မြို့၊
19 ဟာဖရိမ်မြို့၊ ရှိဟုန်မြို့၊ အာနဟာရတ်မြို့၊
20 ရဗ္ဗိတ်မြို့၊ ကိရှုန်မြို့၊ အာဗက်မြို့၊