ဂ​လာ​တိ​ဩ​ဝါ​ဒ​စာ 4:16-22 MSB

16 ငါ​သည် သင်​တို့​အား သမ္မာ​တ​ရား​ကို​ဟော​ပြော​သော​ကြောင့် သင်​တို့​၏​ရန်​သူ​ဖြစ်​သွား​ပြီ​လော။

17 သင်​တို့​အ​ပေါ် အ​ရေး​တ​ယူ​ပြု​ကြ​သော​ထို​သူ​တို့​သည် ကောင်း​သော​ရည်​ရွယ်​ချက်​ကြောင့်​မ​ဟုတ်​ဘဲ သူ​တို့​အ​ပေါ် အ​ရေး​တ​ယူ​ပြု​စေ​ရန် သင်​တို့​ကို သီး​သန့်​ဖယ်​ထုတ်​လို​၍​သာ​ဖြစ်​၏။

18 သင်​တို့​နှင့်​အ​တူ ငါ​ရှိ​နေ​စဉ်​တွင်​သာ​မ​ဟုတ်​ဘဲ အ​စဉ်​အ​မြဲ ကောင်း​သော​ရည်​ရွယ်​ချက်​ဖြင့် အ​ရေး​တ​ယူ​ပြု​ခံ​ရ​ခြင်း​သည် ကောင်း​ပေ​၏။

19 ခ​ရစ်​တော်​၏​အ​သွင်​သဏ္ဌာန်​သည် သင်​တို့​ထဲ​၌ ပေါ်​ပေါက်​လာ​သည့်​တိုင်​အောင် သင်​တို့​အ​တွက် သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို ငါ​တစ်​ဖန်​ခံ​စား​ရ​သော ငါ့​သား​သ​မီး​တို့၊

20 ငါ​သည် သင်​တို့​နှင့်​ပတ်​သက်​၍ တွေး​မ​ရ​ဖြစ်​နေ​သ​ဖြင့် ယ​ခု​ပင် သင်​တို့​နှင့်​အ​တူ​ရှိ​လျက် ငါ့​လေ​သံ​ကို ငါ​ပြောင်း​လို​၏။

21 ပ​ညတ်​တ​ရား​အောက်​၌​နေ​လို​သော​သူ​တို့၊ ငါ့​ကို​ပြော​ပြ​ကြ​လော့။ ပ​ညတ်​တ​ရား​က မည်​သို့​မိန့်​ဆို​ထား​သည်​ကို သင်​တို့​မ​ကြား​ကြ​သ​လော။

22 အ​ကြောင်း​မူ​ကား “အာ​ဗြ​ဟံ​၌ သား​နှစ်​ဦး​ရှိ​၏။ တစ်​ဦး​သည် ကျွန်​မ​၏​သား​ဖြစ်​ပြီး တစ်​ဦး​သည် လွတ်​လပ်​သော​မိန်း​မ​၏​သား​ဖြစ်​၏”​ဟု ရေး​ထား​၏။