ဂ​လာ​တိ​ဩ​ဝါ​ဒ​စာ 3 MSB

ယုံ​ကြည်​ခြင်း​အား​ဖြင့် ဖြောင့်​မတ်​သည်​ဟု အ​သိ​အ​မှတ်​ပြု​ခံ​ရ​ခြင်း

1 အို မိုက်​မဲ​သော​ဂ​လာ​တိ​ပြည်​သား​တို့၊ လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ခြင်း​ခံ​ရ​သော ယေ​ရှု​ခ​ရစ်​တော်​သည် သင်​တို့​မျက်​စိ​ရှေ့​၌ ထင်​ရှား​စွာ​ဖော်​ပြ​ခြင်း​ခံ​ရ​လျက်​နှင့် မည်​သူ​က သင်​တို့​ကို​ပြု​စား​လိုက်​သ​နည်း။

2 ဤ​အ​ချက်​ကို​သာ သင်​တို့​ထံ​မှ ငါ​သိ​လို​၏။ သင်​တို့​သည် ဝိ​ညာဉ်​တော်​ကို ပ​ညတ်​တ​ရား​နှင့်​ဆိုင်​သော​အ​ကျင့်​အား​ဖြင့် ခံ​ယူ​ရ​ရှိ​ကြ​သ​လော။ သို့​မ​ဟုတ် ကြား​နာ​၍​ယုံ​ကြည်​သော​အား​ဖြင့် ခံ​ယူ​ရ​ရှိ​ကြ​သ​လော။

3 သင်​တို့​သည် ဤ​မျှ​လောက် မိုက်​မဲ​ကြ​သ​လော။ ဝိ​ညာဉ်​တော်​အား​ဖြင့်​အ​စ​ပြု​ခဲ့​ပြီး​မှ ယ​ခု သွေး​သား​ဇာ​တိ​အား​ဖြင့် အ​ဆုံး​သတ်​လို​ကြ​သ​လော။

4 သင်​တို့​သည် ဤ​မျှ​လောက် များ​စွာ​သော​ဒုက္ခ​ဝေ​ဒ​နာ​ကို အ​ချည်း​နှီး​ခံ​စား​ခဲ့​ကြ​ပြီ​လော။ ၎င်း​သည် အ​မှန်​ပင် အ​ချည်း​နှီး​ဖြစ်​သ​လော။

5 သို့​ဖြစ်​လျှင် ဝိ​ညာဉ်​တော်​ကို သင်​တို့​အား​ပေး​တော်​မူ​၍ သင်​တို့​ထဲ​၌ တန်​ခိုး​နှင့်​ပြည့်​စုံ​သော​အ​မှု​ကို ပြု​တော်​မူ​သော​အ​ရှင်​သည် သင်​တို့​၏​ပ​ညတ်​တ​ရား​နှင့်​ဆိုင်​သော​အ​ကျင့်​ကြောင့် ထို​သို့​ပြု​တော်​မူ​သ​လော။ သို့​မ​ဟုတ် သင်​တို့​ကြား​နာ​၍​ယုံ​ကြည်​သော​ကြောင့် ထို​သို့​ပြု​တော်​မူ​သ​လော။

6 ဤ​သည်​ကား အာ​ဗြ​ဟံ​သည် ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​သ​ဖြင့် ထို​ယုံ​ကြည်​ခြင်း​ကို သူ​၏​ဖြောင့်​မတ်​ခြင်း​အ​ဖြစ် သတ်​မှတ်​တော်​မူ​၏​ဟု ဆို​ထား​သည့်​အ​တိုင်း​ဖြစ်​၏။

7 သို့​ဖြစ်​၍ ယုံ​ကြည်​ခြင်း​ရှိ​သော​သူ​တို့​သည် အာ​ဗြ​ဟံ​၏​သား​သ​မီး​များ​ဖြစ်​ကြ​သည်​ကို သိ​မှတ်​ကြ​လော့။

8 ဘု​ရား​သ​ခင်​သည် လူ​မျိုး​ခြား​တို့​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​တော်​မူ​မည်​ဖြစ်​ကြောင်း ကျမ်း​စာ​သည် ကြို​တင်​သိ​မြင်​၍ အာ​ဗြ​ဟံ​အား “လူ​မျိုး​အ​ပေါင်း​တို့​သည် သင့်​အား​ဖြင့် ကောင်း​ချီး​မင်္ဂ​လာ​ခံ​စား​ရ​လိမ့်​မည်”​ဟူ​သည့် ကောင်း​မြတ်​သော​သ​တင်း​ကို ကြို​တင်​ဟော​ပြော​လေ​၏။

9 ထို့​ကြောင့် ယုံ​ကြည်​ခြင်း​ရှိ​သော​သူ​တို့​သည် ယုံ​ကြည်​သော​အာ​ဗြ​ဟံ​နှင့်​အ​တူ ကောင်း​ချီး​မင်္ဂ​လာ​ခံ​စား​ရ​ကြ​၏။

ပ​ညတ်​တ​ရား​နှင့်​က​တိ​တော်

10 “ပ​ညတ်​တ​ရား​ကျမ်း​၌ ရေး​ထား​သ​မျှ​သော​အ​ရာ​တို့​ကို အ​မြဲ​မ​ကျင့်​သုံး​သော​သူ​တိုင်း​သည် ကျိန်​ခြင်း​ကို​ခံ​ရ​၏”​ဟု ရေး​ထား​သည်​ဖြစ်​၍ ပ​ညတ်​တ​ရား​နှင့်​ဆိုင်​သော​အ​ကျင့်​ကို အ​မှီ​ပြု​သော​သူ​ရှိ​သ​မျှ​တို့​သည် ကျိန်​ခြင်း​အောက်​၌​ရှိ​ကြ​၏။

11 “ဖြောင့်​မတ်​သော​သူ​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့် အ​သက်​ရှင်​မည်”​ဖြစ်​သော​ကြောင့် ပ​ညတ်​တ​ရား​အား​ဖြင့် မည်​သူ​မျှ ဘု​ရား​သ​ခင်​ရှေ့​တော်​၌ ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​ခြင်း​ခံ​ရ​မည်​မ​ဟုတ်​ကြောင်း သိ​သာ​ထင်​ရှား​၏။

12 သို့​သော် ပ​ညတ်​တ​ရား​သည် ယုံ​ကြည်​ခြင်း​နှင့်​ဆိုင်​သည်​မ​ဟုတ်​ဘဲ “ပ​ညတ်​တ​ရား​တို့​ကို ကျင့်​သုံး​သော​သူ​သည် ၎င်း​တို့​အား​ဖြင့် အ​သက်​ရှင်​မည်”​ဖြစ်​၏။

13 ခ​ရစ်​တော်​သည် ငါ​တို့​အ​တွက် ကျိန်​ခြင်း​ခံ​ရ​သူ​ဖြစ်​ပြီး ငါ​တို့​ကို ပ​ညတ်​တ​ရား​၏​ကျိန်​ခြင်း​မှ ရွေး​နုတ်​တော်​မူ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် “သစ်​တိုင်​ပေါ်​၌​ဆွဲ​ထား​ခြင်း​ခံ​ရ​သူ​တိုင်း ကျိန်​ခြင်း​ကို​ခံ​ရ​သူ​ဖြစ်​၏”​ဟု ရေး​ထား​၏။

14 ထို​သို့ ငါ​တို့​ကို​ရွေး​နုတ်​တော်​မူ​ခြင်း​မှာ အာ​ဗြ​ဟံ​ခံ​စား​ရ​သော​ကောင်း​ချီး​မင်္ဂ​လာ​သည် ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့် လူ​မျိုး​ခြား​တို့​အ​ပေါ်​သို့ သက်​ရောက်​သ​ဖြင့် က​တိ​ထား​တော်​မူ​သော​ဝိ​ညာဉ်​တော်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် ငါ​တို့​ခံ​ယူ​ရ​ရှိ​ရန်​အ​တွက်​ဖြစ်​၏။

15 ညီ​အစ်​ကို​တို့၊ လူ​၏​ထုံး​စံ​ကို​ပုံ​ဆောင်​၍ ငါ​ပြော​မည်။ လူ​တို့​ချုပ်​ဆို​ထား​သော​စာ​ချုပ်​ပင်​လျှင် မည်​သူ​က​မျှ ပယ်​ဖျက်​ခြင်း သို့​မ​ဟုတ် ဖြည့်​စွက်​ခြင်း​မ​ပြု​ရ​ချေ။

16 ဘု​ရား​သ​ခင်​သည် အာ​ဗြ​ဟံ​နှင့်​သူ​၏​အ​မျိုး​အ​နွယ်​အား က​တိ​ပေး​တော်​မူ​ရာ​၌ အ​များ​ကို​ရည်​ညွှန်း​၍ “အ​မျိုး​အ​နွယ်​တို့”​ဟု မိန့်​တော်​မ​မူ​ဘဲ တစ်​ယောက်​သော​သူ​ကို​သာ​ရည်​ညွှန်း​၍ “သင်​၏​အ​မျိုး​အ​နွယ်”​ဟု မိန့်​တော်​မူ​၏။ ထို​သူ​ကား ခ​ရစ်​တော်​ဖြစ်​၏။

17 ငါ​ဆို​လို​သည်​မှာ ဤ​သို့​ဖြစ်​၏။ နှစ်​ပေါင်း​လေး​ရာ​သုံး​ဆယ်​လွန်​ပြီး​မှ ပေါ်​လာ​သည့်​ပ​ညတ်​တ​ရား​သည် ဘု​ရား​သ​ခင်​ကြို​တင်​ဖွဲ့​ထား​သော​ပ​ဋိ​ညာဉ်​ကို မ​ပယ်​ဖျက်​သ​ကဲ့​သို့ က​တိ​တော်​ကို​လည်း မ​ပျက်​ပြယ်​စေ​နိုင်​ရာ။

18 အ​ကြောင်း​မူ​ကား အ​မွေ​တော်​သည် ပ​ညတ်​တ​ရား​အ​ပေါ်​၌​မူ​တည်​လျှင် က​တိ​တော်​အ​ပေါ်​၌ မ​မူ​တည်​တော့​ပေ။ သို့​သော် ဘု​ရား​သ​ခင်​သည် အာ​ဗြ​ဟံ​အား ထို​အ​မွေ​တော်​ကို က​တိ​တော်​အား​ဖြင့် ပေး​သ​နား​တော်​မူ​ပြီ။

ပ​ညတ်​တ​ရား​၏​ရည်​ရွယ်​ချက်

19 သို့​ဖြစ်​လျှင် ပ​ညတ်​တ​ရား​သည် အ​ဘယ်​ကြောင့်​ရှိ​ရ​သ​နည်း။ ၎င်း​သည် က​တိ​တော်​ကို​ခံ​ရ​သော​အ​မျိုး​အ​နွယ်​ပေါ်​ထွန်း​သည်​အ​ထိ ဖောက်​ဖျက်​ကျူး​လွန်​မှု​များ​ကြောင့် ဖြည့်​စွက်​ထား​ခြင်း​ခံ​ရ​ပြီး ကောင်း​ကင်​တ​မန်​များ​မှ​တစ်​ဆင့် ကြား​ဝင်​စေ့​စပ်​သူ​အား​ဖြင့် ပြဋ္ဌာန်း​ခြင်း​ခံ​ရ​၏။

20 ကြား​ဝင်​စေ့​စပ်​သူ​သည် တစ်​ဖက်​နှင့်​သာ​ဆိုင်​သည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​မူ​ကား တစ်​ပါး​တည်း​ဖြစ်​တော်​မူ​၏။

21 သို့​ဖြစ်​လျှင် ပ​ညတ်​တ​ရား​သည် ဘု​ရား​သ​ခင်​၏​က​တိ​တော်​နှင့် ဆန့်​ကျင်​ဘက်​ဖြစ်​သ​လော။ လုံး​ဝ​မ​ဖြစ်​ပေ။ အ​ကြောင်း​မူ​ကား ပေး​အပ်​ထား​သော​ပ​ညတ်​တ​ရား​သည် အ​သက်​ရှင်​စေ​နိုင်​သည်​ဆို​လျှင် ဖြောင့်​မတ်​ခြင်း​ကို ထို​ပ​ညတ်​တ​ရား​အား​ဖြင့် အ​မှန်​ပင်​ရ​ရှိ​ခဲ့​ပေ​လိမ့်​မည်။

22 သို့​သော် ယေ​ရှု​ခ​ရစ်​တော်​ကို​ယုံ​ကြည်​ခြင်း​နှင့်​စပ်​ဆိုင်​သော​က​တိ​တော်​ကို ယုံ​ကြည်​သော​သူ​တို့​အား​ပေး​အပ်​ရန် ကျမ်း​စာ​သည် လူ​အ​ပေါင်း​တို့​ကို အ​ပြစ်​တ​ရား​၏​လက်​အောက်​တွင် ချုပ်​နှောင်​ထား​၏။

23 သို့​ရာ​တွင် ငါ​တို့​သည် ယုံ​ကြည်​ခြင်း​တ​ရား​ရောက်​မ​လာ​မီ ပ​ညတ်​တ​ရား​အောက်​၌ စောင့်​ရှောက်​ခြင်း​ခံ​ရ​လျက် ယုံ​ကြည်​ခြင်း​တ​ရား​ထင်​ရှား​လာ​သည်​အ​ထိ ချုပ်​နှောင်​ထား​ခြင်း​ခံ​ရ​ကြ​၏။

24 ထို့​ကြောင့် ပ​ညတ်​တ​ရား​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့် ဖြောင့်​မတ်​သည်​ဟု​ငါ​တို့​အ​သိ​အ​မှတ်​ပြု​ခြင်း​ခံ​ရ​ရန် ငါ​တို့​ကို ခ​ရစ်​တော်​ထံ​သို့​ပို့​ဆောင်​သော ငါ​တို့​၏​အုပ်​ထိန်း​သူ​ဖြစ်​၏။

25 သို့​သော် ယုံ​ကြည်​ခြင်း​တ​ရား​ရောက်​လာ​ပြီ​ဖြစ်​၍ ငါ​တို့​သည် အုပ်​ထိန်း​သူ​၏​လက်​အောက်​၌ မ​ရှိ​ကြ​တော့​ပေ။

26 အ​ကြောင်း​မူ​ကား သင်​တို့​အား​လုံး​သည် ခ​ရစ်​တော်​ယေ​ရှု​ကို​ယုံ​ကြည်​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ​ဖြစ်​ကြ​၏။

သား​နှင့်​အ​မွေ​ခံ​များ

27 အ​ဘယ်​ကြောင့်​ဆို​သော် ခ​ရစ်​တော်​၌​ဗတ္တိ​ဇံ​ခံ​သော​သူ​ရှိ​သ​မျှ​တို့​သည် ခ​ရစ်​တော်​ကို​ဝတ်​ဆင်​ကြ​၏။

28 သင်​တို့​အား​လုံး​သည် ခ​ရစ်​တော်​ယေ​ရှု​၌ တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​ကြ​သော​ကြောင့် ဂျူး​လူ​မျိုး​နှင့်​ဂ​ရိ​လူ​မျိုး​ဟူ​၍​မ​ရှိ။ ကျွန်​နှင့်​လွတ်​လပ်​သူ​ဟူ​၍​မ​ရှိ။ ယောက်ျား​နှင့်​မိန်း​မ​ဟူ​၍​လည်း​မ​ရှိ။

29 သင်​တို့​သည် ခ​ရစ်​တော်​နှင့်​စပ်​ဆိုင်​လျှင် အာ​ဗြ​ဟံ​၏​အ​မျိုး​အ​နွယ်​ဖြစ်​၍ က​တိ​တော်​အ​ရ အ​မွေ​ခံ​များ​ဖြစ်​ကြ​၏။

အခန်းကြီး

1 2 3 4 5 6