ဂ​လာ​တိ​ဩ​ဝါ​ဒ​စာ 4 MSB

1 ငါ​ဆို​လို​သည်​ကား အ​မွေ​ခံ​သည် အ​မွေ​ပစ္စည်း​ရှိ​သ​မျှ​ကို ပိုင်​ဆိုင်​သူ​ဖြစ်​သော်​လည်း က​လေး​သူ​ငယ်​ဖြစ်​နေ​သေး​သ​ရွေ့ ကျွန်​နှင့်​ခြား​နား​ခြင်း​မ​ရှိ​ဘဲ

2 ဖ​ခင်​သတ်​မှတ်​သော​အ​ချိန်​မ​ရောက်​မ​ချင်း အိမ်​မှု​ကိစ္စ​စီ​မံ​ကွပ်​ကဲ​သူ​နှင့်​ဘဏ္ဍာ​စိုး​တို့​၏​လက်​အောက်​၌ နေ​ရ​၏။

3 ထို​နည်း​တူ ငါ​တို့​သည်​လည်း က​လေး​သူ​ငယ်​ဖြစ်​ကြ​စဉ် လော​က​၏​အ​ခြေ​ခံ​တ​ရား​အောက်​၌ ကျွန်​ခံ​ခဲ့​ကြ​၏။

4 သို့​သော် အ​ချိန်​ကာ​လ​ပြည့်​စုံ​ခြင်း​သို့​ရောက်​သော​အ​ခါ ဘု​ရား​သ​ခင်​သည် မိ​မိ​၏​သား​တော်​ကို​စေ​လွှတ်​တော်​မူ​၍ ထို​သား​တော်​သည် မိန်း​မ​တစ်​ဦး​မှ​မွေး​ဖွား​လျက် ပ​ညတ်​တ​ရား​အောက်​၌ ပေါ်​ထွန်း​တော်​မူ​၏။

5 ဤ​သည်​ကား ပ​ညတ်​တ​ရား​အောက်​၌​ရှိ​သော​သူ​တို့​ကို ရွေး​နုတ်​တော်​မူ​သ​ဖြင့် ငါ​တို့​သည် သား​သ​မီး​အ​ရာ​ကို​ရ​ရှိ​ကြ​ရန်​ဖြစ်​၏။

6 ထို​သို့ သင်​တို့​သည် သား​သ​မီး​များ​ဖြစ်​ကြ​သော​ကြောင့် ဘု​ရား​သ​ခင်​သည် “အဗ္ဗ၊ အ​ဖ”​ဟု ခေါ်​တတ်​သော မိ​မိ​သား​တော်​၏​ဝိ​ညာဉ်​တော်​ကို ငါ​တို့​၏​စိတ်​နှ​လုံး​ထဲ​သို့ စေ​လွှတ်​တော်​မူ​၏။

7 သို့​ဖြစ်​၍ သင်​သည် ကျွန်​မ​ဟုတ်​တော့​ဘဲ သား​ဖြစ်​၏။ သား​ဖြစ်​လျှင် ဘု​ရား​သ​ခင်​အား​ဖြင့် အ​မွေ​ခံ​လည်း​ဖြစ်​၏။

ဂ​လာ​တိ​ပြည်​သား​တို့​ကို​ပေါ​လု​အ​လေး​ထား​ခြင်း

8 သို့​သော် ဘု​ရား​သ​ခင်​ကို​မ​သိ​ခဲ့​စဉ်​က သင်​တို့​သည် ပင်​ကို​အား​ဖြင့် ဘု​ရား​မ​ဟုတ်​သော​အ​ရာ​များ​ထံ ကျွန်​ခံ​ခဲ့​ကြ​၏။

9 ယ​ခု​မူ​ကား သင်​တို့​သည် ဘု​ရား​သ​ခင်​ကို​သိ​ကြ​၏။ တစ်​နည်း​ဆို​ရ​လျှင် ဘု​ရား​သ​ခင်​သည် သင်​တို့​ကို​သိ​တော်​မူ​၏။ သို့​ဖြစ်​လျှင် အား​နည်း​၍ ချမ်း​သာ​မ​ပေး​နိုင်​သော​အ​ခြေ​ခံ​တ​ရား​ဘက်​သို့ အ​ဘယ်​ကြောင့် ပြန်​လှည့်​၍ ထို​အ​ခြေ​ခံ​တ​ရား​ထံ အ​သစ်​တစ်​ဖန် ပြန်​၍​ကျွန်​ခံ​လို​ကြ​သ​နည်း။

10 သင်​တို့​သည် နေ့​ရက်​များ၊ လ​များ၊ အ​ချိန်​အ​ခါ​များ​နှင့် နှစ်​တို့​ကို စောင့်​ထိန်း​ကြ​ပြီ​တ​ကား။

11 သင်​တို့​အ​တွက် ငါ​ကြိုး​စား​လုပ်​ဆောင်​ခဲ့​သော​အ​ရာ​သည် အ​ကြောင်း​တစ်​စုံ​တစ်​ခု​ကြောင့် အ​ချည်း​နှီး​ဖြစ်​ပြီ​လော​ဟု သင်​တို့​အ​တွက် ငါ​စိုး​ရိမ်​၏။

12 ညီ​အစ်​ကို​တို့၊ ငါ​ကဲ့​သို့​ဖြစ်​ကြ​ပါ​ဟု သင်​တို့​အား ငါ​တောင်း​ပန်​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ငါ​သည်​လည်း သင်​တို့​ကဲ့​သို့​ဖြစ်​ခဲ့​၏။ သင်​တို့​သည် ငါ့​အ​ပေါ် မည်​သည့်​မ​တ​ရား​မှု​ကို​မျှ မ​ပြု​ခဲ့​ကြ​ပေ။

13 ပ​ထ​မ​အ​ကြိမ် သင်​တို့​အား ကောင်း​မြတ်​သော​သ​တင်း​ကို ငါ​ဟော​ပြော​ရ​ခြင်း​မှာ ကိုယ်​ကာ​ယ​နာ​မ​ကျန်း​သော​ကြောင့်​ဖြစ်​သည်​ကို သင်​တို့​သိ​ကြ​၏။

14 ထို​သို့ ငါ​၏​ကိုယ်​ကာ​ယ​အ​ခြေ​အ​နေ​သည် သင်​တို့​အ​တွက် စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ဖြစ်​သော်​လည်း သင်​တို့​သည် ငါ့​ကို​မ​ထီ​မဲ့​မြင်​မ​ပြု၊ ရွံ​ရှာ​ခြင်း​လည်း​မ​ရှိ​ဘဲ ဘု​ရား​သ​ခင်​၏​ကောင်း​ကင်​တ​မန်​ကဲ့​သို့​လည်း​ကောင်း၊ ခ​ရစ်​တော်​ယေ​ရှု​ကဲ့​သို့​လည်း​ကောင်း ငါ့​ကို​လက်​ခံ​ကြ​၏။

15 သို့​ဖြစ်​လျက်​ပင် သင်​တို့​ခံ​စား​ရ​သော​မင်္ဂ​လာ​သည် မည်​သို့​ဖြစ်​သွား​သ​နည်း။ သင်​တို့​သည် ဖြစ်​နိုင်​လျှင် သင်​တို့​၏​မျက်​စိ​ကို​ပင်​ထုတ်​၍ ငါ့​အား​ပေး​ခဲ့​ကြ​ပေ​လိမ့်​မည်​ဟု သင်​တို့​နှင့်​ပတ်​သက်​၍ ငါ​သက်​သေ​ခံ​၏။

16 ငါ​သည် သင်​တို့​အား သမ္မာ​တ​ရား​ကို​ဟော​ပြော​သော​ကြောင့် သင်​တို့​၏​ရန်​သူ​ဖြစ်​သွား​ပြီ​လော။

17 သင်​တို့​အ​ပေါ် အ​ရေး​တ​ယူ​ပြု​ကြ​သော​ထို​သူ​တို့​သည် ကောင်း​သော​ရည်​ရွယ်​ချက်​ကြောင့်​မ​ဟုတ်​ဘဲ သူ​တို့​အ​ပေါ် အ​ရေး​တ​ယူ​ပြု​စေ​ရန် သင်​တို့​ကို သီး​သန့်​ဖယ်​ထုတ်​လို​၍​သာ​ဖြစ်​၏။

18 သင်​တို့​နှင့်​အ​တူ ငါ​ရှိ​နေ​စဉ်​တွင်​သာ​မ​ဟုတ်​ဘဲ အ​စဉ်​အ​မြဲ ကောင်း​သော​ရည်​ရွယ်​ချက်​ဖြင့် အ​ရေး​တ​ယူ​ပြု​ခံ​ရ​ခြင်း​သည် ကောင်း​ပေ​၏။

19 ခ​ရစ်​တော်​၏​အ​သွင်​သဏ္ဌာန်​သည် သင်​တို့​ထဲ​၌ ပေါ်​ပေါက်​လာ​သည့်​တိုင်​အောင် သင်​တို့​အ​တွက် သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို ငါ​တစ်​ဖန်​ခံ​စား​ရ​သော ငါ့​သား​သ​မီး​တို့၊

20 ငါ​သည် သင်​တို့​နှင့်​ပတ်​သက်​၍ တွေး​မ​ရ​ဖြစ်​နေ​သ​ဖြင့် ယ​ခု​ပင် သင်​တို့​နှင့်​အ​တူ​ရှိ​လျက် ငါ့​လေ​သံ​ကို ငါ​ပြောင်း​လို​၏။

စာ​ရာ​နှင့်​ဟာ​ဂ​ရ​-ပ​ဋိ​ညာဉ်​နှစ်​ပါး

21 ပ​ညတ်​တ​ရား​အောက်​၌​နေ​လို​သော​သူ​တို့၊ ငါ့​ကို​ပြော​ပြ​ကြ​လော့။ ပ​ညတ်​တ​ရား​က မည်​သို့​မိန့်​ဆို​ထား​သည်​ကို သင်​တို့​မ​ကြား​ကြ​သ​လော။

22 အ​ကြောင်း​မူ​ကား “အာ​ဗြ​ဟံ​၌ သား​နှစ်​ဦး​ရှိ​၏။ တစ်​ဦး​သည် ကျွန်​မ​၏​သား​ဖြစ်​ပြီး တစ်​ဦး​သည် လွတ်​လပ်​သော​မိန်း​မ​၏​သား​ဖြစ်​၏”​ဟု ရေး​ထား​၏။

23 ကျွန်​မ​၏​သား​သည် သွေး​သား​ဇာ​တိ​အ​ရ​မွေး​ဖွား​လာ​၏။ လွတ်​လပ်​သော​မိန်း​မ​၏​သား​မူ​ကား က​တိ​တော်​အ​ရ​မွေး​ဖွား​လာ​၏။

24 ဤ​အ​ကြောင်း​အ​ရာ​တို့​သည် ပုံ​ဆောင်​ချက်​များ​ဖြစ်​ကြ​၏။ အ​ကြောင်း​မူ​ကား ထို​မိန်း​မ​နှစ်​ဦး​သည် ပ​ဋိ​ညာဉ်​နှစ်​ပါး​ကို​ဆို​လို​၏။ တစ်​ပါး​သည် သိ​နာ​တောင်​မှ​ဖြစ်​၍ ကျွန်​ကို​မွေး​ဖွား​၏။ ထို​သူ​သည် ဟာ​ဂ​ရ​ဖြစ်​၏။

25 ဟာ​ဂ​ရ​သည် အာ​ရေ​ဗျ​ပြည်​၌​ရှိ​သော သိ​နာ​တောင်​ကို​ဆို​လို​၍ လက်​ရှိ​ဂျေ​ရု​ဆ​လင်​မြို့​နှင့်​လည်း အ​လား​တူ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ၎င်း​သည် မိ​မိ​၏​သား​သ​မီး​တို့​နှင့်​အ​တူ ကျွန်​ခံ​နေ​ရ​၏။

26 သို့​သော် အ​ထက်​အ​ရပ်​တွင်​ရှိ​သော ဂျေ​ရု​ဆ​လင်​မြို့​သည် လွတ်​လပ်​သော​မိန်း​မ​ဖြစ်​၍ ၎င်း​သည် ငါ​တို့​၏​အ​မိ​ဖြစ်​၏။

27 အ​ကြောင်း​မူ​ကား “သား​မ​ဖွား​ဖူး​သော​အ​မြုံ​မ၊ ပျော်​ရွှင်​လော့။ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို​မ​ခံ​စား​ဖူး​သော​မိန်း​မ၊ အ​သံ​ကုန်​လွှင့်​၍ ဟစ်​ကြော်​လော့။ အ​ဘယ်​ကြောင့်​ဆို​သော် စွန့်​ပစ်​ခံ​ရ​သော​မိန်း​မ​၏​သား​သ​မီး​တို့​သည် ယောက်ျား​ရှိ​သော​မိန်း​မ​၏​သား​သ​မီး​တို့​ထက် များ​ကြ​၏”​ဟု ရေး​ထား​၏။

28 ညီ​အစ်​ကို​တို့၊ သင်​တို့​မူ​ကား ဣ​ဇက်​ကဲ့​သို့ က​တိ​တော်​နှင့်​ဆိုင်​သော သား​သ​မီး​များ​ဖြစ်​ကြ​၏။

29 သို့​သော် ထို​စဉ်​က သွေး​သား​ဇာ​တိ​အ​ရ​မွေး​ဖွား​သော​သား​သည် ဝိ​ညာဉ်​တော်​အ​ရ​မွေး​ဖွား​သော​သား​ကို ညှဉ်း​ဆဲ​သ​ကဲ့​သို့ ယ​ခု​လည်း ထို​နည်း​တူ​ဖြစ်​၏။

30 သို့​ရာ​တွင် ကျမ်း​စာ​က မည်​သို့​ဆို​ထား​သ​နည်း။ “ကျွန်​မ​နှင့်​သူ​၏​သား​ကို နှင်​ထုတ်​လော့။ အ​ကြောင်း​မူ​ကား ကျွန်​မ​၏​သား​သည် လွတ်​လပ်​သော​မိန်း​မ​၏​သား​နှင့်​အ​တူ လုံး​ဝ​အ​မွေ​ဆက်​ခံ​ရ​မည်​မ​ဟုတ်”​ဟု ဆို​ထား​၏။

31 သို့​ဖြစ်​၍ ညီ​အစ်​ကို​တို့၊ ငါ​တို့​သည် ကျွန်​မ​၏​သား​သ​မီး​များ​မ​ဟုတ်​ဘဲ လွတ်​လပ်​သော​မိန်း​မ​၏​သား​သ​မီး​များ​ဖြစ်​ကြ​၏။

အခန်းကြီး

1 2 3 4 5 6