တိ​တု​ဩ​ဝါ​ဒ​စာ 3:1-5 MSB

1 အုပ်​ချုပ်​သူ​များ​နှင့်​အာ​ဏာ​ပိုင်​များ​ကို နာ​ခံ​လျက် ထို​သူ​တို့​၏​စ​ကား​ကို​နား​ထောင်​ရန်​လည်း​ကောင်း၊ ကောင်း​သော​အ​မှု​ရှိ​သ​မျှ​တို့​အ​တွက် အ​သင့်​ရှိ​ရန်​လည်း​ကောင်း၊

2 မည်​သူ့​ကို​မျှ စော်​ကား​ပြော​ဆို​ခြင်း၊ ရန်​တွေ့​ခြင်း​မ​ပြု​ဘဲ ညင်​သာ​သော​သ​ဘော​ရှိ​လျက် လူ​အ​ပေါင်း​တို့​အ​ပေါ် နူး​ညံ့​သိမ်​မွေ့​ခြင်း​ကို​ပြ​သ​ရန်​လည်း​ကောင်း သူ​တို့​အား သ​တိ​ပေး​နှိုး​ဆော်​လော့။

3 အ​ကြောင်း​မူ​ကား တစ်​ချိန်​က ငါ​တို့​သည်​လည်း မိုက်​မဲ​သော​သူ၊ နာ​ခံ​ခြင်း​မ​ရှိ​သော​သူ၊ လမ်း​လွဲ​သော​သူ​များ​ဖြစ်​ကြ​ပြီး အ​မျိုး​မျိုး​သော တပ်​မက်​ခြင်း​နှင့်​ကာ​မ​ဂုဏ်​ခံ​စား​ခြင်း​တို့​၌​ကျွန်​ခံ​၍ မ​ကောင်း​မှု​နှင့်​မ​လို​မုန်း​ထား​ခြင်း​တို့​၌​ကျင်​လည်​ကြ​ကာ မုန်း​တီး​ခြင်း​ခံ​ရ​လျက် အ​ချင်း​ချင်း​ကို​လည်း​မုန်း​တီး​လျက်​နေ​ကြ​၏။

4 သို့​သော် ငါ​တို့​ကယ်​တင်​ရှင်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​ပြု​ခြင်း​နှင့်​ချစ်​ခင်​ကြင်​နာ​ခြင်း​တို့ ပေါ်​ထွန်း​တော်​မူ​သော​အ​ခါ

5 ကိုယ်​တော်​သည် ငါ​တို့​ပြု​ခဲ့​သည့် ဖြောင့်​မတ်​သော​အ​ကျင့်​အား​ဖြင့်​မ​ဟုတ်​ဘဲ မိ​မိ​၏​က​ရု​ဏာ​တော်​နှင့်​အ​ညီ အ​သစ်​မွေး​ဖွား​ခြင်း​နှင့်​ဆိုင်​သော​ဆေး​ကြော​ခြင်း​နှင့် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏​အ​သစ်​ပြု​ပြင်​ခြင်း​တို့​အား​ဖြင့် ငါ​တို့​ကို ကယ်​တင်​တော်​မူ​၏။