တိ​တု​ဩ​ဝါ​ဒ​စာ 1 MSB

နှုတ်​ခွန်း​ဆက်​ခြင်း

1 ဘု​ရား​သ​ခင်​၏​အ​စေ​အ​ပါး​နှင့် ယေ​ရှု​ခ​ရစ်​တော်​၏​တ​မန်​တော်​ဖြစ်​သော ငါ​ပေါ​လု​သည် စာ​ရေး​လိုက်​ပါ​၏။ ငါ​သည် ဘု​ရား​သ​ခင်​ရွေး​ကောက်​တော်​မူ​သော​သူ​တို့​၏​ယုံ​ကြည်​ခြင်း​အ​တွက်​လည်း​ကောင်း၊ ထာ​ဝ​ရ​အ​သက်​ကို​မျှော်​လင့်​ခြင်း​အား​ဖြင့် ဘု​ရား​ဝတ်​၌​မွေ့​လျော်​ခြင်း​နှင့်​အ​ညီ သမ္မာ​တ​ရား​ကို​သိ​ရှိ​စေ​ရန်​အ​တွက်​လည်း​ကောင်း တ​မန်​တော်​ဖြစ်​လာ​၏။

2 မု​သား​နှင့်​ကင်း​စင်​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် ထို​ထာ​ဝ​ရ​အ​သက်​ကို ရှေး​ကာ​လ​များ​မ​တိုင်​မီ​က​ပင် က​တိ​ပေး​တော်​မူ​ပြီး

3 အ​ချိန်​တန်​သော​အ​ခါ ဟော​ပြော​ခြင်း​အ​မှု​အား​ဖြင့် မိ​မိ​၏​နှုတ်​က​ပတ်​တ​ရား​ကို ထင်​ရှား​စေ​တော်​မူ​၍ ငါ​တို့​၏​ကယ်​တင်​ရှင်​ဘု​ရား​သ​ခင်​၏​အ​မိန့်​တော်​အ​တိုင်း ထို​အ​မှု​ကို ငါ့​အား​ယုံ​ကြည်​အပ်​နှံ​တော်​မူ​၏။

4 ငါ​သည် တူ​ညီ​သော​ယုံ​ကြည်​ခြင်း​အား​ဖြင့် စစ်​မှန်​သော​ငါ့​သား​ဖြစ်​သည့်​တိ​တု​ထံ​သို့ ဤ​စာ​ကို ရေး​လိုက်​ပါ​၏။ ခ​မည်း​တော်​ဘု​ရား​သ​ခင်​နှင့် ငါ​တို့​၏​ကယ်​တင်​ရှင်​ခ​ရစ်​တော်​ယေ​ရှု​ထံ​မှ ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက်​ခြင်း​သည် သင်​၌​ရှိ​ပါ​စေ​သော။

က​ရေ​တေ​ကျွန်း​၌ တိ​တု​ထမ်း​ဆောင်​ရ​မည့် အ​မှု​တော်​လုပ်​ငန်း

5 က​ရေ​တေ​ကျွန်း​တွင် သင့်​ကို ငါ​ထား​ခဲ့​ခြင်း​မှာ သင့်​အား ငါ​မှာ​ကြား​ထား​သည့်​အ​တိုင်း လို​အပ်​သည့်​အ​ရာ​များ​ကို စီ​မံ​ဆောင်​ရွက်​ရန်​နှင့် မြို့​တိုင်း​တွင် အ​သင်း​တော်​အ​ကြီး​အ​ကဲ​များ​ကို ခန့်​ထား​ရန်​အ​တွက်​ဖြစ်​၏။

6 အ​သင်း​တော်​အ​ကြီး​အ​ကဲ​သည် အ​ပြစ်​တင်​စ​ရာ​မ​ရှိ​သော​သူ၊ မ​ယား​တစ်​ဦး​တည်း​ရှိ​သော​သူ​ဖြစ်​ရ​မည်။ သူ​၏​သား​သ​မီး​တို့​သည်​လည်း ယုံ​ကြည်​သူ​များ​ဖြစ်​ရ​မည်​ဖြစ်​ပြီး အ​ပျော်​ကြူး​ခြင်း​ကြောင့်​စွပ်​စွဲ​ခံ​ရ​သူ​များ သို့​မ​ဟုတ် နာ​ခံ​မှု​မ​ရှိ​သော​သူ​များ​မ​ဖြစ်​ရ။

7 အ​ကြောင်း​မူ​ကား ကြီး​ကြပ်​သူ​သည် ဘု​ရား​သ​ခင်​၏​ဘဏ္ဍာ​စိုး​ဖြစ်​သည်​နှင့်​အ​ညီ အ​ပြစ်​တင်​စ​ရာ​မ​ရှိ​သော​သူ​ဖြစ်​ရ​မည်။ သူ​သည် ထင်​ရာ​စိုင်း​တတ်​သော​သူ၊ စိတ်​တို​သော​သူ၊ သေ​သောက်​ကြူး​သော​သူ၊ ကြမ်း​ကြုတ်​သော​သူ၊ မ​စင်​ကြယ်​သော​အ​ကျိုး​စီး​ပွား​ကို​တပ်​မက်​သော​သူ​မ​ဟုတ်​ဘဲ

8 ဧည့်​ဝတ်​ကျေ​ပွန်​သော​သူ၊ ကောင်း​မြတ်​သော​အ​ရာ​ကို​နှစ်​သက်​သော​သူ၊ ဣန္ဒြေ​စောင့်​သော​သူ၊ ဖြောင့်​မတ်​သော​သူ၊ သန့်​ရှင်း​သော​သူ၊ မိ​မိ​ကိုယ်​ကို​ချုပ်​တည်း​နိုင်​သော​သူ​ဖြစ်​ရ​မည်။

9 သူ​သည် မှန်​ကန်​ပြည့်​စုံ​သော​သြ​ဝါ​ဒ​အား​ဖြင့် တိုက်​တွန်း​နှိုး​ဆော်​နိုင်​ရန်​နှင့် ဆန့်​ကျင်​ပြော​ဆို​သော​သူ​တို့​၏​အ​ပြစ်​ကို​ဖော်​ပြ​နိုင်​ရန် မိ​မိ​သင်​ယူ​ထား​သည့် သစ္စာ​နှင့်​ပြည့်​စုံ​သော​နှုတ်​က​ပတ်​တ​ရား​ကို စွဲ​ကိုင်​ထား​ရ​မည်။

10 အ​ကြောင်း​မူ​ကား နာ​ခံ​မှု​မ​ရှိ​သော​သူ၊ အ​ကျိုး​မဲ့​စ​ကား​ပြော​ဆို​သော​သူ​နှင့် လိမ်​လည်​သော​သူ များ​စွာ​ရှိ​ကြ​၏။ အ​ထူး​သ​ဖြင့် အ​ရေ​ဖျား​လှီး​ထား​သော​သူ​တို့​ထဲ​တွင်​ရှိ​ကြ​၏။

11 ထို​သူ​တို့​ကို နှုတ်​ဆိတ်​စေ​ရ​မည်။ သူ​တို့​သည် မ​စင်​ကြယ်​သော​အ​ကျိုး​စီး​ပွား​အ​တွက် မ​သွန်​သင်​အပ်​သော​အ​ရာ​များ​ကို​သွန်​သင်​လျက် မိ​သား​စု​များ​ကို အ​စု​လိုက်​ချွတ်​ချော်​လွဲ​မှား​စေ​ကြ​၏။

12 က​ရေ​တေ​ကျွန်း​သား​များ​ထဲ​မှ သူ​တို့​၏​အ​မျိုး​သား​ချင်း​ပ​ရော​ဖက်​တစ်​ဦး​က “က​ရေ​တေ​ကျွန်း​သား၊ လူ​လိမ်​များ၊ ဆိုး​သွမ်း​သား​ရဲ၊ စား​မြဲ​စား​သူ၊ ပျင်း​ရိ​လူ”​ဟု စပ်​ဆို​ထား​၏။

13-14 ဤ​သက်​သေ​ခံ​ချက်​သည်​မှန်​ပေ​၏။ ထို့​ကြောင့် ဂျူး​လူ​မျိုး​တို့​၏​ဒဏ္ဍာ​ရီ​များ​နှင့် သမ္မာ​တ​ရား​ကို​စွန့်​ပယ်​သော​သူ​တို့​၏​ပ​ညတ်​ချက်​များ​အ​ပေါ် အာ​ရုံ​မ​စိုက်​ဘဲ ယုံ​ကြည်​ခြင်း​အ​ရာ​၌ မှန်​ကန်​ပြည့်​စုံ​မှု​ရှိ​ကြ​ရန် သူ​တို့​ကို ပြင်း​ထန်​စွာ​ဆို​ဆုံး​မ​လော့။

15 စင်​ကြယ်​သော​သူ​တို့​အ​တွက် ခပ်​သိမ်း​သော​အ​ရာ​တို့​သည် စင်​ကြယ်​ကြ​၏။ သို့​သော် ညစ်​ညူး​၍ ယုံ​ကြည်​ခြင်း​မ​ရှိ​သော​သူ​တို့​အ​တွက်​မူ​ကား မည်​သည့်​အ​ရာ​မျှ မ​စင်​ကြယ်​သည်​သာ​မ​က သူ​တို့​၏​စိတ်​နှ​လုံး​နှင့်​အ​သိ​စိတ်​တို့​သည်​လည်း ညစ်​ညူး​ကြ​၏။

16 သူ​တို့​သည် ဘု​ရား​သ​ခင်​ကို​သိ​သည်​ဟု ဝန်​ခံ​ကြ​သော်​လည်း သူ​တို့​ပြု​သော​အ​မှု​များ​အား​ဖြင့် ဘု​ရား​သ​ခင်​ကို​ငြင်း​ပယ်​၍ ရွံ​ရှာ​ဖွယ်​ကောင်း​သော​သူ၊ နာ​ခံ​ခြင်း​မ​ရှိ​သော​သူ၊ ကောင်း​သော​အ​မှု​ရှိ​သ​မျှ​နှင့်​မ​ထိုက်​တန်​သော​သူ​များ​ဖြစ်​ကြ​၏။

အခန်းကြီး

1 2 3