တိ​တု​ဩ​ဝါ​ဒ​စာ 2 MSB

မှန်​ကန်​ပြည့်​စုံ​သော​ဩ​ဝါ​ဒ

1 သင်​မူ​ကား မှန်​ကန်​ပြည့်​စုံ​သော​ဩ​ဝါ​ဒ​နှင့် သင့်​လျော်​သည့်​အ​ရာ​များ​ကို ဟော​ပြော​လော့။

2 အ​သက်​ကြီး​သော​ယောက်ျား​တို့​အား သမ္မာ​သ​တိ​ရှိ​သော​သူ၊ တည်​ကြည်​လေး​နက်​သော​သူ၊ ဣန္ဒြေ​စောင့်​သော​သူ​ဖြစ်​ကြ​ရန်​နှင့် ယုံ​ကြည်​ခြင်း၊ ချစ်​ခြင်း​နှင့် သည်း​ခံ​ခြင်း​တို့​၌ မှန်​ကန်​ပြည့်​စုံ​မှု​ရှိ​ကြ​ရန် ဟော​ပြော​လော့။

3 ထို​နည်း​တူ အ​သက်​ကြီး​သော​အ​မျိုး​သ​မီး​တို့​အား ဓမ္မ​ဝတ်​နှင့်​ထိုက်​တန်​သော​သူ​များ​ကဲ့​သို့​ပြု​မူ​လျက် ကုန်း​ချော​တတ်​သော​သူ၊ စ​ပျစ်​ဝိုင်​၏​ကျေး​ကျွန်​ဖြစ်​သော​သူ​မ​ဟုတ်​ဘဲ ကောင်း​မြတ်​သော​အ​ရာ​ကို​သင်​ပေး​သော​သူ​များ​ဖြစ်​ကြ​ရန် ဟော​ပြော​လော့။

4 ထို​အ​ခါ သူ​တို့​သည် ငယ်​ရွယ်​သော​အ​မျိုး​သ​မီး​တို့​အား ခင်​ပွန်း​သည်​ကို​ချစ်​သော​သူ၊ သား​သ​မီး​များ​ကို​ချစ်​သော​သူ၊

5 ဣန္ဒြေ​စောင့်​သော​သူ၊ ဖြူ​စင်​သန့်​ရှင်း​သော​သူ၊ အိမ်​မှု​ကိစ္စ​ကို​ဆောင်​ရွက်​သော​သူ၊ ကောင်း​မွန်​သော​သူ၊ မိ​မိ​ခင်​ပွန်း​သည်​ကို နာ​ခံ​သော​သူ​ဖြစ်​ကြ​ရန် သ​တိ​ပေး​ဆုံး​မ​နိုင်​သ​ဖြင့် ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​သည် စော်​ကား​ပြော​ဆို​ခံ​ရ​ခြင်း​မှ ကင်း​လွတ်​လိမ့်​မည်။

6 ထို​နည်း​တူ ငယ်​ရွယ်​သော​ယောက်ျား​တို့​အား တည်​ငြိမ်​မှန်​ကန်​သော​စိတ်​ရှိ​ကြ​ရန် တိုက်​တွန်း​နှိုး​ဆော်​လော့။

7 အ​ရာ​ရာ​၌ ကောင်း​သော​လုပ်​ဆောင်​မှု​၏​စံ​န​မူ​နာ​ကို သင်​ကိုယ်​တိုင်​ပြ​သ​လော့။ ဩ​ဝါ​ဒ​ပေး​ရာ​တွင် သ​မာ​ဓိ​နှင့်​တည်​ကြည်​လေး​နက်​ခြင်း​ရှိ​လျက်

8 အ​ပြစ်​တင်​စ​ရာ​ကင်း​သော မှန်​ကန်​ပြည့်​စုံ​သည့်​စ​ကား​ကို ပြော​ဆို​လော့။ သို့​ပြု​လျှင် ဆန့်​ကျင်​ဘက်​ပြု​သော​သူ​သည် ငါ​တို့​နှင့်​ပတ်​သက်​၍ မ​ကောင်း​သော​အ​ရာ​တစ်​စုံ​တစ်​ခု​ကို​မျှ မ​ပြော​ဆို​နိုင်​ဘဲ အ​ရှက်​ရ​လိမ့်​မည်။

9 ကျွန်​ဖြစ်​သူ​တို့​အား မိ​မိ​သ​ခင်​ကို အ​ရာ​ရာ​၌​နာ​ခံ​လျက် နှစ်​သက်​ဖွယ်​ဖြစ်​စေ​ရန်​နှင့် ဆန့်​ကျင်​ပြော​ဆို​ခြင်း၊

10 ခိုး​ယူ​ခြင်း​တို့​ကို​မ​ပြု​ဘဲ အ​စဉ်​ကောင်း​မွန်​စွာ​သစ္စာ​စောင့်​နေ​ကြောင်း​ကို​ပြ​သ​ရန် တိုက်​တွန်း​နှိုး​ဆော်​လော့။ ထို​သို့​ပြု​လျှင် သူ​တို့​သည် အ​ရာ​ရာ​၌ ငါ​တို့​ကယ်​တင်​ရှင်​ဘု​ရား​သ​ခင်​၏​သွန်​သင်​ချက်​ကို တင့်​တယ်​စေ​ကြ​လိမ့်​မည်။

11 အ​ကြောင်း​မူ​ကား လူ​အ​ပေါင်း​တို့​ကို ကယ်​တင်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​သည် ပေါ်​ထွန်း​တော်​မူ​ပြီး

12 ငါ​တို့​အား ဘု​ရား​တ​ရား​မဲ့​ခြင်း​နှင့်​လော​ကီ​တပ်​မက်​ခြင်း​တို့​ကို စွန့်​ပယ်​၍ ဤ​လော​က​တွင် ဘု​ရား​ဝတ်​၌​မွေ့​လျော်​စွာ၊ သင့်​တင့်​လျောက်​ပတ်​စွာ​နှင့် ဖြောင့်​မတ်​စွာ​အ​သက်​ရှင်​ရန်​လည်း​ကောင်း၊

13 ကြီး​မြတ်​သည့်​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သော ငါ​တို့​၏​ကယ်​တင်​ရှင်​ယေ​ရှု​ခ​ရစ်​တော်​၏​ဘုန်း​တော်​ပေါ်​ထွန်း​ခြင်း​တည်း​ဟူ​သော မင်္ဂ​လာ​ရှိ​သော​မျှော်​လင့်​ခြင်း​ကို စောင့်​မျှော်​ရန်​လည်း​ကောင်း ဆုံး​မ​သွန်​သင်​လျက်​ရှိ​၏။

14 ခ​ရစ်​တော်​သည် ငါ​တို့​ကို ခပ်​သိမ်း​သော​တ​ရား​မဲ့​ခြင်း​ထဲ​မှ ရွေး​နုတ်​ကယ်​တင်​ရန်​နှင့် ကောင်း​သော​အ​မှု​၌ စိတ်​အား​ထက်​သန်​သည့် မိ​မိ​ပိုင်​တော်​မူ​သော​လူ​မျိုး​ကို မိ​မိ​အ​တွက်​စင်​ကြယ်​စေ​ရန် ငါ​တို့​အ​တွက် မိ​မိ​ကိုယ်​ကို​စွန့်​တော်​မူ​၏။

15 သင်​သည် ဤ​အ​ရာ​များ​ကို အ​မိန့်​အာ​ဏာ​အ​ပြည့်​အ​ဝ​ဖြင့်​ဟော​ပြော​လျက် တိုက်​တွန်း​နှိုး​ဆော်​ကာ အ​ပြစ်​ကို​ဖော်​ပြ​လော့။ မည်​သူ​မျှ သင့်​ကို မ​ထီ​မဲ့​မြင်​မ​ပြု​စေ​နှင့်။

အခန်းကြီး

1 2 3