10 ဘုရားသခင်အားကြည်ညိုလေးမြတ်ခြင်းရှိမည်ဟု ကတိပြုသောအမျိုးသမီးများနှင့်သင့်လျော်သည့်အရာတည်းဟူသော ကောင်းသောအမှုများဖြင့် မိမိကိုယ်ကိုဆင်ယင်ကြရန် ငါအလိုရှိ၏။
11 အမျိုးသမီးသည် အရာရာ၌နာခံခြင်းရှိ၍ တိတ်ဆိတ်စွာသင်ယူပါစေ။
12 အမျိုးသမီးသည် သွန်သင်ခြင်း၊ အမျိုးသားအပေါ် ဩဇာညောင်းခြင်းအခွင့်ကို ငါမပေး။ အမျိုးသမီးသည် တိတ်ဆိတ်စွာနေရမည်။
13 အကြောင်းမူကား အာဒံကို ပထမဦးစွာဖန်ဆင်းတော်မူ၍ နောက်မှ ဧဝကို ဖန်ဆင်းတော်မူ၏။
14 ထို့ပြင် အာဒံသည် လှည့်ဖြားခြင်းမခံရ။ အမျိုးသမီးမူကား လှည့်ဖြားခြင်းခံရလျက် ဖောက်ဖျက်ကျူးလွန်ခြင်းသို့ရောက်ခဲ့၏။
15 သို့သော် အမျိုးသမီးတို့သည် ဣန္ဒြေစောင့်ခြင်းနှင့်တကွ ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် သန့်ရှင်းခြင်းတို့၌တည်လျှင် သားဖွားခြင်းအမှုအားဖြင့် ကယ်တင်ခြင်းခံရလိမ့်မည်။