တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 3 MSB

အ​သင်း​တော်​ခေါင်း​ဆောင်​များ​၌​ရှိ​ရ​မည့်​အ​ရည်​အ​ချင်း​များ

1 “တစ်​စုံ​တစ်​ယောက်​သည် ကြီး​ကြပ်​သူ​ဖြစ်​ရန် အ​လွန်​တောင့်​တ​လျှင် ထို​သူ​သည် ကောင်း​သော​အ​မှု​ကို​တောင့်​တ​၏”​ဟူ​သော​စ​ကား​သည် မှန်​သော​စ​ကား​ဖြစ်​၏။

2 ထို့​ကြောင့် ကြီး​ကြပ်​သူ​သည် အ​ပြစ်​တင်​စ​ရာ​မ​ရှိ​သော​သူ၊ မ​ယား​တစ်​ဦး​တည်း​ရှိ​သော​သူ၊ သမ္မာ​သ​တိ​ရှိ​သော​သူ၊ ဣန္ဒြေ​စောင့်​သော​သူ၊ လျောက်​ပတ်​စွာ​ပြု​မူ​သော​သူ၊ ဧည့်​ဝတ်​ကျေ​ပွန်​သော​သူ၊ သင်​ကြား​ပေး​နိုင်​စွမ်း​ရှိ​သော​သူ​ဖြစ်​ရ​မည်။

3 သူ​သည် သေ​သောက်​ကြူး​သော​သူ၊ ကြမ်း​ကြုတ်​သော​သူ​မ​ဟုတ်​ဘဲ ညင်​သာ​သော​သူ၊ ရန်​မ​တွေ့​တတ်​သော​သူ၊ ငွေ​ကို​မ​တပ်​မက်​သော​သူ၊

4 မိ​မိ​အိမ်​ထောင်​ကို ကောင်း​စွာ​စီ​မံ​အုပ်​ချုပ်​လျက် သား​သ​မီး​တို့​ကို တည်​ကြည်​လေး​နက်​ခြင်း​အ​ပြည့်​အ​ဝ​ဖြင့် နာ​ခံ​မှု​ရှိ​စေ​သော​သူ​ဖြစ်​ရ​မည်။

5 မိ​မိ​အိမ်​ထောင်​ကို မည်​ကဲ့​သို့​စီ​မံ​အုပ်​ချုပ်​ရ​မည်​ကို​မ​သိ​သော​သူ​သည် ဘု​ရား​သ​ခင်​၏​အ​သင်း​တော်​ကို မည်​ကဲ့​သို့​ပြု​စု​စောင့်​ရှောက်​နိုင်​မည်​နည်း။

6 သူ​သည် ယုံ​ကြည်​ခါ​စ​လူ​မ​ဖြစ်​ရ။ သို့​မ​ဟုတ်​လျှင် ဘ​ဝင်​မြင့်​လျက် မာရ်​နတ်​နှင့်​တူ​ညီ​သော​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ထဲ​သို့ ကျ​ရောက်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ​၏။

7 ထို​မျှ​မ​က ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​ခံ​ရ​လျက် မာရ်​နတ်​၏​ကျော့​ကွင်း​ထဲ​သို့ မ​ကျ​ရောက်​စေ​ရန် အ​သင်း​တော်​ပြင်​ပ​၌ ဂုဏ်​သ​တင်း​ကောင်း​သော​သူ​လည်း​ဖြစ်​ရ​မည်။

8 ထို​နည်း​တူ သင်း​ထောက်​တို့​သည်​လည်း တည်​ကြည်​လေး​နက်​သော​သူ​များ​ဖြစ်​ရ​မည်။ လျှာ​နှစ်​ခွ​ရှိ​သော​သူ၊ စ​ပျစ်​ဝိုင်​သောက်​ကြူး​သော​သူ၊ မ​စင်​ကြယ်​သော​အ​ကျိုး​စီး​ပွား​ကို​တပ်​မက်​သော​သူ​များ​မ​ဟုတ်​ဘဲ

9 ယုံ​ကြည်​ခြင်း​၏​လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​ကို ကြည်​လင်​သော​အ​သိ​စိတ်​ဖြင့် စွဲ​ကိုင်​ထား​သော​သူ​များ​ဖြစ်​ရ​မည်။

10 သူ​တို့​သည် စစ်​ဆေး​ခြင်း​ကို​ဦး​စွာ​ခံ​ပြီး​မှ အ​ပြစ်​တင်​စ​ရာ​မ​ရှိ​ပါ​က သင်း​ထောက်​အ​မှု​ကို​ဆောင်​ရွက်​ကြ​စေ။

11 ထို​နည်း​တူ ဇ​နီး​သည်​တို့​သည်​လည်း တည်​ကြည်​လေး​နက်​သော​သူ​များ​ဖြစ်​ရ​မည်။ ကုန်း​ချော​တတ်​သော​သူ​မ​ဟုတ်​ဘဲ သမ္မာ​သ​တိ​ရှိ​သော​သူ၊ ခပ်​သိမ်း​သော​အ​ရာ​တို့​၌ သစ္စာ​ရှိ​သော​သူ​များ​ဖြစ်​ရ​မည်။

12 သင်း​ထောက်​တို့​သည် မ​ယား​တစ်​ဦး​တည်း​ရှိ​သော​သူ၊ မိ​မိ​တို့​အိမ်​ထောင်​နှင့်​သား​သ​မီး​များ​ကို ကောင်း​စွာ​စီ​မံ​အုပ်​ချုပ်​နေ​သူ​များ​ဖြစ်​ရ​မည်။

13 အ​ကြောင်း​မူ​ကား သင်း​ထောက်​အ​မှု​ကို ကောင်း​စွာ​ဆောင်​ရွက်​သော​သူ​တို့​သည် မိ​မိ​တို့​အ​တွက် ကောင်း​သော​ဂုဏ်​ရည်​ကို​ရ​ရှိ​သည့်​အ​ပြင် ခ​ရစ်​တော်​ယေ​ရှု​ကို​ယုံ​ကြည်​သော​အ​ရာ​၌ များ​စွာ​သော​ရဲ​ရင့်​မှု​ကို​ရ​ရှိ​ကြ​၏။

ဘု​ရား​ဝတ်​၌​မွေ့​လျော်​ခြင်း​၏​လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ

14 ဤ​အ​ရာ​များ​ကို သင့်​အား ငါ​ရေး​လိုက်​ခြင်း​မှာ သင့်​ထံ​သို့​အ​လျင်​အ​မြန်​လာ​နိုင်​မည်​ဟု မျှော်​လင့်​သော်​လည်း

15 ငါ​နှောင့်​နှေး​ခဲ့​လျှင်​ပင် သမ္မာ​တ​ရား​၏​မဏ္ဍိုင်​နှင့်​အုတ်​မြစ်​ဖြစ်​သည့် အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​အ​သင်း​တော်​တည်း​ဟူ​သော ဘု​ရား​သ​ခင်​၏​အိမ်​တော်​တွင် မည်​ကဲ့​သို့​အ​သက်​ရှင်​နေ​ထိုင်​ရ​မည်​ကို သင်​သိ​နိုင်​ရန်​အ​တွက်​ဖြစ်​၏။

16 ဘု​ရား​ဝတ်​၌​မွေ့​လျော်​ခြင်း​၏​လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​သည် အ​မှန်​ပင်​ကြီး​မြတ်​လှ​ပေ​၏။ ကိုယ်​တော်​သည် သွေး​သား​အား​ဖြင့်​ထင်​ရှား​ပြီး ဝိ​ညာဉ်​တော်​အား​ဖြင့် ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​ခြင်း​ခံ​ရ​လျက် ကောင်း​ကင်​တ​မန်​တို့​၏​ရှု​မြင်​ခြင်း၊ သ​တင်း​တော်​ကို​လူ​မျိုး​ခြား​တို့​ကြား​၌ ဟော​ပြော​ခြင်း၊ ဤ​လော​က​တွင် လက်​ခံ​ယုံ​ကြည်​ခြင်း​တို့​ကို​ခံ​ရ​လျက် ဘုန်း​အ​သ​ရေ​နှင့်​တ​ကွ အ​ထက်​သို့​ဆောင်​ယူ​ခြင်း​ကို​ခံ​တော်​မူ​၏။

အခန်းကြီး

1 2 3 4 5 6