တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 5 MSB

1 အ​သက်​ကြီး​သော​ယောက်ျား​တို့​ကို ပြစ်​တင်​မောင်း​မဲ​ခြင်း​မ​ပြု​ဘဲ ဖ​ခင်​ကဲ့​သို့​လည်း​ကောင်း၊ ငယ်​ရွယ်​သော​ယောက်ျား​တို့​ကို ညီ​အစ်​ကို​ကဲ့​သို့​လည်း​ကောင်း၊

2 အ​သက်​ကြီး​သော​အ​မျိုး​သ​မီး​တို့​ကို မိ​ခင်​ကဲ့​သို့​လည်း​ကောင်း၊ ငယ်​ရွယ်​သော​အ​မျိုး​သ​မီး​တို့​ကို ဖြူ​စင်​သန့်​ရှင်း​သော​စိတ်​အ​ပြည့်​အ​ဝ​ဖြင့် နှ​မ​ကဲ့​သို့​လည်း​ကောင်း မှတ်​၍ တိုက်​တွန်း​နှိုး​ဆော်​လော့။

မု​ဆိုး​မ​များ​အ​တွက် ကူ​ညီ​မ​စ​မှု

3 မု​ဆိုး​မ​တို့​တွင် အ​မှန်​တ​ကယ်​မု​ဆိုး​မ​ဖြစ်​သူ​တို့​ကို ရို​သေ​ကြ​လော့။

4 တစ်​စုံ​တစ်​ယောက်​သော​မု​ဆိုး​မ​တွင် သား​သ​မီး သို့​မ​ဟုတ် မြေး​များ​ရှိ​လျှင် ထို​သား​မြေး​တို့​သည် ဘာ​သာ​ရေး​ဝတ္တ​ရား​တည်း​ဟူ​သော မိ​မိ​တို့​အိမ်​သူ​အိမ်​သား​ကို​ပြု​စု​ခြင်း​နှင့် မိ​ဘ​ဘိုး​ဘွား​တို့​အား ကျေး​ဇူး​ပြန်​ဆပ်​ခြင်း​တို့​ကို ဦး​စွာ​သင်​ယူ​ကြ​စေ။ အ​ကြောင်း​မူ​ကား ဤ​သို့​ပြု​ခြင်း​သည် ဘု​ရား​သ​ခင်​ရှေ့​တော်​၌ နှစ်​သက်​လက်​ခံ​ဖွယ်​ဖြစ်​၏။

5 အ​မှန်​တ​ကယ်​မု​ဆိုး​မ​ဖြစ်​ပြီး တစ်​ဦး​တည်း​ကျန်​ရစ်​သော​အ​မျိုး​သ​မီး​သည် ဘု​ရား​သ​ခင်​ကို​မျှော်​လင့်​အား​ထား​လျက် နေ့​ရော​ည​ပါ အ​သ​နား​ခံ​ခြင်း​နှင့်​ဆု​တောင်း​ခြင်း​တို့​ကို စွဲ​မြဲ​စွာ​ပြု​တတ်​၏။

6 အ​ပျော်​အ​ပါး​လိုက်​စား​သော​မု​ဆိုး​မ​မူ​ကား အ​သက်​ရှင်​လျက်​ပင် သေ​ဆုံး​လေ​ပြီ။

7 ထို့​ကြောင့် မည်​သူ​၌​မျှ အ​ပြစ်​တင်​စ​ရာ​မ​ရှိ​စေ​ရန် လူ​တို့​အား ဤ​အ​ရာ​များ​ကို​ညွှန်​ကြား​လော့။

8 မည်​သူ​မ​ဆို မိ​မိ​ဆွေ​မျိုး​သား​ချင်း၊ အ​ထူး​သ​ဖြင့် မိ​မိ​အိမ်​သူ​အိမ်​သား​တို့​ကို ဂ​ရု​မ​စိုက်​ဘဲ​နေ​လျှင် ထို​သူ​သည် ယုံ​ကြည်​ခြင်း​ကို​ငြင်း​ပယ်​ပြီ​ဖြစ်​၍ မ​ယုံ​ကြည်​သူ​ထက် ဆိုး​ရွား​၏။

9 မု​ဆိုး​မ​အ​ဖြစ်​စာ​ရင်း​သွင်း​ရ​မည့်​သူ​သည် အ​သက်​ခြောက်​ဆယ်​ထက်​မ​နည်း​ရ။ သူ​သည် ယောက်ျား​တစ်​ဦး​တည်း​ရှိ​ခဲ့​သည့် အ​မျိုး​သ​မီး​ဖြစ်​ပြီး

10 သား​သ​မီး​များ​ကို​ပြု​စု​စောင့်​ရှောက်​ခြင်း၊ ဧည့်​ဝတ်​ကျေ​ပွန်​ခြင်း၊ သန့်​ရှင်း​သူ​တို့​၏​ခြေ​ကို​ဆေး​ခြင်း၊ ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​သူ​များ​ကို​ကူ​ညီ​စောင့်​ရှောက်​ခြင်း၊ ကောင်း​သော​အ​မှု​ရှိ​သ​မျှ​တို့​ကို​ပါ​ဝင်​လုပ်​ဆောင်​ခြင်း စ​သည့်​ကောင်း​သော​အ​မှု​များ​ကြောင့် ချီး​ကျူး​ခံ​ရ​သူ​ဖြစ်​ရ​မည်။

11 ငယ်​ရွယ်​သော​မု​ဆိုး​မ​တို့​ကို​မူ စာ​ရင်း​မ​သွင်း​နှင့်။ အ​ကြောင်း​မူ​ကား သူ​တို့​သည် ခ​ရစ်​တော်​ကို ဥ​ပေက္ခာ​ပြု​လျက် ကာ​မ​ဂုဏ်​လိုက်​စား​လို​သော​အ​ခါ အိမ်​ထောင်​ပြု​လို​သော​ဆန္ဒ​ရှိ​လာ​သ​ဖြင့်

12 ပ​ထ​မ​ပြု​ထား​သော​က​တိ​သစ္စာ​ကို ချိုး​ဖောက်​သော​ကြောင့် ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။

13 ထို့​ပြင် သူ​တို့​သည် တစ်​အိမ်​ပြီး​တစ်​အိမ်​လှည့်​လည်​၍ ပျင်း​ရိ​သော​အ​ကျင့်​ရှိ​လာ​တတ်​ကြ​၏။ ထို​သို့​ပျင်း​ရိ​သည်​သာ​မ​က အ​တင်း​အ​ဖျင်း​ပြော​ဆို​လျက် သူ​တစ်​ပါး​ကိစ္စ​၌ ဝင်​ရောက်​စွက်​ဖက်​ကာ မ​ပြော​သင့်​သည့်​အ​ရာ​တို့​ကို ပြော​ဆို​တတ်​ကြ​၏။

14 ထို့​ကြောင့် ငယ်​ရွယ်​သော​မု​ဆိုး​မ​တို့​သည် အိမ်​ထောင်​ပြု​လျက် သား​သ​မီး​များ​မွေး​ဖွား​ကာ အိမ်​မှု​ကိစ္စ​ကို​စီ​မံ​ကွပ်​ကဲ​၍ ရန်​သူ​အား ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​အ​ခွင့်​ကို​မ​ပေး​ရန် ငါ​အ​လို​ရှိ​၏။

15 အ​ကြောင်း​မူ​ကား အ​ချို့​သော​မု​ဆိုး​မ​တို့​သည် လမ်း​လွဲ​၍ စာ​တန်​နောက်​သို့​လိုက်​သွား​ကြ​ပြီ။

16 ယုံ​ကြည်​သူ​အ​မျိုး​သ​မီး​တစ်​စုံ​တစ်​ဦး​၌ ဆွေ​မျိုး​တော်​စပ်​သည့်​မု​ဆိုး​မ​များ​ရှိ​လျှင် အ​သင်း​တော်​အ​တွက် ဝန်​ထုပ်​ဝန်​ပိုး​မ​ဖြစ်​စေ​ဘဲ ထို​မု​ဆိုး​မ​တို့​ကို သူ​ကိုယ်​တိုင်​ကူ​ညီ​စောင့်​ရှောက်​ပါ​စေ။ သို့​ပြု​လျှင် အ​သင်း​တော်​သည် အ​မှန်​တ​ကယ်​အ​ကူ​အ​ညီ​လို​အပ်​သည့်​မု​ဆိုး​မ​များ​ကို ကူ​ညီ​စောင့်​ရှောက်​နိုင်​လိမ့်​မည်။

အ​သင်း​တော်​လူ​ကြီး​များ​ကို ဂုဏ်​ပြု​ခြင်း

17 ကောင်း​စွာ​စီ​မံ​အုပ်​ချုပ်​နေ​သော​အ​သင်း​တော်​အ​ကြီး​အ​ကဲ​များ အ​ထူး​သ​ဖြင့် နှုတ်​က​ပတ်​တော်​ဝေ​ငှ​ခြင်း​နှင့် သွန်​သင်​ခြင်း​တို့​အ​တွက် အား​ထုတ်​လုပ်​ဆောင်​နေ​သော​အ​ကြီး​အ​ကဲ​များ​သည် နှစ်​ဆ​သော​ဂုဏ်​ပြု​ခြင်း​ကို ခံ​ထိုက်​သည်​ဟု မှတ်​ယူ​လော့။

18 အ​ကြောင်း​မူ​ကား ကျမ်း​စာ​က “စ​ပါး​နယ်​နေ​သည့်​နွား​ကို ပါး​ချုပ်​မ​တပ်​ရ”​ဟူ​၍​လည်း​ကောင်း၊ “အ​လုပ်​လုပ်​သော​သူ​သည် လုပ်​အား​ခ​ကို ရ​ထိုက်​၏”​ဟူ​၍​လည်း​ကောင်း ဆို​ထား​၏။

19 သက်​သေ​နှစ်​ဦး သို့​မ​ဟုတ် သုံး​ဦး​မ​ရှိ​လျှင် အ​သင်း​တော်​အ​ကြီး​အ​ကဲ​အ​ပေါ်​စွပ်​စွဲ​ချက်​ကို လက်​မ​ခံ​နှင့်။

20 ကျန်​သော​သူ​တို့​သည်​လည်း ကြောက်​ရွံ့​ခြင်း​ရှိ​ကြ​စေ​ရန် အ​ပြစ်​ပြု​သော​သူ​တို့​ကို အား​လုံး​ရှေ့​၌ ဆို​ဆုံး​မ​လော့။

21 သင်​သည် ဤ​အ​ရာ​တို့​ကို ခွဲ​ခြား​ခြင်း​မ​ရှိ​ဘဲ စောင့်​ရှောက်​၍ မည်​သည့်​အ​ရာ​ကို​မျှ ဘက်​လိုက်​ခြင်း​မ​ရှိ​ဘဲ​ပြု​မူ​ရန် ဘု​ရား​သ​ခင်​နှင့် ခ​ရစ်​တော်​ယေ​ရှု​မှ​စ​၍ ရွေး​ကောက်​ခံ​ရ​သော​ကောင်း​ကင်​တ​မန်​တို့​ရှေ့​၌ ငါ​အ​လေး​အ​နက်​တိုက်​တွန်း​၏။

22 မည်​သူ့​အ​ပေါ်​၌​မျှ လက်​တင်​ခြင်း​အ​မှု​ကို အ​လျင်​စ​လို​မ​ပြု​နှင့်။ အ​ခြား​သူ​တို့​၏​အ​ပြစ်​၌​လည်း ပါ​ဝင်​ခြင်း​မ​ရှိ​နှင့်။ သင့်​ကိုယ်​သင် ဖြူ​စင်​သန့်​ရှင်း​အောင်​စောင့်​ထိန်း​လော့။

23 သင်​၏​အ​စာ​အိမ်​နှင့် သင်​၌​မ​ကြာ​ခ​ဏ​ဖြစ်​သော နာ​မ​ကျန်း​ဖြစ်​ခြင်း​တို့​အ​တွက် ရေ​ကို​သာ​မ​သောက်​တော့​ဘဲ အ​နည်း​ငယ်​သော​စ​ပျစ်​ဝိုင်​ကို​လည်း သုံး​ဆောင်​လော့။

24 လူ​အ​ချို့​တို့​၏​အ​ပြစ်​များ​သည် တ​ရား​စီ​ရင်​ခြင်း​သို့​မ​ရောက်​မီ​က​ပင် သိ​သာ​ထင်​ရှား​၏။ အ​ချို့​တို့​၏​အ​ပြစ်​များ​မူ​ကား နောက်​မှ​ထင်​ရှား​တတ်​၏။

25 ထို​နည်း​တူ ကောင်း​သော​အ​မှု​များ​သည်​လည်း သိ​သာ​ထင်​ရှား​တတ်​၏။ ထို​သို့​မ​ထင်​ရှား​ခဲ့​လျှင်​ပင် ဖုံး​ကွယ်​ထား​၍​မ​ရ​နိုင်​ပေ။

အခန်းကြီး

1 2 3 4 5 6