6 အပျော်အပါးလိုက်စားသောမုဆိုးမမူကား အသက်ရှင်လျက်ပင် သေဆုံးလေပြီ။
7 ထို့ကြောင့် မည်သူ၌မျှ အပြစ်တင်စရာမရှိစေရန် လူတို့အား ဤအရာများကိုညွှန်ကြားလော့။
8 မည်သူမဆို မိမိဆွေမျိုးသားချင်း၊ အထူးသဖြင့် မိမိအိမ်သူအိမ်သားတို့ကို ဂရုမစိုက်ဘဲနေလျှင် ထိုသူသည် ယုံကြည်ခြင်းကိုငြင်းပယ်ပြီဖြစ်၍ မယုံကြည်သူထက် ဆိုးရွား၏။
9 မုဆိုးမအဖြစ်စာရင်းသွင်းရမည့်သူသည် အသက်ခြောက်ဆယ်ထက်မနည်းရ။ သူသည် ယောက်ျားတစ်ဦးတည်းရှိခဲ့သည့် အမျိုးသမီးဖြစ်ပြီး
10 သားသမီးများကိုပြုစုစောင့်ရှောက်ခြင်း၊ ဧည့်ဝတ်ကျေပွန်ခြင်း၊ သန့်ရှင်းသူတို့၏ခြေကိုဆေးခြင်း၊ ဆင်းရဲဒုက္ခခံရသူများကိုကူညီစောင့်ရှောက်ခြင်း၊ ကောင်းသောအမှုရှိသမျှတို့ကိုပါဝင်လုပ်ဆောင်ခြင်း စသည့်ကောင်းသောအမှုများကြောင့် ချီးကျူးခံရသူဖြစ်ရမည်။
11 ငယ်ရွယ်သောမုဆိုးမတို့ကိုမူ စာရင်းမသွင်းနှင့်။ အကြောင်းမူကား သူတို့သည် ခရစ်တော်ကို ဥပေက္ခာပြုလျက် ကာမဂုဏ်လိုက်စားလိုသောအခါ အိမ်ထောင်ပြုလိုသောဆန္ဒရှိလာသဖြင့်
12 ပထမပြုထားသောကတိသစ္စာကို ချိုးဖောက်သောကြောင့် ပြစ်ဒဏ်စီရင်ခြင်းကိုခံရလိမ့်မည်။