ဖိ​လိပ္ပိ​ဩ​ဝါ​ဒ​စာ 2:8-14 MSB

8 မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​ကာ လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​အ​သေ​ခံ​ခြင်း​ဟူ​သည့် အ​သေ​ခံ​ခြင်း​တိုင်​အောင် နာ​ခံ​တော်​မူ​၏။

9 ထို့​ကြောင့် ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​ကို အ​လွန်​ချီး​မြှောက်​တော်​မူ​၍ ဘွဲ့​နာ​မ​တ​ကာ​တို့​ထက် ကြီး​မြတ်​သော​ဘွဲ့​နာ​မ​ကို ပေး​အပ်​တော်​မူ​၏။

10 ဤ​သည်​ကား အ​ထက်​ကောင်း​ကင်​အ​ရပ်​၌​လည်း​ကောင်း၊ မြေ​ကြီး​ပေါ်​၌​လည်း​ကောင်း၊ မြေ​ကြီး​အောက်​၌​လည်း​ကောင်း ရှိ​ရှိ​သ​မျှ​တို့​သည် ယေ​ရှု​၏​နာ​မ​တော်​၌ ဒူး​ထောက်​၍

11 နှုတ်​ရှိ​သ​မျှ​တို့​သည်​လည်း ယေ​ရှု​ခ​ရစ်​တော်​သည်​အ​ရှင်​သ​ခင်​ဖြစ်​ကြောင်း​ဝန်​ခံ​သ​ဖြင့် ခ​မည်း​တော်​ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို ထင်​ရှား​စေ​မည့်​အ​ကြောင်း​တည်း။

12 သို့​ဖြစ်​၍ ငါ​ချစ်​သော​သူ​တို့၊ သင်​တို့​သည် အ​စဉ်​နာ​ခံ​ခဲ့​ကြ​သည့်​အ​တိုင်း ငါ​၏​မျက်​မှောက်​၌​သာ​မ​ဟုတ်​ဘဲ ယ​ခု ငါ​နှင့်​ဝေး​ကွာ​သည့်​အ​ခါ​၌​လည်း ပို​၍​နာ​ခံ​လျက် ကြောက်​ရွံ့​တုန်​လှုပ်​သော​စိတ်​ဖြင့် မိ​မိ​တို့​၏​ကယ်​တင်​ခြင်း​ကို အ​ကောင်​အ​ထည်​ဖော်​ကြ​လော့။

13 အ​ကြောင်း​မူ​ကား စေ​တ​နာ​တော်​အ​တိုင်း ဆန္ဒ​ရှိ​ကြ​စေ​ရန်​နှင့် လုပ်​ဆောင်​ကြ​စေ​ရန် သင်​တို့​အ​ထဲ​၌​လုပ်​ဆောင်​တော်​မူ​သော​အ​ရှင်​ကား ဘု​ရား​သ​ခင်​ပေ​တည်း။

14 အ​ရာ​ခပ်​သိမ်း​ကို ညည်း​ညူ​ခြင်း​နှင့်​ငြင်း​ခုံ​ခြင်း​မ​ရှိ​ဘဲ လုပ်​ဆောင်​ကြ​လော့။