ဖိ​လိပ္ပိ​ဩ​ဝါ​ဒ​စာ 2 MSB

ခ​ရစ်​ယာန်​၏​နှိမ့်​ချ​ခြင်း

1 ထို့​ကြောင့် သင်​တို့​တွင် ခ​ရစ်​တော်​၌​တိုက်​တွန်း​အား​ပေး​ခြင်း၊ ချစ်​ခြင်း​မေတ္တာ​၏​နှစ်​သိမ့်​ခြင်း၊ ဝိ​ညာဉ်​တော်​အား​ဖြင့်​မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း၊ ကြင်​နာ​ခြင်း​နှင့် သက်​ညှာ​ခြင်း​တို့ တစ်​စုံ​တစ်​ရာ​ရှိ​လျှင်

2 တစ်​စိတ်​တစ်​သ​ဘော​တည်း​ရှိ​၍ စိတ်​ဝမ်း​မ​ကွဲ​ဘဲ တူ​ညီ​သော​မေတ္တာ​ရှိ​လျက် စိတ်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​ခြင်း​အား​ဖြင့် ငါ​၏​ဝမ်း​မြောက်​ခြင်း​ကို ပြည့်​စုံ​စေ​ကြ​လော့။

3 မည်​သည့်​အ​မှု​ကို​မျှ တု​ပြိုင်​လို​သော​စိတ်​နှင့်​လည်း​ကောင်း၊ အ​ချည်း​နှီး​ကျော်​စော​လို​သော​စိတ်​နှင့်​လည်း​ကောင်း မ​ပြု​ဘဲ နှိမ့်​ချ​သော​စိတ်​ရှိ​လျက် သူ​တစ်​ပါး​တို့​သည် မိ​မိ​တို့​ထက် ထူး​မြတ်​သည်​ဟု မှတ်​ယူ​ကြ​လော့။

4 သင်​တို့​တစ်​ဦး​စီ​သည် မိ​မိ​အ​ကျိုး​ကို​သာ​မ​ကြည့်​ရှု​ဘဲ သူ​တစ်​ပါး​၏​အ​ကျိုး​ကို​လည်း ကြည့်​ရှု​ကြ​လော့။

ခ​ရစ်​တော်​၏​နှိမ့်​ချ​ခြင်း​နှင့် ချီး​မြှောက်​ခံ​ရ​ခြင်း

5 ခ​ရစ်​တော်​ယေ​ရှု​၌​ရှိ​သော ထို​စိတ်​သ​ဘော​မျိုး​ကို သင်​တို့​၌​လည်း​ရှိ​စေ​ကြ​လော့။

6 ခ​ရစ်​တော်​သည် ဘု​ရား​သ​ခင်​၏​အ​သွင်​သဏ္ဌာန်​ရှိ​သော်​လည်း ဘု​ရား​သ​ခင်​နှင့်​တန်း​တူ​ဖြစ်​ခြင်း​ကို ဆုပ်​ကိုင်​ထား​ရ​မည့်​အ​ရာ​ဟု မ​မှတ်​ယူ​ဘဲ

7 မိ​မိ​အ​သ​ရေ​ကို​စွန့်​၍ အ​စေ​အ​ပါး​၏​အ​သွင်​သဏ္ဌာန်​ကို​ဆောင်​ကာ လူ​တို့​နှင့်​တူ​ညီ​သော​သဏ္ဌာန်​၌ ဖွား​မြင်​ခြင်း​ကို​ခံ​တော်​မူ​၏။ ကိုယ်​တော်​သည် လူ​ကဲ့​သို့​သော​ပုံ​ပန်း​သဏ္ဌာန်​၌ ပေါ်​ထွန်း​တော်​မူ​၍

8 မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​ကာ လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​အ​သေ​ခံ​ခြင်း​ဟူ​သည့် အ​သေ​ခံ​ခြင်း​တိုင်​အောင် နာ​ခံ​တော်​မူ​၏။

9 ထို့​ကြောင့် ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​ကို အ​လွန်​ချီး​မြှောက်​တော်​မူ​၍ ဘွဲ့​နာ​မ​တ​ကာ​တို့​ထက် ကြီး​မြတ်​သော​ဘွဲ့​နာ​မ​ကို ပေး​အပ်​တော်​မူ​၏။

10 ဤ​သည်​ကား အ​ထက်​ကောင်း​ကင်​အ​ရပ်​၌​လည်း​ကောင်း၊ မြေ​ကြီး​ပေါ်​၌​လည်း​ကောင်း၊ မြေ​ကြီး​အောက်​၌​လည်း​ကောင်း ရှိ​ရှိ​သ​မျှ​တို့​သည် ယေ​ရှု​၏​နာ​မ​တော်​၌ ဒူး​ထောက်​၍

11 နှုတ်​ရှိ​သ​မျှ​တို့​သည်​လည်း ယေ​ရှု​ခ​ရစ်​တော်​သည်​အ​ရှင်​သ​ခင်​ဖြစ်​ကြောင်း​ဝန်​ခံ​သ​ဖြင့် ခ​မည်း​တော်​ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို ထင်​ရှား​စေ​မည့်​အ​ကြောင်း​တည်း။

လော​က​၏​အ​လင်း​များ

12 သို့​ဖြစ်​၍ ငါ​ချစ်​သော​သူ​တို့၊ သင်​တို့​သည် အ​စဉ်​နာ​ခံ​ခဲ့​ကြ​သည့်​အ​တိုင်း ငါ​၏​မျက်​မှောက်​၌​သာ​မ​ဟုတ်​ဘဲ ယ​ခု ငါ​နှင့်​ဝေး​ကွာ​သည့်​အ​ခါ​၌​လည်း ပို​၍​နာ​ခံ​လျက် ကြောက်​ရွံ့​တုန်​လှုပ်​သော​စိတ်​ဖြင့် မိ​မိ​တို့​၏​ကယ်​တင်​ခြင်း​ကို အ​ကောင်​အ​ထည်​ဖော်​ကြ​လော့။

13 အ​ကြောင်း​မူ​ကား စေ​တ​နာ​တော်​အ​တိုင်း ဆန္ဒ​ရှိ​ကြ​စေ​ရန်​နှင့် လုပ်​ဆောင်​ကြ​စေ​ရန် သင်​တို့​အ​ထဲ​၌​လုပ်​ဆောင်​တော်​မူ​သော​အ​ရှင်​ကား ဘု​ရား​သ​ခင်​ပေ​တည်း။

14 အ​ရာ​ခပ်​သိမ်း​ကို ညည်း​ညူ​ခြင်း​နှင့်​ငြင်း​ခုံ​ခြင်း​မ​ရှိ​ဘဲ လုပ်​ဆောင်​ကြ​လော့။

15 ဤ​သည်​ကား ကောက်​ကျစ်​၍​ဖောက်​ပြန်​လမ်း​လွဲ​သော​မျိုး​ဆက်​၏​အ​လယ်​တွင် သင်​တို့​သည် ရိုး​သား​ဖြူ​စင်​လျက် အ​ပြစ်​တင်​စ​ရာ​မ​ရှိ​သော​သူ​များ၊ အ​ပြစ်​အ​နာ​အ​ဆာ​ကင်း​သော ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ​ဖြစ်​ကြ​ပြီး အ​သက်​နှင့်​ဆိုင်​သော​နှုတ်​က​ပတ်​တော်​ကို​စွဲ​ကိုင်​ထား​လျက် ဤ​လော​က​၌​ရှိ​သော​အ​လင်း​ရောင်​များ​ကဲ့​သို့ သူ​တို့​အ​ထဲ​တွင် ထွန်း​လင်း​ကြ​မည့်​အ​ကြောင်း​တည်း။

16 ထို​သို့​အား​ဖြင့် ငါ​သည် အ​ချည်း​နှီး​ပြေး​ခဲ့​သည်​မ​ဟုတ်​ကြောင်း​နှင့် အ​ချည်း​နှီး​အား​ထုတ်​လုပ်​ဆောင်​ခဲ့​သည်​မ​ဟုတ်​ကြောင်း ခ​ရစ်​တော်​၏​နေ့​ရက်​၌ ဂုဏ်​ယူ​ဝါ​ကြွား​နိုင်​လိမ့်​မည်။

17 ထို​မျှ​မ​က သင်​တို့​၏​ယုံ​ကြည်​ခြင်း​နှင့်​ဆိုင်​သော ဝတ်​ပြု​ခြင်း​နှင့်​ယဇ်​ပူ​ဇော်​ခြင်း​တို့​အ​ပေါ်​၌ ငါ​သွန်း​လောင်း​ပူ​ဇော်​ခြင်း​ခံ​ရ​မည်​ဆို​လျှင်​လည်း ငါ​ဝမ်း​မြောက်​၏။ သင်​တို့​အား​လုံး​နှင့်​အ​တူ ငါ​ဝမ်း​မြောက်​၏။

18 ထို​နည်း​တူ သင်​တို့​သည်​လည်း ဝမ်း​မြောက်​ကြ​လော့။ ငါ​နှင့်​အ​တူ​ဝမ်း​မြောက်​ကြ​လော့။

တိ​မော​သေ​နှင့် ဧ​ပ​ဖြော​ဒိတ်

19 ငါ​သည် သင်​တို့​အ​ကြောင်း​ကို​ကြား​သိ​၍ အား​တက်​လာ​စေ​ရန် တိ​မော​သေ​ကို သင်​တို့​ထံ​သို့ မ​ကြာ​မီ​စေ​လွှတ်​နိုင်​မည်​ဟု သ​ခင်​ယေ​ရှု​၌ ငါ​မျှော်​လင့်​ထား​၏။

20 အ​ကြောင်း​မူ​ကား တိ​မော​သေ​ကဲ့​သို့ ငါ​နှင့်​စိတ်​သ​ဘော​ချင်း​တူ​၍ သင်​တို့​အ​ကျိုး​ကို အ​မှန်​တ​ကယ်​အ​လေး​ထား​ဂ​ရု​စိုက်​မည့်​သူ တစ်​စုံ​တစ်​ဦး​မျှ ငါ​၌​မ​ရှိ။

21 လူ​အ​ပေါင်း​တို့​သည် ယေ​ရှု​ခ​ရစ်​တော်​၏​အ​ကျိုး​ကို​မ​ရှာ ကိုယ်​ကျိုး​ကို​သာ​ရှာ​ကြ​၏။

22 သို့​သော် တိ​မော​သေ​သည် ငါ​နှင့်​အ​တူ သား​အ​ဖ​ကဲ့​သို့ ကောင်း​မြတ်​သော​သ​တင်း​အ​တွက် အ​စေ​ခံ​ခဲ့​သော​ကြောင့် သူ​၏​ရင့်​ကျက်​သော​ပါ​ရ​မီ​ကို သင်​တို့​သိ​ကြ​၏။

23 ထို့​ကြောင့် ငါ​၏​အ​မှု​ကိစ္စ မည်​သို့​ဖြစ်​မည်​ကို သိ​လျှင်​သိ​ချင်း သူ့​ကို​စေ​လွှတ်​နိုင်​မည်​ဟု ငါ​မျှော်​လင့်​ထား​၏။

24 ငါ​ကိုယ်​တိုင်​လည်း မ​ကြာ​မီ​ရောက်​လာ​နိုင်​မည်​ဟု သ​ခင်​ဘု​ရား​၌ ငါ​ယုံ​ကြည်​စိတ်​ချ​၏။

25 သို့​သော် ငါ​၏​ညီ၊ ငါ​၏​လုပ်​ဖော်​ဆောင်​ဖက်​နှင့် ရဲ​ဘော်​ရဲ​ဘက်​ဖြစ်​သည့်​အ​ပြင် ငါ​၏​လို​အပ်​ချက်​များ​ကို​ဖြည့်​ဆည်း​ဆောင်​ရွက်​ပေး​သော သင်​တို့​၏​စေ​တ​မန် ဧ​ပ​ဖြော​ဒိတ်​ကို သင်​တို့​ထံ​သို့​စေ​လွှတ်​ရန် လို​အပ်​သည်​ဟု ငါ​ယူ​ဆ​၏။

26 အ​ဘယ်​ကြောင့်​ဆို​သော် သူ​သည် သင်​တို့​အား​လုံး​ကို​လွမ်း​ဆွတ်​နေ​ပြီး သူ​နာ​မ​ကျန်း​ဖြစ်​ကြောင်း သင်​တို့​ကြား​သိ​ကြ​သည့်​အ​တွက် စိတ်​ပူ​ပန်​နေ​၏။

27 သူ​သည် အ​မှန်​ပင် သေ​လု​နီး​ပါး​နာ​မ​ကျန်း​ဖြစ်​ခဲ့​၏။ သို့​သော် ဘု​ရား​သ​ခင်​သည် သူ့​ကို​သ​နား​တော်​မူ​လေ​ပြီ။ သူ့​ကို​သာ​မ​ဟုတ်​ဘဲ ငါ​၌ တစ်​ပူ​ပေါ်​တစ်​ပူ​ဆင့်​မ​ဖြစ်​ရ​လေ​အောင် ငါ့​ကို​လည်း သ​နား​တော်​မူ​၏။

28 ထို့​ကြောင့် သင်​တို့​သည် သူ့​ကို တစ်​ဖန်​တွေ့​မြင်​၍ ဝမ်း​မြောက်​ကြ​စေ​ရန်​နှင့် ငါ​သည်​လည်း စိတ်​သက်​သာ​ရာ​ရ​စေ​ရန် သူ့​ကို မ​ဆိုင်း​မ​တွ​ငါ​စေ​လွှတ်​၏။

29 သို့​ဖြစ်​၍ ဝမ်း​မြောက်​ခြင်း​အ​ပြည့်​အ​ဝ​ဖြင့် သ​ခင်​ဘု​ရား​၌ သူ့​ကို​လက်​ခံ​ကြ​လော့။ ဤ​သို့​သော​သူ​တို့​ကို ရို​သေ​လေး​စား​ကြ​လော့။

30 အ​ဘယ်​ကြောင့်​ဆို​သော် သင်​တို့​သည် ငါ့​ကို​ကူ​ညီ​ထောက်​မ​ရာ​၌ လို​အပ်​သည့်​အ​ပိုင်း​ကို​ဖြည့်​ဆည်း​ပေး​ရန် သူ​သည် မိ​မိ​အ​သက်​ကို​ပ​ဓာ​န​မ​ထား​ဘဲ ခ​ရစ်​တော်​၏​အ​မှု​တော်​အ​တွက် သေ​လု​နီး​ပါး​ဖြစ်​ခဲ့​၏။

အခန်းကြီး

1 2 3 4