ဖိ​လိပ္ပိ​ဩ​ဝါ​ဒ​စာ 4 MSB

အ​ကြံ​ပြု​တိုက်​တွန်း​ခြင်း

1 ထို့​ကြောင့် ငါ​၏​ဝမ်း​မြောက်​ခြင်း​အ​ကြောင်း​နှင့် ငါ​၏​သ​ရ​ဖူ​ဖြစ်​သည့် ငါ​ချစ်​၍​လွမ်း​ဆွတ်​သော ငါ့​ညီ​အစ်​ကို​တို့၊ ငါ​ဆို​ခဲ့​သည့်​အ​တိုင်း သ​ခင်​ဘု​ရား​၌ ခိုင်​မြဲ​စွာ​ရပ်​တည်​ကြ​လော့၊ ငါ​ချစ်​သော​သူ​တို့။

2 ငါ​သည် ဧ​ဝေါ​ဒိ​နှင့်​သုန္တုတ်​တို့​အား သ​ခင်​ဘု​ရား​၌ တစ်​စိတ်​တစ်​သ​ဘော​တည်း​ရှိ​ကြ​ရန် တိုက်​တွန်း​နှိုး​ဆော်​ပါ​၏။

3 အ​ချင်း​စစ်​မှန်​သော​ရဲ​ဘော်​ရဲ​ဘက်၊ ထို​အ​မျိုး​သ​မီး​တို့​ကို ကူ​ညီ​မ​စ​ရန် သင့်​ကို​လည်း ငါ​တောင်း​ပန်​၏။ သူ​တို့​သည် အ​သက်​စာ​စောင်​တွင် နာ​မည်​ပါ​သူ​များ​ဖြစ်​ကြ​သည့် က​လေ​မင်​မှ​စ​၍ အ​ခြား​သော​ငါ​၏​လုပ်​ဖော်​ဆောင်​ဖက်​များ​နှင့်​တ​ကွ ကောင်း​မြတ်​သော​သ​တင်း​အ​တွက် ငါ​နှင့်​အ​တူ​လက်​တွဲ​လုပ်​ဆောင်​ခဲ့​သူ​များ​ဖြစ်​ကြ​၏။

4 သ​ခင်​ဘု​ရား​၌ အ​စဉ်​အ​မြဲ​ဝမ်း​မြောက်​ကြ​လော့။ တစ်​ဖန် ငါ​ဆို​သည်​ကား ဝမ်း​မြောက်​ကြ​လော့။

5 သင်​တို့​၏​ညင်​သာ​သော​သ​ဘော​ကို လူ​အ​ပေါင်း​တို့​အား သိ​စေ​ကြ​လော့။ သ​ခင်​ဘု​ရား​သည် အ​နီး​၌​ရှိ​တော်​မူ​ပြီ။

6 မည်​သည့်​အ​မှု​ကို​မျှ မ​စိုး​ရိမ်​ဘဲ အ​ရာ​ရာ​၌ ကျေး​ဇူး​တော်​ချီး​မွမ်း​ခြင်း​နှင့်​တ​ကွ ဆု​တောင်း​ခြင်း​နှင့်​အ​သ​နား​ခံ​ခြင်း​တို့​ဖြင့် သင်​တို့​တောင်း​ခံ​လို​သော​အ​ရာ​များ​ကို ဘု​ရား​သ​ခင်​အား သိ​စေ​ကြ​လော့။

7 ထို​အ​ခါ လူ​တို့​၏​နား​လည်​နိုင်​စွမ်း​ရှိ​သ​မျှ​တို့​ထက် ထူး​မြတ်​သော​ဘု​ရား​သ​ခင်​၏​ငြိမ်​သက်​ခြင်း​သည် ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့် သင်​တို့​၏​စိတ်​နှ​လုံး​နှင့် သင်​တို့​၏​တွေး​တော​ကြံ​စည်​မှု​များ​ကို စောင့်​ရှောက်​တော်​မူ​လိမ့်​မည်။

8 နောက်​ဆုံး​အ​နေ​ဖြင့်​ဆို​ရ​လျှင် ညီ​အစ်​ကို​တို့၊ မှန်​ကန်​သော​အ​ရာ​ရှိ​သ​မျှ၊ ဂုဏ်​သ​ရေ​ရှိ​သော​အ​ရာ​ရှိ​သ​မျှ၊ ဖြောင့်​မတ်​သော​အ​ရာ​ရှိ​သ​မျှ၊ ဖြူ​စင်​သန့်​ရှင်း​သော​အ​ရာ​ရှိ​သ​မျှ၊ နှစ်​သက်​ဖွယ်​ကောင်း​သော​အ​ရာ​ရှိ​သ​မျှ​နှင့် ဂုဏ်​သ​တင်း​ကောင်း​သော​အ​ရာ​ရှိ​သ​မျှ​တို့​၌ ကောင်း​မြတ်​သော​အ​ရာ​တစ်​စုံ​တစ်​ခု သို့​မ​ဟုတ် ချီး​မွမ်း​ထိုက်​သော​အ​ရာ​တစ်​စုံ​တစ်​ခု​ရှိ​လျှင် ထို​အ​ရာ​တို့​ကို နှ​လုံး​သွင်း​ကြ​လော့။

9 ငါ့​ထံ​မှ သင်​တို့​သင်​ကြား​ခံ​ယူ​လျက် ကြား​နာ​သိ​မြင်​ခဲ့​သော​အ​ရာ​တို့​ကို ပြု​ကျင့်​ကြ​လော့။ သို့​ပြု​လျှင် ငြိမ်​သက်​ခြင်း​၏​အ​ရှင်​ဘု​ရား​သ​ခင်​သည် သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​လိမ့်​မည်။

ကူ​ညီ​ထောက်​ပံ့​မှု​အ​တွက် ကျေး​ဇူး​တင်​ခြင်း

10 ငါ့​အ​တွက် အ​လေး​ထား​စဉ်း​စား​ပေး​သော​စိတ်​သည် သင်​တို့​၌ ယ​ခု​တစ်​ကြိမ် ပြန်​လည်​ဖြစ်​ပေါ်​လာ​သော​ကြောင့် ငါ​သည် သ​ခင်​ဘု​ရား​၌ အ​လွန်​ဝမ်း​မြောက်​၏။ အ​ကယ်​စင်​စစ် သင်​တို့​သည် ငါ့​အ​တွက် အ​လေး​ထား​စဉ်း​စား​ပေး​သော်​လည်း အ​ခွင့်​မ​ရ​ခဲ့​ကြ။

11 ငါ​သည် ဆင်း​ရဲ​ချို့​တဲ့​သော​ကြောင့် ဤ​သို့​ဆို​သည်​မ​ဟုတ်။ အ​ကြောင်း​မူ​ကား မည်​သည့်​အ​ခြေ​အ​နေ​၌​မ​ဆို ကျေ​နပ်​ရောင့်​ရဲ​တတ်​ရန် ငါ​သည် သင်​ယူ​ခဲ့​ပြီ။

12 နှိမ့်​ချ​ခံ​ရ​ခြင်း​ကို​ငါ​သိ​၍ ကြွယ်​ဝ​ခြင်း​ကို​လည်း​ငါ​သိ​၏။ ဝ​ပြော​သည်​ဖြစ်​စေ၊ ဆာ​လောင်​သည်​ဖြစ်​စေ၊ ကြွယ်​ဝ​ပြည့်​စုံ​သည်​ဖြစ်​စေ၊ ဆင်း​ရဲ​နွမ်း​ပါး​သည်​ဖြစ်​စေ အ​ခြေ​အ​နေ​တိုင်း​နှင့်​အ​ရာ​ရာ​တိုင်း​၌ နေ​တတ်​သည့်​လျှို့​ဝှက်​ချက်​ကို ငါ​သင်​ယူ​ခဲ့​ပြီ။

13 ငါ့​ကို​ခွန်​အား​နှင့်​ပြည့်​စုံ​စေ​တော်​မူ​သော​အ​ရှင်​အား​ဖြင့် ခပ်​သိမ်း​သော​အ​မှု​တို့​ကို ငါ​တတ်​စွမ်း​နိုင်​၏။

14 မည်​သို့​ပင်​ဖြစ်​စေ သင်​တို့​သည် ငါ​၏​ဆင်း​ရဲ​ဒုက္ခ​ကို မျှ​ဝေ​ခံ​စား​ရာ​၌ လျောက်​ပတ်​စွာ​ပြု​ကြ​ပြီ။

15 ဖိ​လိပ္ပိ​မြို့​သူ​မြို့​သား​တို့၊ ကောင်း​မြတ်​သော​သ​တင်း​ကို စ​တင်​ဟော​ပြော​ချိန်​၌ မာ​ကေ​ဒေါ​နိ​ပြည်​မှ ငါ​ထွက်​လာ​သော​အ​ခါ သင်​တို့​မှ​တစ်​ပါး မည်​သည့်​အ​သင်း​တော်​မျှ ပေး​လှူ​ခြင်း​နှင့်​လက်​ခံ​ခြင်း​အ​မှု​တို့​၌ ငါ​နှင့်​အ​တူ​ပါ​ဝင်​ခြင်း​မ​ရှိ​ခဲ့​ကြောင်း သင်​တို့​သိ​ကြ​၏။

16 သက်​သာ​လော​နိတ်​မြို့​၌ ငါ​ရှိ​စဉ်​က​လည်း သင်​တို့​သည် ငါ​လို​အပ်​သော​အ​ရာ​ကို တစ်​ကြိမ်​မ​က နှစ်​ကြိမ်​တိုင်​အောင် ပေး​ပို့​ခဲ့​ကြ​၏။

17 ဤ​သို့​ဆို​သော် လက်​ဆောင်​ကို ငါ​အ​လို​ရှိ​၍​မ​ဟုတ်။ သင်​တို့​၏​အ​ကျိုး​အ​မြတ်​ကို တိုး​ပွား​စေ​သော​အ​သီး​အ​ပွင့်​ကို​သာ ငါ​အ​လို​ရှိ​၏။

18 ငါ​သည် အ​ရာ​အား​လုံး​ကို​ရ​ရှိ​၍ ကြွယ်​ဝ​လျက်​ရှိ​၏။ သင်​တို့​ပေး​ပို့​သည့်​အ​ရာ​များ​ကို ဧ​ပ​ဖြော​ဒိတ်​ထံ​မှ ငါ​လက်​ခံ​ရ​ရှိ​၍ ပြည့်​စုံ​လျက်​ရှိ​ပြီ။ ထို​အ​ရာ​တို့​သည် မွှေး​ကြိုင်​သည့်​ရ​နံ့၊ ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​သော လက်​ခံ​ဖွယ်​ရာ​ယဇ်​ဖြစ်​ကြ​၏။

19 ငါ​၏​ဘု​ရား​သ​ခင်​သည်​လည်း ဘုန်း​အ​သ​ရေ​တော်​၌​ရှိ​သော မိ​မိ​၏​ကြွယ်​ဝ​မှု​နှင့်​အ​ညီ သင်​တို့​၏​လို​အပ်​ချက်​ရှိ​သ​မျှ​ကို ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့် ပြည့်​စုံ​စေ​တော်​မူ​လိမ့်​မည်။

20 ငါ​တို့​အ​ဖ​ဖြစ်​တော်​မူ​သော​ဘု​ရား​သ​ခင်​၌ ကမ္ဘာ​အ​ဆက်​ဆက်​ဘုန်း​အ​သ​ရေ​တော်​ရှိ​ပါ​စေ​သော။ အာ​မင်။

နောက်​ဆုံး နှုတ်​ဆက်​စ​ကား​များ

21 ခ​ရစ်​တော်​ယေ​ရှု​၌​ရှိ​သော သန့်​ရှင်း​သူ​အ​ပေါင်း​တို့​ကို နှုတ်​ဆက်​ပေး​ကြ​လော့။ ငါ​နှင့်​အ​တူ​ရှိ​သော​ညီ​အစ်​ကို​တို့​သည် သင်​တို့​ကို​နှုတ်​ဆက်​လိုက်​ပါ​၏။

22 သန့်​ရှင်း​သူ​အား​လုံး အ​ထူး​သ​ဖြင့် ဆီ​ဇာ​ဧ​က​ရာဇ်​၏​နန်း​တော်​၌​ရှိ​သော​သူ​တို့​က သင်​တို့​ကို​နှုတ်​ဆက်​လိုက်​ပါ​၏။

23 သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၏​ကျေး​ဇူး​တော်​သည် သင်​တို့​၏​စိတ်​ဝိ​ညာဉ်​နှင့်​အ​တူ​ရှိ​ပါ​စေ​သော။

အခန်းကြီး

1 2 3 4