ရှင်​ယော​ဟန်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 2:12-18 MSB

12 သား​သ​မီး​တို့၊ သင်​တို့​သည် ကိုယ်​တော်​၏​နာ​မ​တော်​အား​ဖြင့် အ​ပြစ်​များ​ခွင့်​လွှတ်​ခြင်း​ခံ​ရ​ပြီ​ဖြစ်​သော​ကြောင့် သင်​တို့​ထံ ငါ​ရေး​လိုက်​၏။

13 ဖ​ခင်​တို့၊ သင်​တို့​သည် အ​စ​အ​ဦး​က​ပင်​ရှိ​တော်​မူ​သော​အ​ရှင်​ကို သိ​ကြ​သော​ကြောင့် သင်​တို့​ထံ ငါ​ရေး​လိုက်​၏။ လူ​ငယ်​လူ​ရွယ်​တို့၊ သင်​တို့​သည် မ​ကောင်း​သော​အ​ရာ​ကို အောင်​နိုင်​ခဲ့​ကြ​သော​ကြောင့် သင်​တို့​ထံ ငါ​ရေး​လိုက်​၏

14 သား​သ​မီး​တို့၊ သင်​တို့​သည် ခ​မည်း​တော်​ကို သိ​ကြ​သော​ကြောင့် သင်​တို့​ထံ ငါ​ရေး​လိုက်​၏။ ဖ​ခင်​တို့၊ သင်​တို့​သည် အ​စ​အ​ဦး​က​ပင်​ရှိ​တော်​မူ​သော​အ​ရှင်​ကို သိ​ကြ​သော​ကြောင့် သင်​တို့​ထံ ငါ​ရေး​လိုက်​၏။ လူ​ငယ်​လူ​ရွယ်​တို့၊ သင်​တို့​သည် ခွန်​အား​နှင့်​ပြည့်​စုံ​၍ ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​သည် သင်​တို့​၌​တည်​သ​ဖြင့် မ​ကောင်း​သော​အ​ရာ​ကို သင်​တို့​အောင်​နိုင်​ခဲ့​ကြ​သော​ကြောင့် သင်​တို့​ထံ ငါ​ရေး​လိုက်​၏။

15 လော​က​ကို​လည်း​ကောင်း၊ လော​က​၌​ရှိ​သော​အ​ရာ​တို့​ကို​လည်း​ကောင်း မ​ချစ်​ကြ​နှင့်။ မည်​သူ​မ​ဆို လော​က​ကို​ချစ်​လျှင် ခ​မည်း​တော်​၏​ချစ်​ခြင်း​မေတ္တာ​သည် ထို​သူ​၌​မ​ရှိ။

16 အ​ကြောင်း​မူ​ကား လော​က​၌​ရှိ​သ​မျှ​သော​အ​ရာ​တည်း​ဟူ​သော ကိုယ်​ကာ​ယ​၏​တပ်​မက်​ခြင်း၊ မျက်​စိ​၏​တပ်​မက်​ခြင်း၊ စည်း​စိမ်​၌​ကြွား​ဝါ​ခြင်း​တို့​သည် ခ​မည်း​တော်​နှင့်​မ​စပ်​ဆိုင်။ လော​က​နှင့်​သာ​စပ်​ဆိုင်​၏။

17 လော​က​နှင့်​လော​ကီ​တပ်​မက်​ခြင်း​တို့​သည် ရွေ့​လျား​ကွယ်​ပျောက်​သွား​မည်။ ဘု​ရား​သ​ခင်​၏​အ​လို​တော်​ကို​ဆောင်​ရွက်​သော​သူ​မူ​ကား ကာ​လ​အ​စဉ်​အ​ဆက်​တည်​၏။

18 သား​သ​မီး​တို့၊ ယ​ခု​ကာ​လ​သည် နောက်​ဆုံး​သော​ကာ​လ​ဖြစ်​၏။ ခ​ရစ်​တော်​ကို​ဆန့်​ကျင်​အန်​တု​သူ​ရောက်​လာ​တော့​မည်​ဟု သင်​တို့​ကြား​ရ​သည့်​အ​တိုင်း ယ​ခု​ပင် ခ​ရစ်​တော်​ကို​ဆန့်​ကျင်​အန်​တု​သူ​အ​မြောက်​အ​မြား​ပေါ်​လာ​ကြ​ပြီ။ ထို့​ကြောင့် ယ​ခု​ကာ​လ​သည် နောက်​ဆုံး​သော​ကာ​လ​ဖြစ်​သည်​ကို ငါ​တို့​သိ​ကြ​၏။