ရှင်​ယော​ဟန်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 3 MSB

1 ငါ​တို့​သည် ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ​ဟု​ခေါ်​ဝေါ်​ခြင်း​ခံ​ရ​ရန် ခ​မည်း​တော်​သည် မည်​မျှ​ကြီး​မား​သော​ချစ်​ခြင်း​မေတ္တာ​ကို ငါ​တို့​အား ပေး​တော်​မူ​သည်​ကို ဆင်​ခြင်​ကြ​လော့။ အ​မှန်​ပင် ငါ​တို့​သည် ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ​ဖြစ်​ကြ​၏။ လော​ကီ​သား​တို့​သည် ဘု​ရား​သ​ခင်​ကို​မ​သိ​သော​ကြောင့် ငါ​တို့​ကို​လည်း​မ​သိ​ကြ။

2 ချစ်​ရ​သော​သူ​တို့၊ ယ​ခု ငါ​တို့​သည် ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ​ဖြစ်​ကြ​၏။ အ​နာ​ဂတ်​တွင် ငါ​တို့​မည်​သို့​ဖြစ်​ကြ​မည်​ကို ထင်​ရှား​စွာ​မ​သိ​ရ​သေး​သော်​လည်း ကိုယ်​တော်​ပေါ်​ထွန်း​တော်​မူ​သော​အ​ခါ ကိုယ်​တော်​ကို ပ​က​တိ​အ​ဖြစ်​တော်​အ​တိုင်း မြင်​ရ​ကြ​မည်​ဖြစ်​၍ ငါ​တို့​သည် ကိုယ်​တော်​နှင့်​တူ​ကြ​မည်​ကို ငါ​တို့​သိ​ကြ​၏။

3 ကိုယ်​တော်​၌ ဤ​သို့​မျှော်​လင့်​ထား​သော​သူ​တိုင်း​သည် ကိုယ်​တော်​သန့်​ရှင်း​စင်​ကြယ်​တော်​မူ​သည့်​နည်း​တူ မိ​မိ​ကိုယ်​ကို​သန့်​ရှင်း​စင်​ကြယ်​စေ​တတ်​၏။

4 အ​ပြစ်​ကို​ပြု​နေ​သော​သူ​တိုင်း​သည် တ​ရား​မဲ့​သော​အ​မှု​ကို​လည်း​ပြု​၏။ အ​ပြစ်​သည် တ​ရား​မဲ့​ခြင်း​ဖြစ်​၏။

5 ကိုယ်​တော်​သည် အ​ပြစ်​များ​ကို​ယူ​ဆောင်​သွား​ရန် ပေါ်​ထွန်း​တော်​မူ​ခဲ့​ကြောင်း သင်​တို့​သိ​ကြ​၏။ ကိုယ်​တော်​၌​ကား မည်​သည့်​အ​ပြစ်​မျှ​မ​ရှိ။

6 ကိုယ်​တော်​၌​တည်​နေ​သော​သူ​တိုင်း​သည် အ​ပြစ်​ပြု​နေ​ခြင်း​မ​ရှိ။ အ​ပြစ်​ပြု​နေ​သော​သူ​တိုင်း​သည် ကိုယ်​တော်​ကို​မ​သိ​မ​မြင်​ဖူး​ချေ။

7 သား​သ​မီး​တို့၊ သင်​တို့​ကို မည်​သူ​မျှ မ​လှည့်​ဖြား​စေ​နှင့်။ ကိုယ်​တော်​သည် ဖြောင့်​မတ်​တော်​မူ​သည့်​နည်း​တူ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို​ကျင့်​သုံး​သော​သူ​သည် ဖြောင့်​မတ်​၏။

8 အ​ပြစ်​ကို​ပြု​နေ​သော​သူ​သည် မာရ်​နတ်​နှင့်​စပ်​ဆိုင်​သော​သူ​ဖြစ်​၏။ အ​ကြောင်း​မူ​ကား မာရ်​နတ်​သည် အ​စ​အ​ဦး​က​ပင် အ​ပြစ်​ပြု​လျက်​ရှိ​၏။ ဘု​ရား​သ​ခင်​၏​သား​တော်​ပေါ်​ထွန်း​တော်​မူ​ခဲ့​သည်​မှာ မာရ်​နတ်​၏​လုပ်​ဆောင်​မှု​တို့​ကို ပယ်​ဖျက်​ရန်​အ​တွက်​ဖြစ်​၏။

9 ဘု​ရား​သ​ခင်​ထံ​မှ​ပေါက်​ဖွား​လာ​သော​သူ မည်​သူ​၌​မ​ဆို ဘု​ရား​သ​ခင်​၏​မျိုး​စေ့​တည်​နေ​သည်​ဖြစ်​၍ ထို​သူ​သည် အ​ပြစ်​ကို​ပြု​နေ​ခြင်း​မ​ရှိ။ သူ​သည် ဘု​ရား​သ​ခင်​ထံ​မှ​ပေါက်​ဖွား​လာ​သော​ကြောင့် အ​ပြစ်​ကို​ဆက်​၍​မ​ပြု​နိုင်။

အ​ချင်း​ချင်း​ချစ်​ကြ​ရ​မည်

10 ဖြောင့်​မတ်​ခြင်း​တ​ရား​ကို​မ​ကျင့်​သုံး​သော​သူ​တိုင်း​သည် ဘု​ရား​သ​ခင်​နှင့်​မ​စပ်​ဆိုင်။ မိ​မိ​ညီ​အစ်​ကို​ကို​မ​ချစ်​သော​သူ​သည်​လည်း ဘု​ရား​သ​ခင်​နှင့်​မ​စပ်​ဆိုင်။ ဤ​သို့​သော​အား​ဖြင့် ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ​နှင့် မာရ်​နတ်​၏​သား​သ​မီး​များ​ကို ခွဲ​ခြား​သိ​ရှိ​နိုင်​၏။

11 ငါ​တို့​သည် အ​ချင်း​ချင်း​ချစ်​ကြ​ရ​မည်​ဟူ​သော ဤ​သ​တင်း​စ​ကား​သည် အ​စ​အ​ဦး​က​ပင် သင်​တို့​ကြား​နာ​ရ​သော​သ​တင်း​စ​ကား​ဖြစ်​၏။

12 မာရ်​နတ်​နှင့်​စပ်​ဆိုင်​သော​သူ​ဖြစ်​ပြီး မိ​မိ​၏​ညီ​ကို​သတ်​သော​ကာ​ဣ​န​ကဲ့​သို့ မ​ဖြစ်​ကြ​နှင့်။ အ​ဘယ်​ကြောင့် ညီ​ကို​သတ်​သ​နည်း​ဟူ​မူ​ကား သူ​၏​လုပ်​ဆောင်​မှု​သည် ဆိုး​ညစ်​၍ သူ့​ညီ​၏​လုပ်​ဆောင်​မှု​သည် ဖြောင့်​မတ်​သော​ကြောင့်​ဖြစ်​၏။

13 ညီ​အစ်​ကို​တို့၊ လော​ကီ​သား​တို့​သည် သင်​တို့​ကို​မုန်း​လျှင် မ​အံ့​ဩ​ကြ​နှင့်။

14 ငါ​တို့​သည် ညီ​အစ်​ကို​တို့​ကို ချစ်​ကြ​သော​ကြောင့် သေ​ခြင်း​မှ​အ​သက်​ရှင်​ခြင်း​သို့ ကူး​ပြောင်း​ပြီ​ဖြစ်​ကြောင်း ငါ​တို့​သိ​ကြ​၏။ မ​ချစ်​သော​သူ​မူ​ကား သေ​ခြင်း​၌​တည်​၏။

15 မိ​မိ​ညီ​အစ်​ကို​ကို​မုန်း​သော​သူ​တိုင်း​သည် လူ​သတ်​သ​မား​ဖြစ်​၏။ မည်​သည့်​လူ​သတ်​သ​မား​၌​မျှ ထာ​ဝ​ရ​အ​သက်​မ​တည်​ကြောင်း​ကို​လည်း သင်​တို့​သိ​ကြ​၏။

လုပ်​ဆောင်​မှု​ပါ​သော​ချစ်​ခြင်း​မေတ္တာ

16 ခ​ရစ်​တော်​သည် ငါ​တို့​အ​တွက် မိ​မိ​အ​သက်​ကို​စွန့်​တော်​မူ​သော​ကြောင့် ငါ​တို့​သည် ထို​အ​မှု​အ​ရာ​အား​ဖြင့် ချစ်​ခြင်း​မေတ္တာ​ကို​သိ​ကြ​ရ​ပြီ။ ငါ​တို့​သည်​လည်း ညီ​အစ်​ကို​ချင်း​တို့​အ​တွက် အ​သက်​ကို​စွန့်​သင့်​၏။

17 တစ်​စုံ​တစ်​ဦး​သည် လော​ကီ​စည်း​စိမ်​ရှိ​လျက်​နှင့် မိ​မိ​ညီ​အစ်​ကို​ဆင်း​ရဲ​ချို့​တဲ့​နေ​သည်​ကို​မြင်​၍ မိ​မိ​၏​ကြင်​နာ​စိတ်​ကို​ချုပ်​တည်း​ထား​လျှင် ဘု​ရား​သ​ခင်​၏​ချစ်​ခြင်း​မေတ္တာ​သည် ထို​သူ​၌ မည်​သို့​တည်​မည်​နည်း။

18 သား​သ​မီး​တို့၊ ငါ​တို့​သည် စ​ကား​နှင့် နှုတ်​အား​ဖြင့်​သာ​မ​ဟုတ်​ဘဲ လုပ်​ဆောင်​မှု​နှင့် သမ္မာ​တ​ရား​တို့​အား​ဖြင့် ချစ်​ကြ​ကုန်​စို့။

19 ဤ​သို့​ဖြင့် ငါ​တို့​သည် သမ္မာ​တ​ရား​နှင့်​စပ်​ဆိုင်​သော​သူ​ဖြစ်​ကြောင်း​ကို​သိ​ကြ​၍ ဘု​ရား​သ​ခင်​ရှေ့​တော်​၌ ငါ​တို့​၏​စိတ်​နှ​လုံး​ကို ငြိမ်​သက်​စွာ​ရှိ​စေ​ကြ​လိမ့်​မည်။

20 ငါ​တို့​၏​စိတ်​နှ​လုံး​သည် ငါ​တို့​ကို​အ​ပြစ်​တင်​ခဲ့​လျှင်​လည်း ဘု​ရား​သ​ခင်​သည် ငါ​တို့​၏​စိတ်​နှ​လုံး​ထက် ကြီး​မြတ်​တော်​မူ​သည်​ဖြစ်​၍ အ​လုံး​စုံ​တို့​ကို​သိ​တော်​မူ​၏။

21 ချစ်​ရ​သော​သူ​တို့၊ ငါ​တို့​၏​စိတ်​နှ​လုံး​သည် ငါ​တို့​ကို​အ​ပြစ်​မ​တင်​လျှင် ငါ​တို့​သည် ဘု​ရား​သ​ခင်​ရှေ့​တော်​၌ ယုံ​ကြည်​စိတ်​ချ​မှု​ရှိ​ကြ​ပြီး

22 တောင်း​လျှောက်​သ​မျှ​တို့​ကို ကိုယ်​တော်​ထံ​မှ​ရ​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ငါ​တို့​သည် ကိုယ်​တော်​၏​ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း​၍ ရှေ့​တော်​၌ နှစ်​သက်​တော်​မူ​သော​အ​ရာ​များ​ကို ပြု​ကြ​သော​ကြောင့်​ဖြစ်​၏။

23 ကိုယ်​တော်​၏​ပ​ညတ်​တော်​ကား သား​တော်​ယေ​ရှု​ခ​ရစ်​တော်​၏​နာ​မ​တော်​ကို​ယုံ​ကြည်​၍ ငါ​တို့​အား​ပေး​ထား​သည့်​ပ​ညတ်​တော်​အ​တိုင်း အ​ချင်း​ချင်း​ချစ်​ကြ​ရန်​ဖြစ်​၏။

24 ကိုယ်​တော်​၏​ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း​သော​သူ​သည် ကိုယ်​တော်​၌​တည်​၍ ကိုယ်​တော်​သည်​လည်း ထို​သူ​၌​တည်​၏။ ကိုယ်​တော်​သည် ငါ​တို့​၌​တည်​တော်​မူ​ကြောင်း​ကို ငါ​တို့​အား ကိုယ်​တော်​ပေး​တော်​မူ​သော​ဝိ​ညာဉ်​တော်​အား​ဖြင့် ငါ​တို့​သိ​ကြ​၏။

အခန်းကြီး

1 2 3 4 5