ရှင်​ယော​ဟန်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 2:2-8 MSB

2 ထို​အ​ရှင်​သည် ငါ​တို့​အ​ပြစ်​များ​အ​တွက် အ​သ​နား​ခံ​ခြင်း​ပူ​ဇော်​သက္ကာ​ဖြစ်​တော်​မူ​၏။ ငါ​တို့​အ​ပြစ်​များ​အ​တွက်​သာ​မ​က လော​ကီ​သား​အ​ပေါင်း​တို့​၏​အ​ပြစ်​များ​အ​တွက်​လည်း ဖြစ်​တော်​မူ​၏။

3 ငါ​တို့​သည် ကိုယ်​တော်​၏​ပ​ညတ်​တော်​တို့​ကို လိုက်​နာ​စောင့်​ထိန်း​လျှင် ထို​အ​မှု​အ​ရာ​အား​ဖြင့် ကိုယ်​တော်​အား ငါ​တို့​သိ​ကျွမ်း​သည်​ကို​သိ​ကြ​၏။

4 ကိုယ်​တော်​ကို ငါ​သိ​ကျွမ်း​၏​ဟု​ဆို​လျက် ကိုယ်​တော်​၏​ပ​ညတ်​တော်​တို့​ကို လိုက်​နာ​စောင့်​ထိန်း​ခြင်း​မ​ရှိ​သော​သူ​သည် လိမ်​လည်​သော​သူ​ဖြစ်​၍ သမ္မာ​တ​ရား​သည် ထို​သူ​၌​မ​ရှိ။

5 သို့​ရာ​တွင် မည်​သူ​မ​ဆို ကိုယ်​တော်​၏​စ​ကား​ကို လိုက်​နာ​စောင့်​ထိန်း​လျှင် ဘု​ရား​သ​ခင်​၏​ချစ်​ခြင်း​မေတ္တာ​တော်​သည် ထို​သူ​၌ အ​မှန်​ပင်​ပြည့်​စုံ​၏။ ဤ​သို့​ဖြင့် ငါ​တို့​သည် ကိုယ်​တော်​၌​ရှိ​သည်​ကို သိ​ကြ​၏။

6 ကိုယ်​တော်​၌ ငါ​တည်​၏​ဟု​ဆို​သော​သူ​သည် ကိုယ်​တော်​အ​သက်​ရှင်​လျှောက်​လှမ်း​တော်​မူ​ခဲ့​သည့်​အ​တိုင်း အ​သက်​ရှင်​လျှောက်​လှမ်း​ရ​မည်။

7 ချစ်​ရ​သော​သူ​တို့၊ သင်​တို့​ထံ ငါ​ရေး​လိုက်​သော​ပ​ညတ်​သည် ပ​ညတ်​သစ်​မ​ဟုတ်။ အ​စ​အ​ဦး​က​ပင် သင်​တို့​၌​ရှိ​သော ပ​ညတ်​ဟောင်း​သာ​ဖြစ်​၏။ ထို​ပ​ညတ်​ဟောင်း​သည် သင်​တို့​ကြား​ခဲ့​ရ​သော နှုတ်​က​ပတ်​တော်​ဖြစ်​၏။

8 တစ်​ဖန် ကိုယ်​တော်​၌​လည်း​ကောင်း၊ သင်​တို့​၌​လည်း​ကောင်း မှန်​ကန်​သော​ပ​ညတ်​သစ်​ကို သင်​တို့​ထံ​သို့ ငါ​ရေး​လိုက်​၏။ အ​ကြောင်း​မူ​ကား မှောင်​မိုက်​သည် ရွေ့​လျား​ကွယ်​ပျောက်​သွား​၍ စစ်​မှန်​သော​အ​လင်း​သည် ထွန်း​တောက်​ပြီ​ဖြစ်​၏။