ရှင်​ယော​ဟန်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 3:1-7 MSB

1 ငါ​တို့​သည် ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ​ဟု​ခေါ်​ဝေါ်​ခြင်း​ခံ​ရ​ရန် ခ​မည်း​တော်​သည် မည်​မျှ​ကြီး​မား​သော​ချစ်​ခြင်း​မေတ္တာ​ကို ငါ​တို့​အား ပေး​တော်​မူ​သည်​ကို ဆင်​ခြင်​ကြ​လော့။ အ​မှန်​ပင် ငါ​တို့​သည် ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ​ဖြစ်​ကြ​၏။ လော​ကီ​သား​တို့​သည် ဘု​ရား​သ​ခင်​ကို​မ​သိ​သော​ကြောင့် ငါ​တို့​ကို​လည်း​မ​သိ​ကြ။

2 ချစ်​ရ​သော​သူ​တို့၊ ယ​ခု ငါ​တို့​သည် ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ​ဖြစ်​ကြ​၏။ အ​နာ​ဂတ်​တွင် ငါ​တို့​မည်​သို့​ဖြစ်​ကြ​မည်​ကို ထင်​ရှား​စွာ​မ​သိ​ရ​သေး​သော်​လည်း ကိုယ်​တော်​ပေါ်​ထွန်း​တော်​မူ​သော​အ​ခါ ကိုယ်​တော်​ကို ပ​က​တိ​အ​ဖြစ်​တော်​အ​တိုင်း မြင်​ရ​ကြ​မည်​ဖြစ်​၍ ငါ​တို့​သည် ကိုယ်​တော်​နှင့်​တူ​ကြ​မည်​ကို ငါ​တို့​သိ​ကြ​၏။

3 ကိုယ်​တော်​၌ ဤ​သို့​မျှော်​လင့်​ထား​သော​သူ​တိုင်း​သည် ကိုယ်​တော်​သန့်​ရှင်း​စင်​ကြယ်​တော်​မူ​သည့်​နည်း​တူ မိ​မိ​ကိုယ်​ကို​သန့်​ရှင်း​စင်​ကြယ်​စေ​တတ်​၏။

4 အ​ပြစ်​ကို​ပြု​နေ​သော​သူ​တိုင်း​သည် တ​ရား​မဲ့​သော​အ​မှု​ကို​လည်း​ပြု​၏။ အ​ပြစ်​သည် တ​ရား​မဲ့​ခြင်း​ဖြစ်​၏။

5 ကိုယ်​တော်​သည် အ​ပြစ်​များ​ကို​ယူ​ဆောင်​သွား​ရန် ပေါ်​ထွန်း​တော်​မူ​ခဲ့​ကြောင်း သင်​တို့​သိ​ကြ​၏။ ကိုယ်​တော်​၌​ကား မည်​သည့်​အ​ပြစ်​မျှ​မ​ရှိ။

6 ကိုယ်​တော်​၌​တည်​နေ​သော​သူ​တိုင်း​သည် အ​ပြစ်​ပြု​နေ​ခြင်း​မ​ရှိ။ အ​ပြစ်​ပြု​နေ​သော​သူ​တိုင်း​သည် ကိုယ်​တော်​ကို​မ​သိ​မ​မြင်​ဖူး​ချေ။

7 သား​သ​မီး​တို့၊ သင်​တို့​ကို မည်​သူ​မျှ မ​လှည့်​ဖြား​စေ​နှင့်။ ကိုယ်​တော်​သည် ဖြောင့်​မတ်​တော်​မူ​သည့်​နည်း​တူ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို​ကျင့်​သုံး​သော​သူ​သည် ဖြောင့်​မတ်​၏။