ရှင်​ယော​ဟန်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 3:14-20 MSB

14 ငါ​တို့​သည် ညီ​အစ်​ကို​တို့​ကို ချစ်​ကြ​သော​ကြောင့် သေ​ခြင်း​မှ​အ​သက်​ရှင်​ခြင်း​သို့ ကူး​ပြောင်း​ပြီ​ဖြစ်​ကြောင်း ငါ​တို့​သိ​ကြ​၏။ မ​ချစ်​သော​သူ​မူ​ကား သေ​ခြင်း​၌​တည်​၏။

15 မိ​မိ​ညီ​အစ်​ကို​ကို​မုန်း​သော​သူ​တိုင်း​သည် လူ​သတ်​သ​မား​ဖြစ်​၏။ မည်​သည့်​လူ​သတ်​သ​မား​၌​မျှ ထာ​ဝ​ရ​အ​သက်​မ​တည်​ကြောင်း​ကို​လည်း သင်​တို့​သိ​ကြ​၏။

16 ခ​ရစ်​တော်​သည် ငါ​တို့​အ​တွက် မိ​မိ​အ​သက်​ကို​စွန့်​တော်​မူ​သော​ကြောင့် ငါ​တို့​သည် ထို​အ​မှု​အ​ရာ​အား​ဖြင့် ချစ်​ခြင်း​မေတ္တာ​ကို​သိ​ကြ​ရ​ပြီ။ ငါ​တို့​သည်​လည်း ညီ​အစ်​ကို​ချင်း​တို့​အ​တွက် အ​သက်​ကို​စွန့်​သင့်​၏။

17 တစ်​စုံ​တစ်​ဦး​သည် လော​ကီ​စည်း​စိမ်​ရှိ​လျက်​နှင့် မိ​မိ​ညီ​အစ်​ကို​ဆင်း​ရဲ​ချို့​တဲ့​နေ​သည်​ကို​မြင်​၍ မိ​မိ​၏​ကြင်​နာ​စိတ်​ကို​ချုပ်​တည်း​ထား​လျှင် ဘု​ရား​သ​ခင်​၏​ချစ်​ခြင်း​မေတ္တာ​သည် ထို​သူ​၌ မည်​သို့​တည်​မည်​နည်း။

18 သား​သ​မီး​တို့၊ ငါ​တို့​သည် စ​ကား​နှင့် နှုတ်​အား​ဖြင့်​သာ​မ​ဟုတ်​ဘဲ လုပ်​ဆောင်​မှု​နှင့် သမ္မာ​တ​ရား​တို့​အား​ဖြင့် ချစ်​ကြ​ကုန်​စို့။

19 ဤ​သို့​ဖြင့် ငါ​တို့​သည် သမ္မာ​တ​ရား​နှင့်​စပ်​ဆိုင်​သော​သူ​ဖြစ်​ကြောင်း​ကို​သိ​ကြ​၍ ဘု​ရား​သ​ခင်​ရှေ့​တော်​၌ ငါ​တို့​၏​စိတ်​နှ​လုံး​ကို ငြိမ်​သက်​စွာ​ရှိ​စေ​ကြ​လိမ့်​မည်။

20 ငါ​တို့​၏​စိတ်​နှ​လုံး​သည် ငါ​တို့​ကို​အ​ပြစ်​တင်​ခဲ့​လျှင်​လည်း ဘု​ရား​သ​ခင်​သည် ငါ​တို့​၏​စိတ်​နှ​လုံး​ထက် ကြီး​မြတ်​တော်​မူ​သည်​ဖြစ်​၍ အ​လုံး​စုံ​တို့​ကို​သိ​တော်​မူ​၏။