ရှင်​ယော​ဟန်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 4:8-14 MSB

8 ချစ်​ခြင်း​မေတ္တာ​မ​ရှိ​သော​သူ​သည် ဘု​ရား​သ​ခင်​ကို​မ​သိ။ အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​သည် ချစ်​ခြင်း​မေတ္တာ​ဖြစ်​တော်​မူ​၏။

9 ငါ​တို့​သည် သား​တော်​အား​ဖြင့် အ​သက်​ရှင်​ကြ​စေ​ရန် ဘု​ရား​သ​ခင်​သည် မိ​မိ​၏​တစ်​ပါး​တည်း​သော​သား​တော်​ကို ဤ​လော​က​သို့ စေ​လွှတ်​တော်​မူ​၏။ ဤ​သို့​ဖြင့် ဘု​ရား​သ​ခင်​၏​ချစ်​ခြင်း​မေတ္တာ​တော်​သည် ငါ​တို့​၌ ထင်​ရှား​၏။

10 ငါ​တို့​သည် ဘု​ရား​သ​ခင်​ကို​ချစ်​ခဲ့​သည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​က​သာ ငါ​တို့​ကို​ချစ်​တော်​မူ​၍ ငါ​တို့​၏​အ​ပြစ်​များ​အ​တွက် အ​သ​နား​ခံ​ခြင်း​ပူ​ဇော်​သက္ကာ​အ​ဖြစ် မိ​မိ​၏​သား​တော်​ကို စေ​လွှတ်​တော်​မူ​၏။ ဤ​အ​မှု​အ​ရာ​၌ ချစ်​ခြင်း​မေတ္တာ​ရှိ​၏။

11 ချစ်​ရ​သော​သူ​တို့၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ဤ​မျှ​လောက်​ချစ်​တော်​မူ​လျှင် ငါ​တို့​သည်​လည်း အ​ချင်း​ချင်း​ချစ်​သင့်​၏။

12 ဘု​ရား​သ​ခင်​ကို မည်​သူ​မျှ မ​မြင်​ဖူး​သော်​လည်း ငါ​တို့​အ​ချင်း​ချင်း​ချစ်​ကြ​လျှင် ဘု​ရား​သ​ခင်​သည် ငါ​တို့​၌​တည်​တော်​မူ​၍ ကိုယ်​တော်​၏​ချစ်​ခြင်း​မေတ္တာ​သည် ငါ​တို့​၌​ပြည့်​စုံ​၏။

13 ဘု​ရား​သ​ခင်​သည် မိ​မိ​၏​ဝိ​ညာဉ်​တော်​ကို ငါ​တို့​အား​ပေး​တော်​မူ​သော​ကြောင့် ငါ​တို့​သည် ဘု​ရား​သ​ခင်​၌​တည်​၍ ဘု​ရား​သ​ခင်​သည်​လည်း ငါ​တို့​၌​တည်​တော်​မူ​ကြောင်း​ကို ငါ​တို့​သိ​ကြ​၏။

14 ခ​မည်း​တော်​သည် သား​တော်​ကို လော​က​၏​ကယ်​တင်​ရှင်​အ​ဖြစ် စေ​လွှတ်​တော်​မူ​ခဲ့​သည်​ကို ငါ​တို့​မြင်​၍ သက်​သေ​ခံ​ကြ​၏။