ဟေ​ဗြဲ 1:8-14 BCL

8 သို့​ရာ​တွင်​သား​တော်​အား​မိန့်​တော်​မူ​သော အ​ခါ​၌​ကိုယ်​တော်​က၊``အို ဘု​ရား​သ​ခင်၊ကိုယ်​တော်​၏​နိုင်​ငံ​တော်​သည် ကာ​လ​အ​စဉ်​တည်​လိမ့်​မည်။ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​လူ​စု​တော်​အား တ​ရား​မျှ​တ​စွာ​အုပ်​စိုး​ပါ​၏။

9 ကိုယ်​တော်​သည်​အ​မှန်​ကို​နှစ်​သက်​တော်​မူ​၍ အ​မှား​ကို​မုန်း​တော်​မူ​ပါ​၏။ထို့​ကြောင့်​ကိုယ်​တော်​၏​ဘု​ရား​တည်း​ဟူ​သော ဘု​ရား​သ​ခင်​သည်ကိုယ်​တော်​အား​ရွေး​ချယ်​၍​ကိုယ်​တော်​၏ အ​ပေါင်း​အ​ဖော်​တို့​ထက်​ပို​မို​ချီး​မြှင့်​ကာရွှင်​လန်း​ဝမ်း​မြောက်​ခွင့်​ကို​ပေး​တော်​မူ​ပေ​သည်''ဟု​မိန့်​တော်​မူ​၏။-

10 ထို​နောက်​ကိုယ်​တော်​က၊``အို ထာ​ဝ​ရ​ဘု​ရား​ရှင်၊ကိုယ်​တော်​သည်​အ​စ မူ​လ​က ကမ္ဘာ​မြေ​ကြီး​ကို​ဖန်​ဆင်း​တော်​မူ​ပါ​၏။ကိုယ်​တော်​တိုင်​လက်​တော်​ဖြင့်​မိုး​ကောင်း​ကင်​ကို ဖန်​ဆင်း​တော်​မူ​ပါ​၏။

11 ထို​အ​ရာ​တို့​သည်​ယို​ယွင်း​ပျက်​စီး​သွား ကြ​မည်​ဖြစ်​သော်​လည်း၊ကိုယ်​တော်​ရှင်​မူ​ကား​အ​မြဲ​တည်​တော်​မူ​ပါ​၏။ထို​အ​ရာ​အား​လုံး​သည်​အ​ဝတ်​အ​ထည်​များ ကဲ့​သို့ ဟောင်း​နွမ်း​ကြ​လိမ့်​မည်။

12 ကိုယ်​တော်​ရှင်​သည်​ဝတ်​လုံ​အင်္ကျီ​ကို​လိပ်​သ​ကဲ့​သို့ ထို​အ​ရာ​များ​ကို​လိပ်​တော်​မူ​လိမ့်​မည်။ထို​အ​ရာ​များ​သည်​အ​ဝတ်​အ​ထည်​များ​ကဲ့​သို့ ပြောင်း​လဲ​လိမ့်​မည်။သို့​ရာ​တွင်​ကိုယ်​တော်​မူ​ကား​ပြောင်း​လဲ​တော် မ​မူ​ပါ။အ​သက်​တော်​သည်​ကုန်​ဆုံး​လိမ့်​မည်​မ​ဟုတ်​ပါ'' ဟု​မိန့်​တော်​မူ​၏။

13 ဘု​ရား​သ​ခင်​က၊``သင့်​ရန်​သူ​များ​ကို​သင်​၏​ခြေ​ဖ​ဝါး​အောက်​သို့ ငါ​မ​ရောက်​စေ​မီ​ကာ​လ​အ​တွင်း၊ငါ​၏​လက်ယာ​ဘက်​တွင်​ထိုင်​နေ​လော့''ဟု​အ​ဘယ်​ကောင်း​ကင်​တ​မန်​ကို​မျှ​မိန့်​တော် မ​မူ​ခဲ့​ဘူး​ပါ။

14 ထို​သို့​ဖြစ်​ပါ​မူ၊ ကောင်း​ကင်​တ​မန်​များ​မှာ အ​ဘယ်​သို့​သော​သူ​များ​နည်း။ သူ​တို့​သည် ကယ်​တင်​ခြင်း​ခံ​ရ​မည့်​သူ​တို့​အား​ကူ​ညီ မ​စ​ရန် ဘု​ရား​သခင်​စေ​လွှတ်​တော်​မူ​သည့် အ​စေ​ခံ​ဝိ​ညာဉ်​များ​ဖြစ်​ပေ​သည်။