ဟေ​ဗြဲ 3:8-14 BCL

8 ခေါင်း​မ​မာ​ကြ​နှင့်။ သင်​တို့​ဘိုး​ဘေး​များ​သည် ကိုယ်​တော်​အား​ပုန်​ကန်​၍တော​ကန္တာ​ရ​တွင်​ကိုယ်​တော်​ကို​အ​ကဲ​စမ်း​ကြ​၏။သူ​တို့​ခေါင်း​မာ​ကြ​သ​ကဲ့​သို့​သင်​တို့​ခေါင်း မ​မာ​ကြ​နှင့်။

9 သင်​တို့​ဘိုး​ဘေး​များ​သည်​အ​နှစ်​လေး​ဆယ်​တိုင် တိုင်ငါ​ပြု​တော်​မူ​သော​အ​မှု​ကို​တွေ့​မြင်​ခဲ့​သော်​လည်း ငါ့​ကို​ဆန့်​ကျင်​၍​အ​ကဲ​စမ်း​ကြ​၏။

10 သို့​ဖြစ်​၍​ငါ​သည်​သူ​တို့​အား​အ​မျက်​ထွက် သြဖင့် `သူ​တို့​သည်​အ​စဉ်​သစ္စာ​ဖောက်​ကြ​၏။ငါ​၏​အ​မိန့်​တော်​များ​ကို​မ​လိုက်​နာ​ကြ' ဟု ငါ​ဆို​၏။

11 ငါ​သည်​အ​မျက်​ထွက်​သ​ဖြင့်`သူ​တို့​သည် အ​ဘယ်​အ​ခါ​၌​မျှငြိမ်​ဝပ်​ရာ​ချမ်း​သာ​ကို​ခံ​စား​ရန်၊ြုပည်​တော်​သို့ ဝင်​ကြ​ရ​လိမ့်​မည်​မ​ဟုတ်'ဟု​ငါ​ကျိန်​ဆို​ခဲ့​၏။''

12 ယုံ​ကြည်​သူ​ညီ​အစ်​ကို​တို့၊ အ​သက်​ရှင်​တော် မူ​သော​ဘု​ရား​သ​ခင်​ကို​ကျော​ခိုင်း​သွား​သည် တိုင်​အောင် ဆိုး​ညစ်​ယုံ​မှား​တတ်​သူ​တစ်​စုံ​တစ် ယောက်​မျှ​သင်​တို့​တွင်​မ​ရှိ​စေ​ရန်​သ​တိ​ပြု ကြ​လော့။-

13 သင်​တို့​သည်​အ​ပြစ်​ဒု​စ​ရိုက်​၏​လှည့်​စား​မှု​ကို ခံ​ရ​ကာ​ခေါင်း​မ​မာ​ကြ​စေ​ရန် ကျမ်း​စာ​တွင် ဖော်​ပြ​သည့်`ယ​နေ့' ဟူ​သော​စ​ကား​ရပ်​သည် ငါ​တို့​နှင့်​ဆိုင်​သ​မျှ​ကာ​လ​ပတ်​လုံး​နေ့​စဉ် နေ့​တိုင်း အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ် ယောက်​ကူ​ညီ​မ​စ​ရ​မည်။-

14 ငါ​တို့​သည်​အ​စ​က​ကဲ့​သို့​အ​ဆုံး​တိုင်​အောင် ခိုင်​မြဲ​စွာ​ယုံ​ကြည်​စိတ်​ချ​မှု​ရှိ​ကြ​ပါ​လျှင် ခ​ရစ်​တော်​နှင့်​အ​တူ​တွဲ​ဖက်​လုပ်​ဆောင်​သူ များ​ဖြစ်​ကြ​၏။