ဟေ​ဗြဲ 5:1-4 BCL

1 ယဇ်​ပု​ရော​ဟိတ်​မင်း​မည်​သည်​ကား​အ​ပြစ် ဖြေ​ရာ​ယဇ်​နှင့် ပူ​ဇော်​သ​ကာ​များ​ကို​ဆက်​သ ရန်​အ​တွက် လူ​တို့​၏​ကိုယ်​စား​ဘု​ရား​သ​ခင် ၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​ရန် ရွေး​ချယ်​ခန့် ထား​ခြင်း​ခံ​ရ​သူ​ဖြစ်​၏။-

2 သူ​ကိုယ်​တိုင်​၌​ပင်​လျှင်​အား​နည်း​ချက်​အ​မျိုး မျိုး​ရှိ​သ​ဖြင့် အ​သိ​ပ​ညာ​ကင်း​မဲ့​၍​မှား​ယွင်း သူ​တို့​အား​ကိုယ်​ချင်း​စာ​တ​ရား​ထား​နိုင်​၏။-

3 သူ​ကိုယ်​တိုင်​အား​နည်း​ချက်​ရှိ​သော​ကြောင့် အ​ပြစ်​ဖြေ​ရာ​ယဇ်​ကို​လူ​တို့​၏​အ​တွက် သာ​မ​က မိ​မိ​၏​အ​တွက်​လည်း​ဆက်​သ ရ​ပေ​သည်။-

4 အ​ဘယ်​သူ​မျှ​မိ​မိ​ကိုယ်​ကို ယဇ်​ပု​ရော​ဟိတ် မင်း​အ​ဖြစ်​ဖြင့်​မ​ခန့်​ထား​နိုင်။ ဘု​ရား​သ​ခင် သည်​အာ​ရုန်​အား ယဇ်​ပု​ရော​ဟိတ်​မင်း​အ​ဖြစ် ခန့်​ထား​တော်​မူ​သ​ကဲ့​သို့ ကိုယ်​တော်​၏​ရွေး ကောက်​ခန့်​ထား​ခြင်း​ခံ​ရ​မှ​သာ​လျှင် ယဇ် ပု​ရော​ဟိတ်​မင်း​ဖြစ်​နိုင်​ပေ​သည်။